အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖရဲသီးတွေကြီးဖို့ ကိုင်းသင်ပေးဖို့လိုလား?

ဖရဲသီးတွေကြီးဖို့ ကိုင်းသင်ပေးဖို့လိုလား?

အထူးသဖြင့် အသီးကြီးပြီး အပင်ကတော့ နွယ်ပင်လေးဖြစ်တဲ့ ဖရဲပင်ကို အဓိက ပြောချင်ပါတယ်ဗျ။ အပင်ကို သွားတဲ့အားနဲ့ အသီးကိုသွားတဲ့အားကို ညှိပေးနိုင်ရင်တော့ အသီးချောချောတွေရမှာပါ။ မလိုအပ်တဲ့ အကိုင်းအခက်တွေကို ဖယ်ပေးမှ အသီးအတွက် အာဟာရလုံလုံလောက်လောက်ရနိုင်မှာပါ။ မြေသြဇာကျွေးရုံအပြင် ဒီလို ဂရုစိုက်တာတွေလည်း လုပ်ပေးဖို့လိုပါတယ်ဗျာ။

ဘာတွေဘယ်လို ဖယ်ရမလဲဆိုတာကိုတော့ လေ့လာကြည့်ရအောင်ပါ။

1. ဖရဲပင် သက်တမ်း ၂ လလောက် မှာ စိုက်ခင်းထဲ ကင်းလှည့်ဖို့ လိုပါပြီဗျ။ ပင်မနွယ်ပင်ကြီးကထွက်တဲ့ အသီးတွေယူတာ အကောင်းဆုံးမို့ ဘေးတက်တွေက အသီးကို ဖုံးနေလား လိုက်ကြည့်ပါ။

2. တစ်ပင်မှာ စိတ်ကြိုက်ဖြစ်တဲ့ အသီး ၂ လုံး ၃ လုံးထိပဲထားပါ။ ပိန်လိန်နေတဲ့ အသီးကင်းတွေ ဘေးတက်တွေမှာ သီးနေတတ်ပါတယ်။ မနှမြောပါနဲ့ ။အသီးရဲ့အပေါ်ကနေ ဘေးတက်တစ်ခုလုံးကို ဖယ်ပစ်လိုက်ပါ။

3. ကိုင်းခြောက်တွေတွေ့ရင် လိုက်စစ်ဆေးပြီး ခပ်ဝေးဝေးကို ပစ်ပါ။

4. နောက်အရေးကြီးတာတစ်ခုက အရွက်တွေမှာ ပေါင်ဒါမှုန့်တွေကပ်နေသလို ၊ အကွက်လိုက်ခြောက်နေတာမျိုးတွေဆို ချက်ချင်းညှပ်ထုတ်ပစ်ပါ။( ဒီနေရာမှာ အသုံးပြုတဲ့ကတ်ကြေးကို တစ်ပင်နဲ့တစ်ပင်အကူးမှာ သန့်စင်ပေးဖို့လိုပါမယ်။ မဟုတ်ရင် ရောဂါတွေပျံ့နှံသွားနိုင်လို့ပါ။)

5. နောက်ဆုံးအနေနဲ့ အသီးခူးပြီးသား အပင်တွေခြောက်လာရင် အခင်းထဲကနေ ဖယ်ပစ်လိုက်ပါတော့ဗျာ။ ရောဂါတွေ မှီခိုနေထိုင်နေတတ်တာမို့ ဂရုတစိုက်လုပ်ပေးသင့်ပါတယ်။

ဒီလိုမျိုး အပင်ကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ ဖရဲသီးချောချောကြီးတွေကို ရနိုင်မှာပဲဖြစ်ပါတယ်။

ထွန်းရာဇာ

Ref;https://www.ehow.com/how_8466705_prune-watermelon-vines.html

You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။