အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်သည် လက်ရှိတွင် ကမ္ဘာတစ်ဝန်း အားအလွန် ကောင်းနေပြီး ယခုနှစ်အကုန်၌ အလွန်အင်အားကြီးမားသည့် အယ်လ်နီညိုဖြစ်စဉ်ကို ကြုံတွေ့ရ မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလ မတိုင်မီ အထိ အယ်လ်နီညို၏ ရိုက်ခတ်မှုကို အနည်းနှင့်အများ ခံစားရနိုင်ကြောင်း သိရှိရပါသည်။
အယ်လ်နီညို ဖြစ်ပေါ်ချိန်တွင် ဒေသအလိုက် ပုံမှန်ထက် အပူချိန်မြင့်မားခြင်း၊ မိုးနည်းခြင်းနှင့် မိုးခေါင်ခြင်းတို့ ကြုံတွေ့ရနိုင်သည့်အပြင် ရာသီဥတု ဖောက်ပြန်မှုကြောင့် အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရုတ်တရက် ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ်နိုင်ပါသည်။
ထိုသို့ ရာသီဥတုအခြေအနေ မတည်ငြိမ်နိုင်သည့်အချိန်တွင် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အထူးသဖြင့် စိုက်ပျိုးရေသုံးစွဲမှု၊ သီးနှံနှင့် မျိုးရွေးချယ်မှု၊ မြေအစိုဓာတ်ထိန်းသိမ်းမှု တို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။
စိုက်ပျိုးရေကို ချွေတာသုံးစွဲရန်
အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုနည်းပါးလာနိုင်သည့်အပြင် အပူချိန်မြင့်တက်လာပါက မြေပြင်နှင့် ရေအရင်းအမြစ်များမှ ရေငွေ့ပျံဆုံးရှုံးမှု မြင့်တက်လာနိုင်သည်။ ရေရှားပါးလာပါက မြေအောက်ရေ ရယူသုံးစွဲနိုင်မှုလည်း နည်းပါးခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။
ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးတွင် ရေကို အကျိုးရှိစွာသုံးစွဲရန်နှင့် အလေအလွင့် အလဟဿမဖြစ်အောင် အသုံးပြုခြင်းသည် အရေးကြီးလာမည်ဖြစ်သည်။ ရရှိနိုင်သောရေ ပမာဏနှင့် သီးနှံ၏ရေလိုအပ်ချက်ကို ကြိုတင်တွက်ချက်ပြီး လိုအပ်သည့်အချိန်တွင် လိုအပ် သလောက်သာ ရေပေးသွင်းသင့်သည်။ အထူးသဖြင့် နွေစပါးစိုက်ပျိုးသည့်ဒေသများတွင် ရေအလုံအလောက်ရရှိရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်သဖြင့် ရေချွေတာသည့် စိုက်ပျိုးနည်း စနစ်များကို ပိုမိုအသုံးပြုရန် လိုအပ်မည် ဖြစ်ပါသည်။
နွေစပါးတွင် ရေချွေတာသည့်နည်းစနစ်များအသုံးပြုရန်
နွေစပါးစိုက်ပျိုးရာတွင် ပျိုးထောင်ပြီး ကောက်စိုက်သည့်စနစ်သည် ပျိုးခင်းပြင်ဆင်ခြင်း၊ စိုက်ခင်းတမန်းပြင်ဆင်ခြင်းနှင့် ကောက်စိုက်ပြီးပါကလည်း ရေလိုအပ်ချက်များပြားနိုင်သည်။ ထို့ကြောင့် သင့်တော်သော လယ်မြေအခြေအနေများတွင် တိုက်ရိုက်မျိုးစေ့ချစနစ် (Direct Seeding) ကို အသုံးပြုခြင်းဖြင့် ရေလိုအပ်ချက်နှင့် စိုက်ပျိုးစရိတ်အချို့ကို လျှော့ချနိုင်ပါသည်။
