မြေဆီလွှာဖွဲ့စည်းမှုကို မိမိကိုယ်တိုင်လွယ်ကူစွာ စမ်းသပ်နိုင်ပါသည်။ ထမင်းစားဇွန်း ၁ ဇွန်းစာမြေကိုယူပြီး ရေနှင့်နူး၍ ‘လောက်စာလုံး’ သကဲ့သို့လုံးရသည်။ ထို့နောက် မြေလုံးကို လက်နှစ်ဖက်ဖြင့် ဖဲပြားကြိုးကဲ့သို့ဖြစ်အောင်လိပ်ရသည်။ ဖဲပြားကြိုးကဲ့သို့ဖြစ်လာလျှင် ထိုမြေသည် ရွှံ့စေးမြေ သို့မဟုတ် ရွှံ့စေးများသောမြေဖြစ်သည်။ ရွှံ့စေးမြေသည် စေကပ်သဖြင့် လက်ဝါးတွင် ရွှံ့ပေကျံနိုင်သည်။
အကယ်၍ ဖဲပြားကြိုးကဲ့သို့ဖြစ်လာသောမြေသည် မစေးကပ်ပဲ ချောမွတ်နေလျှင် နုန်းစနယ်မြေ (Silty clay) ဖြစ်နိုင်သည်။
တစ်ဖန်သဲတရှပ်ရှပ်ဖြစ်နေလျှင် သဲစနယ်မြေ (Sandy clay) ဖြစ်သည်။
အကယ်၍ ဖဲပြားကြိုးကဲ့သို့ ပြုလုပ်ထားသောမြေသည် ခပ်ဖွာဖွာဖြစ်နေပြီး အစိုင်အခဲကလေးများဖြစ်နေလျှင် ထိုမြေသည် နုန်းဖြစ်စေ၊ သဲဖြစ်စေ၊ သဘာဝမြေသြဇာဖြစ်စေ များပြားနေသည်။ ထိုမြေသည် နုန်းမြေ (Loam soil) မြေဖြစ်နိုင်သည်။
ရေမည်မျှထည့်သည်ဖြစ်စေ မြေကိုလုံး၍သော်လည်းကောင်း ဖဲပြားကြိုးကဲ့သို့ လိပ်၍သော်လည်းကောင်းမရဘဲကွဲသွားလျှင် ထိုမြေသည် သဲမြေ (Sandy soil) ဖြစ်သည်။ စမ်းကြည့်လျှင် သဲတရှပ်ရှပ်ဖြစ်နေပြီး မြေမှုန်တစ်ခုချင်းကိုတွေ့ထိရပါသည်။
နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more