အရေးကြီးလာပြီဖြစ်သော ရိတ်သိမ်းချိန်လွန်နည်းပညာ (၂/၂)

15/01/2018 14:06 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဟင်းသီးဟင်းရွက်သစ်သီးဝလံများ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက် တလျှောက်ရှိ လုပ်ငန်းစဉ်များကို နောင်လာမည့်နှစ်များတွင် တစ်နှစ်ထက် တစ်နှစ် နှစ်စဉ် တင်ပို့လုပ်ကိုင် သွားရမည့်လုပ်ငန်း ဖြစ်သကဲ့သို့ စျေးနှုန်း ကိုယ့်စိတ်ကြိုက် ရောင်းချနိုင်စေရန်လည်း စိုက်ပျိုးရေး နည်းစနစ်ကောင်းများဖြင့် ဆောင်ရွက်သွား ရမည် ဖြစ်ပါသည်။ ထို့အပြင် လုပ်ငန်း အောင်မြင်ရေး အတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၊ တင်ပို့ရောင်းချသူများ အနေနှင့်လည်း လုပ်ငန်းအောင်မြင်ရေး၊ အရည်အသွေးမီ သီးနှံများ တင်ပို့နိုင်ရေး၊ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရေး၊ အန္တရာယ် ကင်းသော သီးနှံ ထုတ်လုပ်နိုင်ရေး တို့အတွက်၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ၊ ခေတ်မီကိုင်တွယ် နည်းစနစ်များ၊ ထုတ်ပိုးနည်းစနစ်များ၊ သိုလှောင်မှုနည်းပညာများ၊ အဆင့်အတန်း ခွဲခြားခြင်းနည်း ပညာများ၊ ပိုးမွှားရောဂါ ကာကွယ်ရေး နည်းပညာများ စသည့် လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုက်နာရန် အရေးကြီးပါသည်။ ထိုသို့ လိုက်နာဆောင်ရွက်နိုင်ပါမှ မိမိတို့၏ သီးနှံများ လေလွင့်ဆုံးရှုံးမှု နည်းကာ အရည် အသွေးကောင်း၍ စျေးကောင်းရရှိမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် သီးနှံအမျိုးမျိုး၏ ရိတ်သိမ်းပြီးနောက်ပိုင်း ခန့်မှန်းခြေ ဆုံးရှုံးမှု များမှာ ပျှမ်းမျှ (၄ မှ ၄၀)% အထိရှိပါသည်။ လက်ရှိအခြေအနေတွင် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများသည် နေရာဒေသ ၊ သီးနှံမျိုးကွဲများနှင့် ရာသီတုအခြေအနေ အချိန်အခါ များပေါ် မူတည်၍ကွဲပြားပါသည်။ သီးနှံအမျိုးမျိုး၏ ရိတ်သိမ်းစဉ်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ဆုံးရှုံးမှုများကို ရိတ်သိမ်းချိန်၊ သယ်ယူပို့ဆောင်ချိန်၊ ခြောက်သွေ့ချိန်၊ ချွေလှေ့ချိန်၊ သိုလှောင်ချိန်၊ လက်လီလက္ကား ကုန်သည်ပွဲစားများ ကိုင်တွယ်ချိန်များတွင် တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ ဆုံးရှုံးမှုများမှာ (၄၀ မှ ၅၀)% အထိရှိပြီး စပါးတွင် (၅.၆ မှ ၂၀.၉)% နှင့် ပဲမျိုးစုံတွင် (၄.၆ မှ ၆.၆)% အသီးသီးရှိပါသည်။

 

 

လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ရိတ်သိမ်းချိန်လွန်လုပ်ငန်းစဉ်တွင် ပါဝင် သူများသည် အသိရှိရှိ သတိမြဲမြဲဖြင့် မိမိထုတ်ကုန် သီးနှံများကို အောက်ပါ အတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်။

  • (၁) ရိတ်သိမ်းချိန်တွင် မိမိသီးနှံအလိုက် အလေအလွင့်အနည်းဆုံး ဖြစ်စေရန် စီမံဆောင်ရွက်ပါ။
  • (၂) မိမိသီးနှံအလိုက် ရိတ်သိမ်းပြီးနောက်ပိုင်း စျေးကွက်မပို့ခင် အချိန် အရိပ်အောက် တွင် စနစ်တကျ ထားသိုပါ (အခင်းအကာလုပ်နိုင်က ပိုကောင်းပါသည်။)
  • (၃) မိမိသီးနှံအလိုက် သင့်တော်သော ရွေးချယ်ခြင်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
  • (၄) မိမိသီးနှံအလိုက် သင့်တော်သည့် ထုပ်ပိုးပုံစံများဖြင့် ထုပ်ပိုးပါ(ထုပ်ပိုးရာတွင် လည်း ထုပ်ပိုးခြင်းစနစ်ကို လိုက်နာဆောင်ရွက်ပါ၊ ထုပ်ပိုးသည့်လုပ်သားများကို လည်း ကျွမ်းကျင်သည့်လုပ်သားများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် စီမံပေးပါ)။
  • (၅) သယ်ဆောင်ရာတွင် လှည်းများ၊ ထော်လာဂျီများ၊ ကားဖြင့် သယ်ဆောင်ခြင်း၊ အချို့နေရာများတွင် ဆိုင်ကယ်ဖြင့်သယ်ဆောင်ခြင်း ရှိကြပါသည်။ ဝန်နှင့်အား မျှတစွာ သယ်ဆောင်ပါ သီးနှံများ ရောနှော သယ်ဆောင်ခြင်း၊ အထပ်ထပ် ဖိနှိပ် သယ်ဆောင် ခြင်း၊ ပြစ်ချခြင်းများ မပြုလုပ်မိစေရန် စီမံဆောင်ရွက်ပါ။
  • (၆) မိမိသီးနှံအလိုက် ရောင်းချရန် စျေးကွက်ပို့ပြီး ကျန်ရှိနေသည့် သီးနှံ အနည်းငယ် ထိခိုက်သည့် သီးနှံများကို ပြုပြင်မွမ်းမံသည့် တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်ခြင်း ဖြင့်လည်း ဆုံးရှုံးမှုကိုကာကွယ်စေပါသည်။ (ဥပမာ- သရက်ပြင်၊ သရက်ခြောက်၊ ကြက်သွန်ခြောက်၊ ဖရဲသီးဖျော်ရည်၊ သခွားမွှေးသီးယို) စသည်ဖြင့် ဆောင်ရွက်နိုင်ပါ သည်။ 

