နှင်းစက်လေးများ၏ သီးနှံပင်အပေါ် သက်ရောက်မှုများ

04/12/2019 17:00 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသည် ရာသီဥတု()မျိုးရှိသည်ဖြစ်၍ တောင်သူဦးကြီးများသည်လည်း ရာသီဥတုနှင့် ကိုက်ညီသော သီးနှံများကို စိုက်ပျိုးကြရပါသည်။ ယခုနောက်ပိုင်းရာသီဥတု ဖောက်ပြန်လာမှုကြောင့် အထွက်နှုန်းကို ထိခိုက်ရုံသာမက ဖျက်ပိုးအန္တရာယ်ကိုလည်း ဆိုးဆိုးရွားရွား ရင်ဆိုင်လာကြရပါသည်။ ယခုတင်ပြအပ်သော အကြောင်းအရာသည် ရာသီဥတု() မျိုးအနက် ဆောင်းတွင်းတွင်ကျရောက်သော နှင်းကြောင့်စိုက်ခင်းများအပေါ် အကျိုးသက်ရောက်ခြင်းဖြစ်ပါတယ်။

နှင်းစက်များသည် အိုက်စ်ခရစ်စတယ်များ ဖြစ်ပေါ်လာခြင်းဖြင့် နှင်းစက်များအဖြင့် ဆီးနှင်းကျရောက်ခြင်း ဖြစ်သည်။ အပူချိန်သည် ရေခဲအမှတ်()ဒီဂရီဆဲလ်စီးရပ် သို့မဟုတ် (၃၂)ဒီဂရီဖာရင်ဟိုက်အောက်ရောက်ရှိသောအခါ တိမ်ထဲတွင် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ နှင်းစက်များသည် သီးနှံပင်များကြီးထွားရန်အတွက် လိုအပ်သောမြေအစိုဓါတ်ကို ကောင်းမွန်စွာရရှိစေရန် ထောက်ပံ့ပေးနိုင်ပါသည်။ ဆောင်းနှင်းများသည် သီးနှံကြီးထွားချိန်အတောအတွင်း မြေကြီးထဲတွင် နှင်းစက်များအရည်ပျော်ခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းရန် ကူညီပေးသည်။

မထွန်ယက်ရသေးသောမြေများတွင် နှင်းစက်များကြောင့် အစိုဓာတ်ကို ပိုမိုထိန်းသိမ်းနိုင်ပါသည်။ ဂျုံစိုက်ခင်းများတွင် နှင်းများကြောင့် သီးနှံများကြီးထွားမှု ရပ်တန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နှင်းစက်များတွင် လေထုထဲမှနိုက်ထရို ဂျင် ပမာဏအများအပြား ပါဝင်ပါတယ်။ လေထုထဲမှ ရရှိသောနိုင်ထရိုဂျင်ဓာတ်ကို အမိုင်ဒိုဂျင် (NH 2 ) ပုံစံအဖြစ် သီးနှံပင်များက အသုံးပြုပါသည်။ ထို့ပြင် ၎င်းနိုက်ထရိုဂျင်ကို နောက်ရာသီသီးနှံများအတွက် ဓာတ်မြေသြဇာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်ဗျာ။ နှင်းစက်ထဲတွင် ပါဝင်သောရေပမာဏမှာ အမျိုးမျိုးရှိပါတယ်။ များသောအားဖြင့် နှင်းစက် (၁၀)လက်မသည် ရေ()လက်မနှင့် ညီမျှသည်။

ထို့ကြောင့် နှင်းစက်နှင့်ရေပမာဏအချိုးမှာ ၁၀:၁ ဖြစ်ပါတယ်။ အမှန်တကယ်တွင် နှင်းကျသောမြေမျက်နှာပြင် အပူ ချိန်သည်(၃၀)ဒီဂရီဖာရင်ဟိုက်ခန့်သာရှိသည်။ နှင်းစက်များသည် နှစ်ရှည်ခံသီးနှံများအတွက် ကောင်းမွန်သော အရာတစ်ခုဖြစ်ပါသည်။ မြေကြီးထဲတွင်အစိုဓာတ်ရရှိခြင်းကြောင့် မြေဆောင်ရောဂါကိုလဲ သီးနှံမစိုက်ပျိုးမီကတည်းကပင် ကြိုတင်ကာကွယ်နိုင်ပါသည်။

လင်းလင်းထွန်း

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်