မေးခွန်းလေးတွေဖြေရင်း....ဆုလက်ဆောင်တွေ ရယူကြမယ်

05/01/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဟိတ်...အဖြေပေး...

မေတ္တာဖုန်းဘေလ်လေးတွေ ပေးချင်လို့...

အဖြေပေးရမယ့်နေရာလေးကတော့..

အစိမ်းရောင်လမ်းဆော့ဝဲထဲမှာရှိတဲ့ အဖွဲ့လေးတွေမှာပါရှင့်..

အဖွဲ့တွေက ၈ ဖွဲ့တောင်ရှိတယ်..

အာ့ထဲမှာ မေးခွန်းလွယ်လွယ်လေးတွေ မေးထားမှာ...

ကြိုက်တဲ့ထဲဝင်ဖြေ..မှန်တဲ့သူတွေထဲက...

၃ ယောက်ရွေးပြီး...ဖုန်းဘေလ်လေးတွေ ပေးသွားဦးမှာ..

(မေးခွန်းတစ်ခါမေး တစ်ခါပေးပါနော်..)

မကြာမကြာမေးနေမှာ..မပူနဲ့...

ဆိုတော့... လက်မလွတ်ရစေဖို့ Gp လေးတွေထဲဝင် စောင့်သာကြည့်နေကြနော်... 

အဖွဲ့ဝင်နည်းလေးကို ပြောပြရရင်..

ပထမဦးဆုံး ဆော့ဝဲရဲ့ အောက်ဘားတန်းမှာရှိတဲ့ Gp icon ပုံလေးကို နှိပ်..

ကြိုက်တဲ့ အဖွဲ့ ထဲကို Join လိုက်ရုံပဲ..

(ပုံလေးတွေထဲမှာလည်း ပြပေးထားပါတယ်)

ဖုန်းဘေလ်လည်းရ...ဝါသနာတူ..အလုပ်တူ...ဘော်ဒါတွေနဲ့ 

နည်းပညာ...ဗဟုသုတတွေပါ ဆွေးနွေးလို့ ရနေမဲ့ စူပါဂရုတွေပါနော်..

ဂျွိုင်းလိုက်ကြစို့...သူငယ်ချင်းတို့ရေ........

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်