ကြက်များတွင် ဥအိမ်ပြွန် အပြင်သို့ထွက်ကျခြင်း

22/10/2021 10:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ကြက်များတွင် ဥအိမ်ပြွန် အပြင်သို့ထွက်ကျခြင်း (Prolapse of Oviduct) မှာ...

ရောဂါဖြစ်ရသည့်အကြောင်းရင်း

ကြက်မဒန်းဘဝတွင် ကိုယ်အလေးချိန် ပုံမှန်ထက်များခြင်း သို့မဟုတ် အလွန်ဝဖြိုးခြင်းကြောင့် ဖြစ်နိုင်ပါသည်။

ရောဂါဖြစ်ပွားမှု

ဥ စတင်ဥသည့်အရွယ်တွင် ဥအိမ်ပြွန်သည် အပြင်သို့ထွက်ကျပြီး ကျန်ကြက်များမှဆိတ်၍ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

ရောဂါလက္ခဏာများ

ဥအိမ်ပြွန်အပြင်သို့ထွက်နေခြင်း၊ ကြက်၏ စအိုဝပတ်လည်တွင် သွေးများရှိခြင်း၊ စအိုဝတွင် ဒဏ်ရာရှိခြင်း။

ကာကွယ်ကုသမှု

အမျှင်ဓါတ်များသည့်အစာများစပ်ကျွေးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချပါ။ ကြက်ဥ ဥနှုန်းလျော့ကျအောင် ပြုလုပ်ခြင်းဖြင့် ဖြစ်ပွားမှုနှုန်း နည်းစေပါမည်။

မှီငြမ်း-ရွှေဒင်္ဂါးကြက်ကျန်းမာရေးလက်စွဲ။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်