သမန်းပြုပြင်ပြီးသောမြေများတွင် မျိုးစေ့ချကိရိယာကိုအသုံးပြု၍ မျိုးစေ့များ ချနိုင်သည်။
မျိုးစေ့ချကိရိယာသည် မျိုးစေ့တန်းအကွာအဝေး၊ မျိုးစေ့တန်းထဲတွင် မျိုးစေ့ချရမည့် မျိုးစေ့အရေအတွက်နှင့် အကွာအဝေး စသည်များကို လိုအပ်သလို ချိန်ဆပြုပြင်နိုင်သည်။
မျိုးစေ့ချ ကိရိယာတွင် ပါဝင်သောမျိုးစေ့ချပြားများမှာ အထူအပါးအမျိုးမျိုးရှိသည်။
ထို့ပြင် မျိုးစေ့ကျပေါက်မှာလည်း အရွယ်အစား အမျိုးမျိူးရှိသည်။
၎င်းတို့ကို မိမိအသုံးပြုမည့် မျိုးစေ့အရွယ်အစားနှင့် ကိုက်ညီရန် ရွေးချယ်ရပါမည်။
မျိုးစေ့ချပြားသည် မျိုးစေ့ဇလားမှ မျိုးစေ့ပေါက်များသို့ လိုအပ်သောအရေအတွက်ကို ပေးပို့၍ ပိုလျှံသောမျိုးစေ့များကို ဖယ်ရှားပေးသည်။
မျိုးစေ့များသည် မျိုးစေ့ချပြား၏ အပေါက်များသို့ ရောက်ရှိသောအခါ မျိုးစေ့ပြွန်မှ တစ်ဆင့်ထွန်ကြောင်းထဲသို့ချသည်။
လင်ပန်းပြားငယ်နှစ်ပြားကို ရှေ့ပိုင်းရှူး၍ နောက်ပိုင်းကားသည့်အနေအထားဖြင့် တပ်ဆင်ထားသည်။
ယင်းလင်ပန်းပြားငယ်နှစ်ခုသည် မျိုးစေ့ချနိုင်ရန် မြောင်းဖော်ပေးသည်။
မျိုးစေ့ချသည့် ကိရိယာများအားလုံးကို မြေကုတ်ဘီးလည်ပတ်ခြင်းဖြ င့် အလုပ်လုပ်စေသည်။
မျိုးစေ့ချကိရိယာတစ်စုံလျှင် မြေကုတ်ဘီးတစ်လုံးစီ တပ်ဆင်ပေးထားသည်။
ယင်းဘီးသည် မြေပါ်တွင် မိမိရရကုတ်ပြီး ပုံမှန်လည်ပတ်မှသာ မျိုးစေ့ကျနှုန်း မှန်မည်ဖြစ်သည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more