သေချာသိမှ သေချာစား...သေချာတာက ပိုကျန်းမာ

06/11/2019 12:00 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ဒီအကြောင်းအရာကိုမတင်ပြမီ ကျွန်တော် စကားမိတ်ဆက်အဖြစ် အနည်းငယ် ဆွေး‌‌နွေးတင်ပြလိုပါတယ်။ 
တော်တော်များများ ဂျာနယ်တွေ၊ ဆောင်းပါးတွေ၊ ကျန်းမာရေးသတင်းတွေမှာ ဟင်းသီးဟင်းရွက်နဲ့ ကျန်းမာရေးကို အနည်းငယ်ဖေါ်ပြကြပေမယ့် အသီးအရွက်တွေကို ဘာကြောင့် စားသင့်လဲ၊ ဘာတွေပါ၀င်လို့ စားသင့်လဲဆိုတာကို အကျယ်တ၀င့်ဖေါ်ပြတဲ့သူ နည်းပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို တစ်ထောင့်တစ်နေရာမှ ဗဟုသုတအလို့ငှာ ဖေါ်ပြပေးလိုက်ပါတယ် ။

"မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် () မျိုးတည်းနဲ့ အသက်ရှည် ကျန်းမာနိုင်တယ်ဆိုတာ သင်ယုံပါသလား?"
ဒါက စာဖတ်သူတို့ကို ကျွန်တော်မေးချင်တဲ့ မေးခွန်းကောင်းတစ်ခုပါပဲ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး၀လံအများစုဟာ လူသားတို့နေ့စဉ်ဘ၀မှာ အာဟာရဓာတ်လုံလောက်စွာပါဝင်ပြီး စားသုံးတဲ့အခါ အကျိုးရှိကြောင်းကို အားလုံးသိထားပြီးသားဖြစ်မှာပါ။ အခုဖေါ်ပြပေးမယ့် နေ့စဉ်စား ဟင်းသီးဟင်းရွက် ၅ မျိုးက ကျန်းမာရေးအတွက် အမှန်တစ်ကယ် အထောက်အကူပြုတယ်ဆိုတာကို အချက်အလက်သေချာစွာ ဖေါ်ပြပေးပါမယ်။ ကောင်းကျိုးတွေသိရတော့ ဂရုတစိုက်ပိုစားဖြစ်တာပေါ့ ဟုတ်တယ်မဟုတ်လားဗျာ။

၁။ ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်ကိုတော့ အများစု စားသုံးကြမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ဟင်းနုနွယ်မှာ ဘာဓာတ်တွေပါ၀င်လို့ စားသင့်တယ်ဆိုတာ သိသွားခဲ့ရင် ပိုပြီးစားဖြစ်လာမှာအမှန်ပဲ။ ဟင်းနုနွယ်မှာ ကယ်လဆီယမ်၊ ဗီတာမင်၊ အိုင်းရွန်းနဲ့ အန်တီအောက်ဆီးဒင့် ဓာတ်တွေ‌ မြောက်များစွာပါ၀င်တဲ့အတွက်ကြောင့် နေ့စဉ်စားသုံးပေးသင့်ပါတယ်။ ဒီနေရာမှာ အန်တီအောက်ဆီးဒင့်ဓာတ်ဆိုတာ ဘာလဲဆိုတာ အနည်းငယ်ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ နေ့စဉ် ပတ်၀န်းကျင်လေထုနဲ့ ထိတွေ့နေရတဲ့အတွက် အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေ၊ Uv ရောင်ခြည်တွေနဲ့ ထိတွေ့‌ခြင်းမှ အလဂျစ်ဖြစ်ခြင်းကို ဖြစ်ပေါ်စေပါတယ် ။၎င်းတို့ကို free radical လို့ခေါ်ပြီး ထို free radical များကို အန်တီအောက်ဆီးဒင့်ပစ္စည်းက ချေဖျက်ပေးပါတယ်။ ၀က်ခြံထွက်ခြင်းကို ဟင်းနုနွယ်ရွက်ပုံမှန်စားခြင်းက သက်သာစေနိုင်တယ်ဆိုတာဟာ မယုံနိုင်စရာပါပဲ။ ထို့ကြောင့် အန်တီအောက်ဆီးဒင့်ဟာ နေ့စဉ် ဆဲလ်တွေမှထုတ်တဲ့ အဆိပ်တွေကို ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုထိ ဖယ်ရှားပေးလို့ အသားအရေ နီမြန်းခြင်း၊ ရောင်ယမ်းခြင်းတို့ကို အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်တယ်လို့ အမေရိကန်နိုင်ငံထုတ် ကျန်းမာရေးဂျာနယ်အချို့မှာ ဖေါ်ပြထားပါတယ်။ အခြားသော အန်တီအောက်ဆီးဒင့် ကြွယ်၀စွာပါတဲ့ သစ်သီးတစ်မျိုးကတော့ သလဲသီးပဲ ဖြစ်ပါတယ်။
ဟင်းနုနွယ်ဟာ ()ကယ်လိုရီ ပါ၀င်ပြီး သွေးကျစေတဲ့သတ္တိရှိလို့ သွေးတိုးသူများအတွက် ပုံမှန်မှီဝဲစားသုံးသင့်ပါတယ်။ အမျှင်ဓာတ်လည်း လုံလောက်စွာပါ၀င်လို့ ၀မ်းမှန်စေပြီး အင်အားကိုထောက်ပံ့ပေးတဲ့ အိုင်းရွန်းဓာတ်လည်း လုံလောက်စွာပါ၀င်တဲ့အတွက် နေ့စဉ် /ရက်ခြား စားသုံးသင့်တဲ့ ဟင်းရွက်တစ်မျိုးဖြစ်ကြောင်း ဖေါ်ပြပေးလိုက်ပါတယ်။

