အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
"စွန့်ပစ်မှိုပွားစာများကို ပြန်လည်အသုံးချခြင်းဆိုင်ရာ နည်းလမ်းများ" အသိပညာပေးဆွေးနွေးပွဲကျင်းပမည်

"စွန့်ပစ်မှိုပွားစာများကို ပြန်လည်အသုံးချခြင်းဆိုင်ရာ နည်းလမ်းများ" အသိပညာပေးဆွေးနွေးပွဲကျင်းပမည်

    မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ထုတ်ဝေလျက်ရှိသည့် "ဖူးပွင့်ဝေမဂ္ဂဇင်း" မှ ဦးဆောင်၍ “သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးကဏ္ဍရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် စွန့်ပစ်မှိုပွားစာများကို ပြန်လည်အသုံးချခြင်းဆိုင်ရာ နည်းလမ်းများ” အသိပညာပေးဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၃) ရက် (စနေနေ့) နေ့လည် ၁း၀၀ နာရီတွင် စတင်မည်ဖြစ်ပြီး၊ ဆွေးနွေးပွဲအစီအစဉ် အပိုင်း (၁) အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဌာန (ကျောက်ဆည်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ဝင်းမှ “သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးကဏ္ဍရေရှည်တည်တံ့၊ ဖွံ့ဖြိုးရေးအတွက်စွန့်ပစ်မှိုပွားစာများကို ပြန်လည်အသုံးချခြင်းဆိုင်ရာ နည်းလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကထုတ်ဝေတဲ့ "ဖူးပွင့်ဝေမဂ္ဂဇင်း" ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဝါရင့်ဆရာကြီးတွေ၊ သုတေသီပညာရှင်တွေနဲ့ အတွေ့အကြုံရင့် ကျွမ်းကျင်ပုဂ္ဂိုလ်တွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာ၊ ဗဟုသတတွေအပြင် စိုက်ပျိုးသူ၊ စားသုံးသူတွေကို အသိပညာပေးနိုင်တဲ့ အကြောင်းအရာတွေကို အပတ်စဉ် စနေနေ့၊ နေ့လည် ၁း၀၀ နာရီမှာ အွန်လိုင်းဆွေးနွေးပွဲတွေ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဒီတစ်ပတ် ဆွေးနွေးပွဲလေးမှာတော့ Spent Mushroom Substrate-SMS လို့ခေါ်ကြတဲ့ စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ခြင်းမှ အဓိကဘေးထွက်ပစ္စည်းမှာ စွန့်ပစ်မှိုပျိုးစာတွေကို ဘယ်လိုပြန်လည်အသုံးချနိုင်မလဲဆိုတဲ့ နည်းလမ်းအမျိုးမျိုးကို ဆွေးနွေးပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို Zoom Meeting ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ ဖူးပွင့်ဝေမဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာ ဦးတင်အောင်က ပြောသည်။

    ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးသွားမည့် အကြောင်းအရာများမှာ Spent Mushroom Substrate (SMS) ၏ ဂုဏ်သတ္တိများကို စိုက်ပျိုးရေးတွင် ပြန်လည်အသုံးချခြင်း၊ တိရိစ္ဆာန်စာအဖြစ် ပြန်လည်အသုံးချခြင်း၊ ဇီဝလောင်စာအနေဖြင့် အသုံးပြုခြင်း၊ စက်မှုလုပ်ငန်းသုံးအင်ဇိုင်းများ ပြန်လည်ထုတ်လုပ်ခြင်း အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။

   ဆွေးနွေးပွဲကို MFVP Facebook page နှင့် "ဖူးပွင့်ဝေမဂ္ဂဇင်း"  Facebook page တို့မှလည်း တိုက်ရိုက်ထုတ်လွှင့် ပးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ပျိုေမများရဲ့ေမာင်

ပျိုေမများရဲ့ေမာင်

လွန်ခဲ့သော ၅ နှစ် က

ေပြာင်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲစိုက်ပျိုးရာမှာသုံးတဲ့မျိုးစေ့လူးနယ်ဆေးရဲ့ ကောင်းကျိုးနဲ့ အသုံးပြုလို့ရမဲ့ဆေးလေးညွှန်ပေးကြပါအုံးဆရာတို့

koHein Htet Soe • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်‌ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေး‌ဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။

ko naing phyo wai • ဖြေကြားချက် 1 ခု

ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ

စည်သူလွင် • ဖြေကြားချက် 1 ခု

မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား

Sawsamson • ဖြေကြားချက် 2 ခု

စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ

kyaw khaing oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။