တရုတ်နိုင်ငံသို့ တင်ပို့လျှက်ရှိတဲ့ မြန်မာ့ပို့ကုန်များအနက် လက်ရှိတရုတ်နိုင်ငံဘက်မှ ခွင့်ပြုထားသည့်ကုန်စည်များ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ အပါ အဝင် သစ်သီးဝလံများအား တင်ပို့လျက်ရှိပြီး အဓိကအားဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ သခွားမွှေး ၊ သရက်သီး၊ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ ချဉ်ပေါင်ဖာလာ၊ ဝဥနှင့် ဇီးသီးခြောက်တို့ အများဆုံး တင်ပို့လျက်ရှိပါသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ Administration of Quality Supervision, Inspection and Quarantine- AQSIQ) အဖွဲ့မှ မြန်မာနိုင်ငံအနေဖြင့် မင်းဂွတ်သီး၊ Longan(တောကြက်မောက်သီး)၊ ကြက်မောက်သီး၊ လိုင်ချီးသီးစသည်တို့အား ပင်လယ်ရေကြောင်းနှင့် နယ်စပ်(၂)မျိုးလုံး မှလည်းကောင်း၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဇီးသီးများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့ဂိတ်ပေါက်(၂)ခု မှလည်းကောင်း တရားဝင် တင်ပို့နိုင် ကြောင်း ထုတ်ပြန်ထားခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒအရ ကုန်စည်များအား အမျိုးအမည်အလိုက် တရားဝင်ခွင့်ပြုထားသည့် နယ်စပ်ဝင်ပေါက်များမှသာ လက်ခံခြင်းဖြစ်၍ ခွင့်မပြုသည့် နယ်စပ်ပေါက်များမှတရားဝင် တင်ပို့ရာတွင် ခက်ခဲလျက်ရှိခြင်းကြောင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းဖြင့် မူဆယ်-ရွှေလီနှင့် မိုင်းလား-တာလော့ဂိတ်ပေါက်(၂)ခုမှသာ တရားဝင် တင်ပို့ခွင့်ပြုထားသော သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဇီးသီးစသည့် သစ်သီး (၄) မျိုးအား မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဝင်ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိသည့် မူဆယ်-ရွှေလီ၊ ချင်းရွှေဟော်-မိန့်တိန်၊ ကန်ပိုက်တီ - ဟိုချောင်၊ လွယ်ဂျယ်-ကျန်းဖုန်းစသည့် နယ်စပ်ဂိတ် များမှ တရားဝင် တိုးမြှင့်တင်ပို့ခွင့်ရရှိရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံး မှတစ်ဆင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ ( GACC ) နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ရာ တရုတ်နိုင်ငံဘက်မှ အဆိုပါသစ်သီး (၄) မျိုးအား မူဆယ်-ရွှေလီနှင့် (မိုင်းလား) တာလော့ဂိတ်(၂) ခုမှသာ တင်သွင်းခွင့်ပြုသည့်ကန့်သတ်ချက်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့တွင် ပယ်ဖျက်ပေးခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ((၈)ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လာသည့်စာအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ Traditional Trade ဖြင့် တင်ပို့ခွင့်ပြုထားသည့်သစ်သီး(၈)မျိုးမှာမင်းဂွတ်သီး၊Longan(တောကြက်မောက်သီး)၊ ကြက်မောက် သီး၊ လိုင်ချီးသီး၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဇီးသီး တို့ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် ခွင့်ပြုချက်ရရှိခဲ့သည့် အေးခဲစားနပ်ရိက္ခာ(၁)မျိုးမှာ အေးခဲပြောင်းဖူးချိုဖြစ်ပြီး အေးခဲရေထွက်ပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 
အထက်ဖော်ပြပါ ကုန်စည်များအား ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း လုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီများစာရင်းအား ပေးပို့ပါရန်နှင့် အဆိုပါစာရင်းအား မှတ်တမ်းရေးသွင်းထား မည်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံဘက်မှအဆိုပါလုပ်ငန်းကုမ္ပဏီများကို အချိန်မရွေးပြန်လည် စစ်ဆေးရန်နှင့်လုပ်ငန်းကုမ္ပဏီပြောင်းလဲခြင်းများကို တရုတ်နိုင်ငံသို့ အကြောင်းကြားရမည် ဖြစ်ပါသည်။
ထို့အပြင် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းလာသောသစ်သီးများအား ကူးစက်ရောဂါပိုးမွှားများ စစ်ဆေးခြင်းကို အကောက်ခွန်ရုံးမှ ကြီးကြပ်စီမံခန့်ခွဲရေးသတ်မှတ်ချက်များနှင့် ကိုက်ညီသော သတ်မှတ်နေရာများတွင် ဆောင်ရွက်ရပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဟိုချောင်(Hou Qiao)၊ မိန်းတိန် (Meng Ding)နှင့် ကျန်းဖုန်း (Zhang Feng) ဂိတ်များအနက် ဟိုချောင်(Hou Qiao)နှင့် ကျန်းဖုန်း (Zhang Feng) ဂိတ်များတွင် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် သစ်သီးများအတွက် ကြီးကြပ်စီမံခန့်ခွဲသည့် နေရာများရှိပြီး ဝမ်တိန်(Wan Ding) ဂိတ်တွင် လည်းရှိကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသော မြန်မာနိုင်ငံထွက် သစ်သီးများအနေဖြင့် ဟိုချောင် (Hou Qiao)၊ ဝမ်တိန် (Wan Ding) နှင့် ကျန်းဖုန်း (Zhang Feng) ဂိတ်များတွင် ကူးစက်တတ်သော ရောဂါပိုးမွှားများ စစ်ဆေးခြင်းကို ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။
သန်းသန်းနိုင် (နှစ်နိုင်ငံ)
Source - စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဆက်စပ်မေးခွန်းများ
ဘက်တီးရီးယားဆေးကော့ပါးပတ်ပြီးဘယ်နှစ်ရက်နေရင်အောက်ဆေးပုလဲပိုတက်ကျွေးရလဲခဗျ
kyaw zin • ဖြေကြားချက် 1 ခု
ဂျီဗာမရုသမ်ဆေးရည်ပြုလုပ်ရာမှာ ၁ဧကစာ ၂၀၀ လီတာဖော်စပ်ရမယ်လို့ သိရပါတယ် အဲဒါက ရေမရောပဲ ဖြန်းရတာလား ကြက်သွန်နီအတွက် လီတာ ၃၀၀ လုပ်ထားပါတယ် မြေခံအတွက် ဖြန်းချင်ပါတယ် ရေရောရမှာလား မရောရဘူးလား သိပါရစေဆရာတို့
Khing Hein • ဖြေကြားချက် 2 ခု
စပါးပင်က အမြစ်ပုတ်တာလားရွက်ခြောက်လားခွဲမရလို့ သိရင် ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 0 ခု
နှမ်းစျေး သိချင်ပါတရ်
htoo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?
စောတိုးသူဝင်း • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....