ထို့အပြင် ရေစိုတစ်လှည့်၊ ခြောက်တစ်လှည့် ရေထိန်းစနစ် (Alternate Wetting and Drying – AWD) ကဲ့သို့ ရေချွေတာသည့်နည်းစနစ်ကိုလည်း အသုံးပြုသင့်သည်။ AWD စနစ်တွင် လယ်ထဲ၌ အမြဲတမ်းရေပြည့်နေအောင် ထားခြင်းမပြုဘဲ သီးနှံ၏လိုအပ်ချက်နှင့် မြေအစိုဓာတ် အခြေအနေကို စောင့်ကြည့်၍ လိုအပ်သည့်အချိန်တွင် ရေပေးသွင်းခြင်း ဖြစ်သည်။ ထိုသို့ ရေကို ထိရောက်စွာ အသုံးချနိုင်ခြင်းသည် ရေရှားပါးသည့်အချိန်တွင် အထူးအရေးပါလျက်ရှိပါသည်။
သက်တမ်းတိုပြီး သင့်ဒေသနှင့်ကိုက်ညီသောမျိုးများ ရွေးချယ်စိုက်ပျိုးရန်
အယ်လ်နီညိုကာလတွင် မိုးရွာသွန်းမှု မမှန်ခြင်းနှင့် ရေရှားပါးခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် သီးနှံသက်တမ်းရှည်ကြာသည့်မျိုးများကို စိုက်ပျိုးခြင်းသည် အပင်ကြီးထွားမှုနှင့် အထွက်ကို ပိုထိခိုက်နိုင်သည်။ ထို့ကြောင့် နွေစပါးနှင့် မိုးနှောင်း၊ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး သက်တမ်းတို၊ အထွက်ကောင်း၊ ရေလိုအပ်ချက်နည်းသောမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
သို့ရာတွင် သက်တမ်းတိုသည်ဆိုသည့်အချက်တစ်ခုတည်းကို မကြည့်ဘဲ မိမိဒေသ၏ မြေအမျိုးအစား၊ ရေရရှိနိုင်မှု၊ ရာသီဥတုနှင့် ဈေးကွက်အခြေအနေများကိုပါ ထည့်သွင်းစဉ်းစား၍ မျိုးရွေးချယ်ရန် လိုအပ်မည် ဖြစ်ပါသည်။
ရေမလုံလောက်ပါက သီးနှံရွေးချယ်မှုကို ပြောင်းလဲရန်
ဆည်ရေရရှိမှုနည်းပါးသည့်ဒေသများတွင် ရေအများအပြားလိုအပ်သည့် နွေစပါးကို မဖြစ်မနေ စိုက်ပျိုးရန်ထက် ရေလိုအပ်ချက်နည်းပြီး ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသည့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ကို ပြောင်းလဲစိုက်ပျိုးခြင်းသည် သင့်တော်နိုင်သည်။ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ စသည့်သီးနှံများထဲမှ မိမိဒေသ၏ ရာသီဥတု၊ မြေအခြေအနေနှင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့်သီးနှံများကို ရွေးချယ်နိုင်သည်။ ထိုသို့ ပြောင်းလဲစိုက်ပျိုးရာတွင်လည်း မိုးခေါင်ဒဏ်ခံ၊ ခြောက်သွေ့ဒဏ်ခံနိုင်သည့် မျိုးများ ကို ဦးစားပေးရွေးချယ်ရန် လိုအပ်ပါသည်။

မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းထားရန်
မိုးနှောင်းနှင့် ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် မြေတွင်းအစိုဓာတ်သည် အလွန်အရေးကြီးသည်။ အယ်လ်နီညိုကြောင့် မိုးရေမလုံလောက်ပါက သီးနှံစိုက်ပျိုးပြီးနောက် ရေသွင်းပေးရန် အခက်အခဲများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် မိုးရာသီအတွင်း မြေထဲသို့ ဝင်ရောက်ထားသည့် အစိုဓာတ်ကို ရာသီကုန်အထိ ကြာရှည်စွာတည်ရှိရန် မြေဆီလွှာ ထိန်းသိမ်းရေးကို အလေးထားသင့်သည်။ သဘာဝမြေဩဇာ၊ သစ်ဆွေးမြေဩဇာများ ထည့်သွင်းအသုံးပြုခြင်း၊ သီးနှံအကြွင်းအကျန်များဖြင့် မြေဖုံးအုပ်ခြင်း (Mulching)၊ မြေကို အလွန်အကျွံ ထွန်ယက်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့သည် မြေတွင်းအစိုဓာတ် ထိန်းသိမ်းရာတွင် အထောက်အကူပြုနိုင်ပါသည်။
မိုးခေါင်ရုံသာမက မိုးကြီးနိုင်သည်ကိုလည်း ကြိုတင်ပြင်ဆင်ရန်
