ငါးသားပေါက်များ သေဆုံးမှုနည်းရန် စနစ်တကျ သယ်ယူ၊ လွှတ်ပေးခြင်း

05/05/2022 15:30 PM တွင် Rio Amora Rio Amora မှ ရေးသား

ငါးသားပေါက်များသယ်ယူပို့ဆောင်ရာတွင်အောက်ပါနည်းလမ်းများအတိုင်း သယ်ယူပို့ဆောင်ရပါသည်။

၁။ ပလက်စတစ်အိတ်အတွင်း ရေနှင့် အောက်စီဂျင်ထည့်သွင်း၍သယ်ဆောင်ခြင်း။

၂။ စက်လှေ၏၀မ်းဗိုက်အတွင်း တာပေါ်လင်များခင်းကာရေထည့်၍ ရေများဖျန်း၍ သယ်ဆောင်ခြင်း။

 

*ငါးသားပေါက်များသယ်ဆောင်ရာတွင်သေဆုံးမှုးနည်းစေရန်အတွက် အောက်ပါအချက်များကိုဂရုပြုလိုက်နာရမည်။

- ငါးသား‌ပေါက်အိတ်များအတွင်းသို့ အောက်စီဂျင်နှင့်‌ ရေကို လုံလောက်စွာထည့်ပေးရမည်။

- ငါးသားပေါက်များချိန်တွယ်ရာ၌ သူတို့၏ခန္ဓာကိုယ်များ ထိခိုက်မှုမရှိအောင် အထူးဂရုပြုရမည်။

- ငါးသားပေါက်များမှစွန့်ထုတ်သောအညစ်‌အကြေးများကြောင့် အမိုးနီးယားမြင့်တက် နိုင်သဖြင့် မထုတ်ပိုးမှီ တစ်ရက်ကြိုတင်၍ အစာဖြတ်ထားရမည်။

- ခရီးအကွာအဝေးအတိုင်းအတာပေါ်မူတည်၍ အောက်စီဂျင်ကိုတိုင်းတာ၍ ထည့်ပေးရမည်။ ခရီးဝေးလျှင် အောက်ဆီဂျင် တက်ပလက် အပိုများလည်း ထည့်ပေးသင့်သည်။

- ငါးသားပေါက်များသယ်ယူခြင်းမပြုမီ ပိုက်ဆွဲကျင့်ခြင်း၊ အုတ်ကန်များ၌ ကျင့်သားရစေရန် ထားရှိဆောင်ရွက်ခြင်းများပြုလုပ်ထားရမည်။

 

*ငါးသားပေါက်များသယ်ယူပို့ဆောင်ရာ၌ သတိပြုရမည့်အချက်များ

- ငါးများ၏အမျိုးအစားကိုလိုက်၍ ငါးသားပေါက်ထည့်သွင်းနှုန်းကွာခြားသည်။

- အပူချိန်မြင့်တက်လာပါက ရေခဲသုံး၍အပူချိန်လျှော့ချနိုင်သည်။

- ငါးသားပေါက်ဆိုဒ်ကြီးပါက အောက်စီဂျင်ပိုမိုရရှိအောင်ဆောင်ရွက်ပေးရမည်။

- ငါးသား‌ပေါက်အိတ်အတွင်း၌ ရေ သုံးချိုးတစ်ချိုး (1/3) နှင့် အောက်ဆီဂျင် သုံးချိုးနှစ်ချိုး (2/3) ထည့်သွင်းရမည်။

- ငါးသား‌ပေါက်အိတ်များကိုသယ်‌ဆောင်ရာတွင် နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန်ကာကွယ်ရမည်။

 

*သယ်ယူလာသောငါးသားပေါက်များအားကန်ထဲသို့လွှတ်ပေးရာ၌ သတိပြုရမည့်အချက်များ

- သားပေါက်အိတ်အတွင်းမှရေနှင့်ငါးကန်အတွင်းမှရေအပူချိန် တူညီစေရန်

ငါးသားပေါက်များအားချက်ခြင်းမလွှတ်ဘဲ သားပေါက်အိတ်များကို ကန်ရေထဲတွင် ၁၅ မိနစ်ခန့်စိမ်ထားရမည်။

- သားပေါက်အိတ်ထဲမှရေနှင့် ကန်ရေသည်အပူချိန်တူညီမှုရှိမှသာ ကန်ထဲသို့ ငါးသားပေါက်များကို ဖြည်းညင်းစွာ လွှတ်ပေးရမည်။

-ငါးသားပေါက်လွှတ်သည့်အချိန်သည် အပူချိန်နည်းသော မနက်ပိုင်းနှင့် ညနေပိုင်းမှာ အသင့်တော်ဆုံးဖြစ်သည်။

- အပူချိန်ပြင်းသော နေလယ်ပိုင်းအချိန်တွင်ငါးသားပေါက်များလွှတ်လျှင် သေဆုံးမှုများနိုင်သည်။

- ရာသီဥတုအေးနေလျှင် အချိန်မရွေးငါးသားပေါက်များ လွှတ်နိုင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်