အစိမ်းရောင်လမ်းဆော့ဝဲအတွင်း မေးခွန်းမေးနည်း
စိုက်ပျိုးရေးမေးခွန်းတွေကို ဖြေတော့မယ်ဆို Online ကနေဖြေရတာက အတော်ဖြေရခက်ပါတယ်။
🍃 ဦးကြီးဒေါ်ကြီးတို့သိတဲ့အတိုင်း အပင်ရွက်လေးဝါနေတာဟာ အာဟာရချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်သလို စုပ်စားပိုးစုပ်ခံထားရတာနဲ့ နေရောင်ခြည်ရရှိမှု မလုံလောက်တာကြောင့်လည်းဖြစ်နိုင်တဲ့အပြင် မြေအစိုဓာတ် လုံလောက်စွာမရတာဆိုတဲ့ အကြောင်းတွေအများကြီးကြောင့် ဖြစ်နိုင်ပါတယ်။
ဒါတွေကို ဦးကြီးက ပြည့်ပြည့်စုံစုံပြောပြမထားရင် အစိမ်းရောင်လမ်းPage Adminဘက်က အဖြေမှားဖြေမိသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်
အဲ့လိုမဟုတ်ဘူး အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ မေးခွန်းမေးမြန်းလိုက်မယ်ဆိုရင်တော့ .....
✅ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ System ကနေ ဆရာတွေဖြေဆိုဖို့လိုအပ်တဲ့ မိုးလေဝအခြေအနေ၊ မြေဩဇာကျွေးထားမှုနှုန်းထား၊ အပင်သက်တမ်း၊ သုံးစွဲထားဖူးတဲ့ဆေးစတဲ့ အချက်အလက်တွေကို သေချာစွာမေးမြန်းထားတာမို့ ..
ဆရာတွေ ဖြေဆိုတဲ့ နေရာမှာ ပိုလွယ်ကူသွားပြီး မေးခွန်းမေးသူဦးကြီးတို့အတွက်လည်း တိကျတဲ့ သေချာဆုံးအဖြေကို ရရှိသွားနိုင်ပါတယ်။
ဒါ့အပြင် မိတ်ဆွေရဲ့ မေးခွန်းကို ဆော့ဝဲသုံးစွဲသူ တောင်သူပေါင်း ၃၅၀၀၀၀ ကျော်က မြင်နိုင်မှာဖြစ်ပြီး သူတို့ဖြေပေးနိုင်တဲ့ မေးခွန်းဆိုရင် ဝင်ရောက်ကူညီကာ အကြံဉာဏ်တွေ ပေးသွားနိုင်တဲ့အတွက် 🤗
စိတ်တူ..ကိုယ်တူတဲ့ စိုက်ပျိုးရေးမိတ်ဆွေအသစ်တွေကိုပါ ရရှိနိုင်မှာပဲဖြစ်ပါတယ်။
✅ ဒုတိယအားသာချက်တစ်ခုက အစိမ်းရောင်လမ်းရဲ့ ပညာရှင်တွေပါ ...
အစိမ်းရောင်လမ်းမှာက စိုက်ပျိုးမွေးမြူရေးဘွဲ့ရပညာရှင်တွေဖြစ်တဲ့ ဝါရင့်ဆရာကြီးတွေက သူတို့ရဲ့ အားလပ်ချိန်တွေမှာ အမေးအဖြေကဏ္ဍကိုပဲ ဝင်ကြည့်နေတတ်ပြီး အမြဲတမ်းကူညီနိုင်မယ့် နည်းလမ်းတွေကို ကြိုးစားရှာဖွေ ..ဖြေပေးနေကြပါတယ်။
ဆိုတော့ ဦးကြီး၊ ဒေါ်ကြီးတို့က ဆော့ဝဲထဲ ဘယ်လိုမေးရမှန်း မသိရင်လည်း စိတ်မပူပါနဲ့တော့နော်.
Video လေးနဲ့ အပြည့်အစုံရှင်းပြလိုက်ပါပြီ ....
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အစိမ်းရောင်လမ်း App အသုံးပြုနည်းများ
soemoenaing
လွန်ခဲ့သော ၇ လ ကဘဲမွေးမြူရေးအကြောင်းသိချင်ပါတယ်ဗျား
ဦးစိုးရာဇာ
လွန်ခဲ့သော ၈ လ ကအသုံးဝင်ပါသည်
ဆက်စပ်မေးခွန်းများ
ဆရာ ဒို့ဦးလေး ခင်ဗျ ရေ ။ EM ။ FAA စသည် အရည်တို့မှာ ဘယ်ဂဏန်း နံပါတ်တွေဆို စိုက်ပျိုးရေး သစ်ပင်းတိုင်းမှာ သုံးလို့ ဆင်ပြေပါသလဲ ခင်ဗျ ကျေးဇူးပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 0 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 0 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 1 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
More from Green Way
အားလုံး
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....