အယ်လ်နီညိုဆိုသည်မှာ နေရာတိုင်းတွင် မိုးလုံးဝမရွာတော့ခြင်းဟု မဆိုလိုပါ။ ရာသီဥတု ပုံစံများ မတည်ငြိမ်လာနိုင်သဖြင့် တချို့ဒေသများတွင် မိုးနည်းနေချိန်၌ တချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း ဖြစ်နိုင်ပါသည်။
ထို့ကြောင့် မိုးခေါင်မှုအတွက်သာမက ရုတ်တရက်မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ရေဝပ်ခြင်းတို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်သည်။ လယ်ယာမြေများတွင် ရေစီးဆင်း မှုကောင်းမွန်စေရန် ရေထုတ်မြောင်းများ ပြင်ဆင်ထားခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းပါက ရေဝပ်ချိန်ကြာမြင့်မှု လျော့နည်းစေရန် လိုအပ်သလို ဆောင်ရွက်ထားသင့်ပါသည်။
ကြိုတင်စီမံခြင်း
ယနေ့ခေတ် စိုက်ပျိုးရေးတွင် ယခင်နှစ်များက လုပ်ခဲ့သည့်နည်းအတိုင်း နှစ်စဉ်ထပ်တူ လုပ်ကိုင်ရုံဖြင့် အောင်မြင်ရန် မလွယ်တော့ပါ။ ရာသီဥတုပြောင်းလဲမှုကြောင့် မျိုးရွေးချယ်မှု၊ စိုက်ပျိုးချိန်၊ ရေပေးသွင်းမှု၊ သီးနှံရွေးချယ်မှုနှင့် မြေဆီလွှာထိန်းသိမ်းမှု တို့ကို ရာသီဥတု အခြေအနေနှင့်အညီ လိုအပ်သလို ကြိုတင်ပြင်ဆင်သင့်ပါသည်။
မိမိဒေသ၏ ရာသီဥတုခန့်မှန်းချက်များကို စောင့်ကြည့်ခြင်း၊ ရေရရှိနိုင်မှုကို ကြိုတင် တွက်ချက်ခြင်း၊ သင့်တော်သောမျိုးများကို ကြိုတင်စုဆောင်းခြင်းနှင့် ရေချွေတာသည့် စိုက်ပျိုးနည်းစနစ်များကို အသုံးပြုနိုင်ရန် လေ့လာခြင်းတို့ကို အလေးထားသင့်ပါသည်။
အယ်လ်နီညိုဖြစ်စဉ်ကို တားဆီးနိုင်မည်မဟုတ်သော်လည်း အယ်လ်နီညိုကြောင့် ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်ကို ခန့်မှန်းတွက်ချက်ပြီး ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်ပြင်ဆင်ထား ခြင်းကသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်မှုနည်းစေရေးအတွက် အကောင်းဆုံးနည်းလမ်း တစ်ရပ် ဖြစ်သည်ဟု ပြောလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အယ်နီညိုအတွက် ကြိုတင်ပြင်ဆင်ခြင်း
ဆက်စပ်မေးခွန်းများ
ပန်ထိမ်ငိုပန်းစိုက်ရင်ဘယ်ချိန်လောက်စိုက်ရင်အကောင်းဆုံးလဲဗျ၊အရိပ်ကောကြောက်လားဗျ
Paul shan aung. • ဖြေကြားချက် 1 ခု
၃လမြေပဲ ယခုနှစ် မြေပဲခင်းတော်တော်များတွေ့ရပါတယ် အပင်ဝါထွတ်နေပါတယ် စွယ်လဲမချပါဘူး ဒါဘယ်လိုကြောင့်ဖြစ်တာလဲ နောက်လာမယ့်နှစ်တွေစိုက်ပျိုးတဲ့အခါမှာ မဖြစ်အောင်ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် အကြုံပြုပါအုံးခင်ဗျာ။ ဓာတ်ပုံထဲအပင်တွေ မြေပဲဖော်ချိန်နီးနေပါပြီ
Messi • ဖြေကြားချက် 1 ခု
ကျဲခင်း၁၀ရက်တွင်ပေါက်နေတဲ့မြေဇာမြက်ကိုဘယ်ပေါင်းသက်ဆေးသုံးရမလဲဆရာ။
u win zaw • ဖြေကြားချက် 1 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
More from Soe Myint
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....