သီးနှံများရဲ့ အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် သုတေသနဆောင်ရွက်သွားမည်

27/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သီးနှံများရဲ့ အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် တရုတ်နိုင်ငံ Guangxi Institute of Standards and Technology (GXIST) အဖွဲ့နဲ့ သုတေသန ဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

သီးနှံ(၃)မျိုးဖြစ်တဲ့ ပဲပုပ် ၊ ပြောင်းနဲ့ ဖရဲသီးနှံများရဲ့အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး သုတေသနဆောင်ရွက်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။

“ အခုက သီးနှံတွေရဲ့ စံချိန်စံညွှန်းတွေဖော်ဆောင်နိုင်ဖို့အတွက် သုတေသနနဲ့နည်းပညာတွေကို တရုတ်နိုင်ငံကအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ သုတေသနဆောင်ရွက်သွားမှာပါ။ ပြောင်း ၊ ဖရဲနဲ့ ပဲပုပ် တွေကို အခုလက်ရှိမှာလည်း သုတေသနပြုဆောင်ရွက်နေပါတယ်”

ပဲပုပ်သီးနှံ(၅)မျိုး ၊ ဖရဲမျိုး (၃)မျိုး နဲ့ ပြောင်းသီးနှံ(၁၈)မျိုးတို့ကို သုတေသနပြုဆောင်ရွက်နေတာ ဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။

အဆိုပါ သုတေသနမှာ တရုတ်- မြန်မာနှစ်နိုင်ငံအကြား သီးနှံစံချိန်စံညွှန်းများ သတ်မှတ်ရေး၊ သုတေသနများ အကျိုးတူဆောင်ရွက်နိုင်ရေးနဲ့ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနဲ့ Guangxi Institute of Standards and Technology (GXIST) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်