ထပ်မံ၍ ဟင်းသီးဟင်းရွက်သစ်သီးဝလံများ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက် တလျှောက် လေလွင့်ဆုံးရှုံးမှုရော့နည်းစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်း သိစေချင်ပါသည်။ ၎င်းတို့မှာ

  • ၁။ ရာသီဥတုအေးသောအချိန်တွင် ခူးဆွတ်ခြင်း
  • ၂။ ဂရုတစိုက် ခူးဆွတ်ခြင်း
  • ၃။ သယ်ယူပို့ဆောင်စဉ်ကာလအတွင်း ဂရုတစိုက် ဆောင်ရွက်ခြင်း/ သယ်ယူပို့ဆောင် သည့် စနစ်ကောင်းအောင် ဆောင်ရွက်ခြင်း
  • ၄။ ရာသီဥတုအေးသောအချိန်တွင် သီးနှံစုဆောင်းခြင်း
  • ၅။ ထုတ်ပိုးစနစ်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း
  • ၆။ သိုလှောင်သောနေရာတွင် အစိုဓါတ်ရှိအောင်ဆောင်ရွက်ခြင်း
  • ၇။ တကိုယ်ရေသန့်ရှင်းမှုရှိအောင် ဆောင်ရွက်ခြင်း
  • ၈။ စားသုံးသူများ လိုအပ်သလိုဝယ်ယူခြင်းနှင့် စားသုံးသူများ အရည်အသွေးကောင်း သီးနှံများ ဝယ်ယူသုံးစွဲခြင်း တို့ဖြစ်ပါသည်။

ရောင်းဝယ်ဖောက်ကားစဉ်ထိခိုက်ဒါဏ်ရာရရှိခြင်း

ရိတ်သိမ်းချိန်လွန်နည်းပညာ လုပ်ငန်းစဉ်များကို ယခင်က စပါးနှင့် နှံစားသီးနှံ များ၊ ပဲမျိုးစုံတို့အတွက် စီးပွားကူးသန်း ဝန်ကြီးဌာန မှ တာဝန်ယူဆောင်ရွက် ခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည့် ကိုရီးယားနိုင်ငံ (KOICA) အထောက်အပံ့ဖြင့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ကျောင်းကို ၂၀၁၄ ဒီဇင်ဘာ ၂၃ရက်နေ့ ကဖွင့်လှစ်ခဲ့ပြီး ရိတ်သိမ်းချိန်လွန် လုပ်ငန်းစဉ် တွင် ပါဝင်သူများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျှက်ရှိကြောင်းလည်း သိရှိရပါ သည်။

သို့ပါသောကြောင့် စိုက်ပျိုးထုတ်လုပ်သူများ၏ မိသားစု ဝင်ငွေတိုးမြင့်စေ၍ ဆင်းရဲနွမ်းပါမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်ရာတွင် မိမိတို့ဘက်မှလည်း တတ်စွမ်းသမျှ ပါဝင်၍ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ အရင်းအနှီး (ချေးငွေ/ အထောက်အပံ့ရရှိမှု)၊ နည်းပညာ ပြောင်းလဲကျင့်သုံးမှု၊ စျေးကွက်ခိုင်မာမှု၊ ထုတ်ကုန်အရည်အသွေးမြင့်မားမှု စသည့်လိုအပ်ချက်များကို နိုင်ငံတော်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအားလုံး ညီညွတ်စွာဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း စိုက်ပျိုးရေး လုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေတိုးတက်အောင် ဆောင် ရွက်၍ မိမိစီပွားရေးလုပ်ငန်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ဝါရွှေမိုးအေး

ကျမ်းကိုးစာရင်း

  • တင်ဥမ္မာဝင်း (ဒေါက်တာ ) ၂၀၁၂ ရိတ်သိမ်းချိန်လွန်နည်း ပညာများကိုတောင်သူများ အသုံးချနိုင်မှု အခြေအနေသင်တန်းမှတ်စု လယ်/ဆည် ဝန်ကြီးဌာန၊
  • အောင်ဆန်း(စိုက်ပျိုးရေး) ၂၀၁၁ ၊ သိုလှောင်သီးနှံမပျက်စီးအောင် စနစ်တကျ သိုလှောင် (လယ်ယာစီးပွားဂျာနယ်) - အမှတ်စဉ် ၅၆၃
  • လယ်/ဆည် ဝန်ကြီးဌာန ၂၀၁၄၊ မြန်မာ GAP (ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ)

ဓာတ်ပုံ - ဝါရွှေမိုးအေး


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်