၂။ ကိုက်လံ
ကိုက်လံကို အချဉ်စပ်ကြော်၊ အချိုကြော် စတဲ့ ပုံစံအမျိုးမျိုးနဲ့ ကြော်ပြီးစားကြပါတယ်။
ကိုက်လံက ဘာကြောင့် စားသင့်တဲ့ ဟင်းသီးဟင်းရွက် ()မျိုးထဲမှာ ဖော်ပြရသလဲဆိုရင်
ကိုက်လံဟာ သွေးထဲကကိုလက်စထောကို အမှန်အကန်လျော့ကျစေနိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ၎င်းမှာ ဗီတာမင် A, C နဲ့ K တို့ ကြွယ်၀စွာ ပါ၀င်ပါသေးတယ်။
စမ်းသပ်ချက်တစ်ခုမှာဆိုရင် ကိုက်လံသတ္ထုရည် ၁၅၀ မီလီဂရမ်ကို နေ့စဉ် တစ်ကြိမ်နှုန်းဖြင့် ၁၂ ပတ်ကြာအောင် သောက်သုံးခြင်းကို သုတသန ပြုခဲ့ပါတယ် ။ ထိုလေ့လာတွေ့ရှိချက်ကတော့ ၂၇ ရာခိုင်နှုန်းသော ကိုလက်စတောတွေကို ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ထို့ကြောင့် ကိုက်လံစားခြင်းဖြင့် သွေးတိုးသမားများအတွက် သွေးကို ထိန်းညှိပေးတယ်၊ ကိုလက်စတောနဲ့ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးနိုင်တာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဆီးချိုသမားများအတွက် ကိုက်လံဟာ သတင်းကောင်းတစ်ခုပဲဖြစ်ကြောင်းဖေါ်ပြ ပေးလိုက်ပါတယ်ခင်ဗျာ။

၃။ ပဲအမျိုးမျိုး
ပဲစားခြင်းဖြင့် လူကို၀စေတယ်လို့ ရှေးယခင်ကပင် ပြောစမှတ်ပြုကြပါတယ်။ ပဲတွေမှာ ထောပတ်ပဲ၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲလိပ်ပြာ စတဲ့ပဲအမျိုးမျိုးဟာ ချက်ပြုတ်ပြီးတဲ့နောက်မှာ ကယ်လိုရီ ၁၃၅ အထိ ကျန်ရှိပြီး ပရိုတင်းဖြည့်တင်းတဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်လျှက်ရှိနေပါတယ်။ အမျှင်ဓာတ်နဲ့ ပရိုတင်း ၉ ကယ်လိုရီခန့်၊ ဗီတာမင် K CA စတဲ့ဓာတ်တွေ လုံလောက်စွာပါ၀င်လို့ နေ့စဉ်စားသင့်တဲ့ အစာထဲမှာ ပါ၀င်ကြောင်း သတင်းပါးပါရစေ။ ပဲစားခြင်းက အူမကြီးကင်ဆာဖြစ်စေနိုင်မှု လျော့ကျတယ်လို့ဖေါ်ပြတဲ့ မဂ္ဂဇင်းအချို့တောင် ရှိနေပါတယ်။

