ပဟေဠိ အပတ်စဉ် (၂၁) အဖြေမှန်

06/05/2020 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီနေ့ကတော့ ကဆုန်လပြည့်နေ့ ...ဗုဒ္ဓဟူးနေ့လေးပါဗျို့.....

အဖြေမှန်လေးကတော့ ကြက်ဟင်းခါးသီးနဲ့ ဆန်ဆေးရည် ပဲဖြစ်ပါတယ်။

ကြက်ဟင်းခါးသီးကို ဆန်ဆေးရည်နဲ့ဆေးပြီးမှ ချက်ပြုတ်စားကြတဲ့ မြန်မာတို့ရဲ့ ဓလေ့ကို စကားဝှက်လေးတွေနဲ့ ဘိုးဘွားတွေက သင်ပေးခဲ့ကြတာပါ ပရိတ်သတ်ကြီးရေ...

ဒီလို ဆေးကြောပြီးမှ ချက်ပြုတ်တဲ့အခါ အခါးဓာတ်လျော့သွားပါတယ်။

( အစွမ်းထက်တဲ့ ဆန်ဆေးရည်မှာ ဘယ်လို အာနိသင်တွေရှိအုံးမလဲဆိုတာကိုတော့  Green Way ဆော့ဝဲမှာ ဆက်လက်ဖော်ပြသွားမှာပါ။)

ကဲ....ကံထူးရှင် ၁၀ ယောက်ကိုတော့ ပုံမှာဖော်ပြပြီး ဂုဏ်ပြုလိုက်ပါတယ်နော်။

တခြားသော ဖြေဆိုသူ အယောက်ချင်းစီတိုင်းကိုလည်း ကဆုန်လပြည့်နေ့လေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေကြောင်း  အစိမ်းရောင်းလမ်းက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.....

ရောဂါဘယတွေကင်းရှင်းပြီး အစိမ်းရောင်လမ်းနဲ့အတူ စိုက်ပျိုးအောင်မြင်နိုင်ကြပါစေ...


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်