၂၀၂၀ခုနှစ် ဖရဲ၊ သခွားမွှေးရာသီတွင် သစ်သီးတင်ပို့သည့်ကားခများ ဈေးနှုန်းသက်သာမှုရှိ
၂၀၂၀ခုနှစ် ဖရဲ၊ သခွားမွှေးရာသီတွင် သစ်သီးတင်ပို့သည့်ကားခများမှာ COVID ပထမလှိုင်းကာလကထက် ဈေးနှုန်းသက်သာမှုရှိကြောင်း ကိုယ်တိုင်တင်ပို့ရောင်းချသူများထံမှ သိရသည်။
တောင်သူလုပ်တဲ့သက်တမ်းက ကြာပါပြီ။ အဓိကဈေးကွက်ကတော့ မူဆယ် (၁၀၅) မိုင်ကတဆင့် တရုတ်ပြည်ကို တင်ပို့ရောင်းချတယ်။ အရင်နှစ်တုန်းကဆို ကိုဗစ်ကာလမှာ ကားခတွေ အရမ်းဈေးတက်ခဲ့တယ်။ သစ်သီး ၁၆ တန်/၁၇ တန်ဆံ့ ၁၂ ဘီးကားတစ်စီးကို သိန်း၂၅ လောက်အထိကို ပေးငှားခဲ့ရတယ်။ တချို့ စစ်ကိုင်းဘက်ကနေ တင်ပို့တဲ့လူတွေဆိုလည်း မနှစ်က ကားခ သိန်း ၃၀ လောက်အထိကို ပေးခဲ့ရတယ်ကြားတယ်။ ဒေသတစ်ခုနဲ့တစ်ခု အကွာအဝေးပေါ်တော့ မူတည်တာပေါ့။ ဒီနှစ်တော့ ကျွန်တော်တို့ဆီကနေ တင်ပို့တဲ့ကားခက တစ်စီးကို (၇)သိန်း၊ (၈)သိန်း လောက်ပဲ ပေးရတော့တယ်။
ဟု မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာမှ သခွားမွှေးစိုက်ပျိုးသူ ဦးခိုင်ဇော် က ပြောသည်။
ယခုနှစ်သည် သခွားမွှေးတင်ပို့ရောင်းချမှု ဈေးကွက်ကောင်းမွန်သည့်နှစ်တစ်နှစ်ဖြစ်နေပြီး တစ်ကီလိုလျှင် တရုတ်ငွေ(၈)ယွမ်/(၉)ယွမ် အထိ ဈေးရရှိကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံကထွက်တဲ့ ဖရဲ၊ သခွားမွှေးသီးတွေက တရုတ်ဈေးကွက်တစ်ခုတည်းကို အားထားရောင်းချနေရတာပဲ။ ထွက်ပေါက်တစ်ပေါက်တည်း ရှိတာပေါ့။ သူတို့ဘက်မှာ လိုလားချက်ရှိလာရင် ဈေးပြည့်ပြည့်ဝဝ ကောင်းကောင်းရတယ်။ သူတို့ဘက်မှာ မလိုလားတဲ့အခါ ဈေးနှိမ်ခံရတယ်။ အခုဆိုရင် အားလုံးကြိုးပမ်းပြီး ယူအေအီးနိုင်ငံတို့ဘာတို့ကို စတင်ပို့နေပြီဆိုပေမယ့် နိုင်ငံတော်အပိုင်းကနေ Export လမ်းကြောင်းသစ်တွေ ဖော်ဆောင်ပေးမယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့စိုက်ပျိုးရေးလောကကြီးအတွက် အကောင်းဆုံးပါပဲ။ ဒီနှစ်ကတော့ သခွားမွှေးဈေးကောင်းတဲ့နှစ်တွေထဲက နှစ်တစ်နှစ်ပါ။
ဟု ဦးခိုင်ဇော်က ဆိုသည်။
သခွားမွှေးပင်ကို ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်စိုက်ပျိုးပါက နှစ်ပတ်လည် စိုက်ပျိုးနိုင်ပြီး၊ တရုတ်ပြည်ဈေးကွက်တင်ပို့ရန် ရည်ရွယ်စိုက်ပျိုးပါက စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
သခွားမွှေးတစ်ဧက စိုက်ပျိုးစရိတ် စုစုပေါင်း ကျပ်(၄၅)သိန်းမှ ကျပ်သိန်း(၅၀)ကြား ကုန်ကျနိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးသန့်စင်
လွန်ခဲ့သော ၅ နှစ် ကတစ်ဧကအတွက် ကုန်ကျစရိတ်ကလည်း မသေးလှဘူးနော်။ အမြတ်ငွေကရော ဘယ်လောက်ရနိုင်တာပါလိမ့်။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 1 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 1 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 0 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022