၄။ ခရမ်းချဉ်
ခရမ်းချဉ်သီးကတော့ မကြိုက်သူမရှိသလောက်ကို နည်းပါတယ်။ စာရေးသူတို့ တစ်ခုခု ချက်စားတဲ့အခါ၊ ဒါမှမဟုတ် အသုပ်တစ်မျိုးမျိုးသုပ်စားတဲ့အခါ ခရမ်းချဉ်ကို မဖြစ်မနေထည့်ရပါတယ်။ ထည့်လိုက်မှပြည့်စုံသွားတာမျိုးပေါ့။ ထားပါတော့ဗျာ အခုကျွန်တော်ပြောပြမယ့် ခရမ်းချဉ်ရဲ့ အသုံး၀င်ပုံ၊ ကျန်းမာရေးအတွက် ဘယ်လောက်တောင် အထောက်အကူပြုလဲဆိုတာ တစ်ချက်လေ့လာကြည့်ရအောင်လားဗျာ။ ခရမ်းချဉ်မှာ
() ၃၂ကယ်လိုရီ
() ပိုတက်ဆီယမ် ၄၂၇ မီလီဂရမ်
() ဗီတာမင်စီ ၂၄ မီလီဂရမ် တို့ ကြွယ်၀စွာပါ၀င်တဲ့အတွက် နေ့စဉ်စားသုံးသင့်တဲ့ မီးဖိုချောင်က ဟင်းသီးဟင်းရွက်တစ်မျိုးပဲပေါ့။ ထူးခြားချက်ကတော့ ခရမ်းချဉ်မှာ "လိုင်ကိုပင်း"ဆိုတဲ့ဓာတ်တစ်မျိုး ပါ၀င်ပါတယ်။ တစ်ချို့သောသုတေသနတွေမှာတော့ လိုင်ကိုပင်းဓာတ်ပါတဲ့ ခရမ်းချဉ်ဟာ ဆီးကြိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်တဲ့ခင်ဗျာ ။ ကွီးတို့ရဲ့နေ့စဉ်ကျန်းမာရေးအတွက် ခရမ်းချဉ်သီးက အရေးပါတာကို သက်သေပြနေပါတယ် ။
ဗီတာမင် စီ ပါတဲ့အတွက် အသားအရေမွဲခြောက်ခြင်းကို ကာကွယ်နိုင်‌ပါသေးတယ်။ ကဲ ခရမ်းချဉ်ကို အရင်ကမကြိုက်ရင်လည်း အခုကနေစပြီး စားပါတော့လို့။

၅။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ
ကြက်သွန်ဖြူကတော့ ရှေးယခင်တည်းက ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ဆေးဖြစ်ဝါးဖြစ်လည်း စားခဲ့ကြပါတယ်။ ကြက်သွန်ဖြူမှာ ဗီတာမင်နဲ့ ကယ်လိုရီအနည်းငယ်သာပါ၀င်ပေမယ့် ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ "ကမ်ပလိုဘက်တာ" ဘက်တီးရီးယားကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ကြက်သွန်နီကတော့ ၆၄ ကယ်လိုရီ၊ ဗီတာမင်စီ ၊ ဗီတာမင် ဘီဆစ် (B 6)နဲ့ မန်းဂနိဓာတ်တို့ပါ၀င်ပါတယ်။ သူ့ရဲ့အစွမ်းကတော့ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာကို ၆၂ ရာနှုန်းထိ ကာကွယ်နိုင်ပါတယ်။ ဆီးရွှင်စေတဲ့အတွက် ကြက်သွန်နီဟာ ဆီးပူညောင်းကျ ၊ဆီးအောင့်တဲ့ရောဂါများကို သက်သာစေနိုင်ပါသေးတယ် ။

အကျဉ်းချုပ်အနေနဲ့ ဖြည့်စွက်ဆွေးနွေးလိုတာက အခြားသော ဟင်းသီးဟင်းရွက်များဟာလဲ သူ့ဓာတ်နဲ့သူ လူသားတို့ရဲ့ကျန်းမာရေးကို အကျိုးပြုလျှက်ရှိပါတယ်။ အဲ့ထဲကမှ ၅မျိုးကို ရွေးချယ်ပြီးဖေါ်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဟင်းရွက်တွေကို ဘာအကျိုးရှိမှန်းမသိပဲ စားနေမယ့်အစား ဘယ်ဟာက ဘယ်ရောဂါကို ကာကွယ်နိုင်တာသိရတော့ ပိုစားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်အရာနေနေ စကားပုံရှိပါတယ်။ "တန်ဆေး လွန်ဘေး " ဆိုတဲ့အတိုင်း ချင့်ချိန်စားသောက်ကြရင်း ကျန်းမာပြည့်စုံတဲ့ဘ၀ကို ပိုင်ဆိုင်ကြပါစေခင်ဗျား။

ပြည့်ဖြိုးသော်

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်