မြေသြဇာကျွေးနည်းများ
ကြဲပက်ခြင်း (Broadcasting)
မြေခံမြေသြဇာ အဖြစ် သီးနှံပင် မစိုက်ပျိုးမီ မြေပြင်ချိန်တွင် ကြဲပက်ခြင်းနည်းကို အသုံးပြုကြသည်။ မြေသြဇာများကို စိုက်ခင်းအနှံ ညီညီညာညာ ဖြန်းပက်ကျွေးခြင်းဖြစ်သည်။ အချို့မှာ မျိုးစေ့နဲ့ ရောပက်ပြီး ကျွေးလေ့ရှိသည်။ စပါးခင်းများတွင် မြေခံအဖြစ် ပုလဲဓာတ်မြေသြဇာကို အသုံးမပြုသင့်ပါ။ မြေပြင်ချိန်၊ အပင်ပေါက်ချိန်နှင့် စပါးအစေ့တွင်းစာ (စပါးအပင်ပေါက်လာနိုင်ရန်နှင့် အပင်ပေါက်ပြီး အလွယ်တကူ စားသုံးနိုင်ရန် သဘာဝမှ ထည့်ပေးလိုက်သောအစာ သို့မဟုတ် ထမင်းချက်စားသော ဆန်သား)ကို ၁၄ ရက်ကြာ အသုံးပြုသောကာလ၊ ထိုကာလများမပြီးဆုံးခင် ကတည်းက ပုလဲဓာတ်မြေသြဇာ၏ အဟာရများ ကုန်လွန်သွားကြောင့် ပုလဲကို မြေခံအဖြစ် အသုံးမပြုသင့်ပါ။ မြေသြဇာ ကြဲပက်ပြီးပါက ထယ်ထိုး၊ ထွန်မွှေခြင့်ဖြင့် မြေနှင့် မြေသြဇာများ ရောနှောသွားအောင် ပြုလုပ်ပေးရမည်။ သို့သော် မြေသြဇာများ (အထူးသဖြင့် နွားချေး၊ ကြက်ချေး စသော သဘာဝမြေသြဇာများ) ကို ထယ်ထိုး၊ ထွန်မွှေခါနီးမှ ကြဲပက်ပေးပါက နေ၊ လေ၊ အပူကြောင့် အဟာရ ဆုံးရှုံးမှုကို လျော့ချနိုင်မည် ဖြစ်ပါသည်။
အတန်းလိုက် ဖြူးချခြင်း(Band Placement)
အပင်ငယ် (သို့) မျိုးစေ့၏ ဘေးဘက်မှ (၁-၃) လက္မခန့် ခွာ၍ မျိုးစေ့အောက် (၁-၂) လက်မအနက်တွင် ထည့်ပေးသော နည်းဖြစ်သည်။ တစ်ပင်နှင့် တစ်ပင် တန်းကြား ကြဲကြဲဖြင့် အတန်းလိုက်စိုက်သော အပင်များတွင် ဖော့စဖိတ်နှင့် ပိုတက်ရှ် ထိန်းချုပ်မှု အန္တရာယ် လျော့ပါးရန်နှင့် မြေဆီလွှာညံ့ဖျင်းသော မြေမှာ မြေသြဇာကို အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုသော နည်းဖြစ်သည်။
အပင်ပေါ် ပက်ဖျန်းခြင်း (Top-dressing)
အကြောင်းအမျိုးမျိုးကြောင့် မြေခံတွင် မြေသြဇာထည့်သွင်းမှု နည်းသွားသည့်အချိန် သို့မဟုတ် အပင်ဖြစ်ထွန်းလာပြီး အဟာရလိုအပ်ချက် လက္ခဏာပြလာသည့်အချိန်မျိုးတွင် မြေသြဇာ ထည့်ပေးရန် လိုအပ်လာပါသည်။ အထူးသဖြင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အပင်မြန်မြန်ကြီးထွားစေရန် နွားချေးဆွေး၊ ကြက်ချေးဆွေး၊ နှမ်းဖတ်ပုပ်ရည်များ ထည့်ပေးရန်လိုအပ်ပါသည်။ အချို့စပါးခင်းများတွင် အရွက်များဝါလာသည့် လက္ခဏာပြလာပါက ပုလဲမြေသြဇာ ထည့်ပေးရန် လိုအပ်လာပါသည်။ သဲဆန်သော မြေများတွင်လည်း ပိုတက်စီယမ် (ပိုတက်ရှ် ဓာတ်မြေသြဇာ) မြေခံအဖြစ် ထည့်ထားရုံနှင့် မလုံလောက်ပါ။ ထို့ကြောင့် ပိုတက် ဓာတ်မြေသြဇာများကိုလည်း အပင်ပေါ် ပက်ဖြန်းကျွေးလေ့ရှိပါသည်။
