ဝက်စာဈေးတွေကြီးနေချိန် ကိုယ်တိုင်ပြုလုပ်နိုင်မယ့် စရိတ်သက်သာ ဝက်အစာ စပ်နည်းများ

14/03/2022 14:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 မြန်မာနိုင်ငံမှာ ဝက်ကိုစီးပွားဖြစ်ရော၊ တစ်နိုင်တစ်ပိုင်ပါ မွေးမြူသူတွေ များလှပါတယ်။ ယခုကာလမှာ ကုန်စျေးနှုန်းမြင့်မားတာကြောင့် မွေးမြူရေးသမားတွေ အစာစရိတ်ကုန်ကျမှုများစွာ ကြုံနေရပါတယ်။ ဒါကြောင့် ဝက်စာကို အိမ်မှာပဲပြုလုပ်ပြီး စရိတ်ချွေတာနိုင်မယ့်နည်းလေးတွေကို ပြောပြပေးပါမယ်ခင်ဗျ။

မျိုးဝက်နဲ့ နို့တိုက်ဝက်များအတွက် အာဟာရပြည့် ဝက်စာစပ်နည်း

ဆန်ကွဲ - ၄၀ ပိဿာ ၅၀ ကျပ်သား

ဖွဲနု - ၄ ပိဿာ

ဂျုံဖွဲ - ၂ ပိဿာ

ငါးခြောက်မှုန့် - ၉ ပိဿာ

မြေပဲဖတ် - ၇၄ ကျပ်သား

နှမ်းဖတ် - ၁ ပိဿာ

စပါးခွံ - ၁ ပိဿာ

ပြောင်း - ၁၂ ပိဿာ ၉၅ ကျက်သား

ငါးပေါင်း 55% glaxy - ၄ ပိဿာ ၅၀ ကျပ်သား

ပွိုင့်မှုန့် - ၅ ပိဿာ

ကုလားပဲခွံ - ၁ ပိဿာ

ပီလောပီနံမှုန့် - ၈ ပိဿာ

ပဲပုတ်စေ့လှော်မှုန့်- ၈ ပိဿာ

ဖောက်ထုံး - ၁ကျပ်သား

ဆား - ၂၀ ကျပ်သား

အားဆေးမှုန့် - ၅၀ ကျပ်သား

မီသီအိုနင်း - ၅၀ ကျပ်သား

ဒိုင်ကယ်လ်စီယမ်ဖော့စဖိတ်- ၁ ပိဿာ ၁၀ ကျပ်သားတို့ကို

အထက်ပါအချိုးအစားတိုင်းရောစပ်ပြီး ကျွေးနိုင်ပါတယ်။

 

စရိတ်သက်သာတဲ့ ဝက်စာပြုလုပ်နည်း

ပီလောပီနံ -၁၀ ကီလိုဂရမ်

ဖွဲနု - ၁၅ ကီလိုဂရမ်

ထမင်းဖြူ -၁ ကီလိုဂရမ်

ငါး(သို့မဟုတ်) ခရုနှပ်ရည် - ၁လီတာ

 

ပြုလုပ်နည်း

၁။ ကုန်ကြမ်းအားလုံးကို ရောစပ်ပြီး သမအောင် မွှေပေးပါ။

၂။ မွှေပြီးရင် လက်ဖြင့်အတုံးလေးများဖြစ်အောင် ဆုပ်ပေးပါ။

၃။ ထိုအလုံးလေးများကို လေသလပ်ခံပြီး အခြောက်လှမ်းပါ။

၄။ ခြောက်ပါက ဝက်စာအဖြစ်ကျွေးမွေးနိုင်ပါပြီ။

ဒီလို ပြုလုပ်ထားတဲ့ဝက်စာကိုတော့ ဘယ်လိုဝက်အမျိုးအစားကိုမဆို ကျွေးမွေးနိုင်ပါတယ်။ 

 

အထက်ပါနည်းအပြင် နေဗီယာမြက်ကိုလည်း ကုန်ကျစရိတ်သက်သာစေမယ့် ဝက်စာအဖြစ် အစားထိုးကျွေးနိုင်ပါတယ်။ နေဗီယာမြက်ကို ကျွေးမယ်ဆိုရင် အစာကြမ်းအနေဖြင့်ရော၊ ချဥ်ဖတ်သိပ်ပြီးရော၊ တခြားအစာနဲ့ ရောစပ်၍ရော  အဆင်ပြေသလို ကျွေးနိုင်ပါတယ်။

ဒီတော့ အခုလို ဝက်စာဈေးတွေကြီးနေချိန်မှာ အထက်ပါနည်းလေးတွေနဲ့ ကိုယ်တိုင်လုပ်ဝက်စာတွေကို ပြုလုပ်ကျွေးမွေးခြင်းဖြင့် ဝက်မွေးမြူသူများ အစာစရိတ်သက်သာပြီး စီးပွားရေး တွက်ချေကိုက်ကြပါစေဗျ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်