ဆော့ဝဲထဲက အထူးအစီအစဉ် (၂၅)

25/01/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါဦးကြီးတို့

ဒီညအတွက် ဆွေးနွေးချက်လေးနဲ့ပတ်သတ်ပြီးပြောပြချင်ပါတယ်.

နေ့စဉ်ဈေးနှုန်းကဏ္ဍလေးက ဦးကြီးတို့အကြိုက် ဟုတ်?

စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ဈေးကွက်ကအရေးကြီးတာပေါ့ ဒီလိုပဲ ဘယ်နယ်ဘက်မှာတော့ ဘယ်ဈေးတွေပေါက်နေတယ် ဆိုတာမျိုးကလည်းသိထားသင့်တယ်လေနော်.

ဒါနဲ့.. အထူးအစီအစဉ်မှာပါဝင်ဖြစ်နေတဲ့ ဦးကြီး/အန်တီ/အစ်ကို/အစ်မ တို့ရော သီးနှံဈေးနှုန်းကဏ္ဍကို ပုံမှန်ဝင်ကြည့်ဖြစ်လား?

ဆွေးနွေးခဲ့ကြပါဦး.

ပုံမှန်မဝင်ကြည့်ဖြစ်ရင်လည်း ဘယ်နှစ်ရက်ခြားကြည့်ဖြစ်တယ်ဆိုတာ ဆွေးနွေးခဲ့နော်.

ဆွေးနွေးဖို့လင့်ကိုအောက်မှာနှိပ်ပါ။

 ဆော့ဝဲထဲက အထူးအစီအစဉ် (၂၅)

လင့်ကနေမဝင်ချင်ရင် စစ်တမ်းထဲကနေ တိုက်ရိုက်သွားလို့ရတယ်နော်..

ဆွေးနွေးပေးတဲ့သူအားလုံးထဲကနေ ကံထူးသူတွေနဲ့အတူ မနက်ဖြန်မှာပြန်လာခဲ့ပါမယ်.

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်