ငါးဖမ်းမ (ခေါ်) ငါးဖယ်အောင်းငါး ဆေးထိုးသားဖောက် မွေးမြူနည်း

16/06/2022 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးဖမ်းမ(ခေါ်) ငါးဖယ်အောင်းငါးမှာ လူကြိုက်များသောငါးတစ်မျိုးဖြစ်ပြီး ငါးဖမ်းမကြော်၊ ငါးဖမ်းမကင်၊ ငါးဖမ်းမငါးပိကောင်များမှာ နာမည်ကြီးကြပါသည်။ 

တိုင်းရင်းငါးမျိုးနွယ်ဖြစ်သော ငါးဖမ်းမ(ခေါ်)ငါးဖယ်အောင်းငါးကို အဂ်လိပ်လို “Rohtee” ဟုခေါ်ဆိုကြပြီး သိပ္ပံအမည် Osteobrama alfredianus မျိုးစိတ်မှာ သားဖောက်မွေးမြူလို့ရနေပြီမို့ ဆေးထိုးသားဖောက်မွေးမြူချင်သူများအတွက် မွေးမြူနည်းကို ဖော်ပြပေးလိုက်ပါသည်။

ဆေးထိုးသားဖောက်နည်း

ငါးဖမ်းမ(ခေါ်) ငါးဖယ်အောင်းငါး အရွယ်ရောက်သည့်အချိန် (ခန့်မှန်းအားဖြင့်အသက် ၂ နှစ်သား)တွင် အထီး၊ အမ ခွဲခြားလျက် အမဥကပ်ချိန်တွင် မျိုးရင့်ကျက်မှုအားစစ်ဆေးခြင်း၊ အထီးတွင် အရွယ်ရောက်၍ မျိုးရည်(Sperm)ရရှိမှုတို့အား စစ်ဆေးခြင်းများပြုလုပ်ပြီး မျိုးပွားမှုရင့်ကျက်သည့် ငါးများ၏ ခန္ဓာကိုယ်အရွယ်အစားနှင့် အလေးချိန်အပေါ်မူတည်၍ ဟော်မုန်းဆေးထိုးပေးခြင်းဖြင့် မိတ်လိုက်ဥချစေခြင်း ဖြစ်ပါသည်။

ထိုသို့မိတ်လိုက်ဥချစေရန်အတွက် သဘာဝပုံစံဖြစ်စေရန် ငါးလုပ်ငန်းစခန်းရှိ မိတ်လိုက်ကန်(Spawning Tank)တွင် မိုးရွာသကဲ့သို့ ဖန်တီးပြီး ရေပန်းချ၍ စီစဥ်ထားရှိပါသည်။

ဆေးထိုးသားဖောက်ရာတွင် -

- အများအားဖြင့် ညနေပိုင်း (၆)နာရီမှ (၉)နာရီအတွင်း ငါးအထီးနှင့် အမများအား ဆေးထိုးပေးပြီး အမ ၁ ကောင်လျှင် အထီး ၂ ကောင်နှုန်းဖြင့် မိတ်လိုက်စေပါသည်။

 

- ဆေးထိုးပြီးချိန် (၃)နာရီမှ (၆)နာရီအတွင်းတွင် မိတ်လိုက်ရာမှ သန္ဓေအောင်ဥများကို ရရှိပါသည်။

 

- ၄င်းဥများအားဆယ်ယူ၍ ဥဖောက်ကန်တွင် ကန်တော့ပုံ ပလတ်စတစ်ဥဖောက်ကိရိယာ(Hatching Jar)အတွင်း ထည့်သွင်းကာ ဥများအနည်မထိုင်စေရန် ရေ၊ လေပေး၍ Circulation ဖြစ်စေရန် စီမံထားပြီး (၆)နာရီမှ (၈)နာရီကြာသောအခါ သန္ဓေအောင်ဥများမှ သားလောင်းလေးများ စတင်ပေါက်ပွားလာပါသည်။

 

- ဥမှ သားလောင်းများ ပေါက်ပွားမှုစုံလာပြီးနောက် (၅)ရက်မှ(၇)ရက်ခန့်အထိထားကာ အစာအဖြစ် ကြက်ဥကိုပြုတ်၍ အနှစ်အားအရည်ဖျော်ပြီး ဘားပလက်အားဆေးရည်နှင့်ရော၍ ကျွေးမွေးရပါသည်။

 

- သားလောင်းအဆင့်မှ (၇)ရက်ခန့်ပြုစုရပြီး ငါးမှုန်မှ ငါးသန်အတွက် (၂၁)ရက်ခန့်အကြာတွင် 0.75 cm(၁လက်မ၏ လေးပုံတစ်ပုံ) ခန့်အရွယ်သို့ ရောက်ရှိလာကြပါသည်။

 

- သားလောင်းမှ ၁ လက်မအရွယ် ငါးသားပေါက်ရရှိရန် ၁ လမှ ၁.၅ လခန့်အထိ အချိန်ယူပြုစုပေးကြရပြီး ရှင်သန်နှုန်း (Survival Rate)ကောင်းသည့် ၂ လက်မအ ရွယ် ငါးသားပေါက်ရရှိရန် ၂ လမှ ၃ လအထိ ပြုစုရပါသည်။

 

- အချို့မှာ ငါးမှုန်ကိုပြုစု၍ ငါးသန်အဖြစ် ငါးသားပေါက်ပြုစုပြီး မွေးမြူကြသကဲ့သို့ ရှင်သန်နှုန်းအထူးကောင်းမွန်သော ၂ လက်မမှ ၆ လက်မအထိ အရွယ်အစား(size)ကြီးများကိုလည်းပြုစုပြီး အသားတိုးမွေးမြူလျက်ရှိကြပါသည်။

 

Ref: ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်