ဝိုင်းပက်ကျွေးခြင်း (Ring Application)
အပင် တစ်ပင်ခြင်းဆီ၏ ပတ်လည်ကို မြေဆွပြီး မြေသြဇာကျွေးသော နည်းဖြစ်သည်။ မြေသြဇာနှင့် မြေကြီးတို့ ကောင်းစွာ ရောနှောသွားစေရန် တူရွင်း၊ ပေါက်ပြားတို့ဖြင့် သေသေချချာ မြေဆွးပေးပြီး စနစ်တကျ မြေပြန်ဖုံးပေးရန် လိုအပ်ပါသည်။
မြေကျင်းတူး၍ ကျွေးခြင်း(Pocket Application)
လိမ္မော်၊ သရက်၊ အုံး စသော အပင်ကြီးတွင် ယခုနည်းကို အသုံးပြုလေ့ရှိသည်။ အပင်အရွယ်အစား အကြီးအသေးလိုက်၍ မြေကျင်းများကို (၃) ကျင်းမှ (၁၀) ကျင်းအထိ အမြစ်ဇုံ ရောက်အောင် (၆) လက်မမှ (၂) ပေအနက်ထိ မြေကျင်းတူးပေးရသည်။ မြေကျင်းတွင် မြေသြဇာထည့်ပြီး အပေါ်မှ မြေကို ပြန်ဖို့ကာ ရေအဝလောင်းပေးရသည်။ အပင်အများစုမှာ အပင်၏ ကိုင်အခတ်များ ဖြန့်ကားနိုင်သည့်အထိ (Plant canopy) အပင်အမြစ်များ ရောက်ရှိနိုင်သည်။
အရွက်များပေါ် ပက်ဖျန်းကျွေးခြင်း (Foliar Application)
လူများတွင် အားပြတ်သွားပါက အကြောဆေးသွင်းလျှင် အားအမြန်ပြည့်သကဲ့သို့ အပင်များကို အမြန်အဟာရပြည့်စေသော နည်းမှာ အရွက်ပေါ် မြေသြဇာ ပက်ဖျန်းပေးခြင်း ဖြစ်သည်။ အနည်းလိုအဟာရများ (အပင်အဟာရများ သိလိုပါက နှိပ်ပါ) သည် ပမာဏနည်းသည့်အတွက် မြေကြီးထဲတွင် ထည့်ကျွေးပါက ဆုံးရှုံးမှုကို ကာမိစေရန် လိုအပ်သည့် ပမာဏထက် အဆပေါင်းများစွာ ထည့်ကျွေးရန်လိုအပ်သည်။ ထိုကြောင့် ရွက်ဖြန်းအဖြစ် အသုံးပြုလေ့ရှိသည်။
သွင်းရေနှင့် အတူကျွေးခြင်း (Application with irrigation water)
သွင်းရေထဲတွင် မြေသြဇာကို ရောထည့်ပေးလိုက်ခြင်းဖြစ်သည်။ စိုက်ခင်းသို့ သွင်းသည့် ရေမြောင်းဝ သို့မဟုတ် ရေပိုက်ဝတွင် မြေသြဇာကို အရည်ဖျော်၍ အစက်ချပြီး ထားလိုက်ခြင်းခြင့် စိုက်ကွင်းတစ်ခုလုံးသို့ ကောင်းစွာ ပျံ့နှံစေနိုင်သည်။ မြေသြဇာသာမက အကျိုးပြု အဏုဇီဝရည်ကို ပါ ထိုသို့ ပြုလုပ်နိုင်ပါသည်။
အပင်အတွင်းသို့ ထိုးသွင်းခြင်း (Application by injection)
အပင်တွင်းသို့ ထိုးသွင်း၍ မြေသြဇာ ကျွေးသော နည်းကို အပင်ကြီး (သရက်၊ ဒူးရင်း၊ ပိန္နဲ) များအတွက် အပင်အဟာရ ရရှိစေရန် သုံးပါသည်။ မြေသြဇာကို အရည်ဖျော်ပြီး သို့မဟုတ် မြေသြဇာရည်ကို ပင်စည်ထဲသို့ ထိုးသွင်းသည်။ စီးပွားရေအရ တွက်ချေကိုက်မှု နည်းပါးသည်။
REF: Green Way သင်ရိုးစာအုပ်
အောင်သူ
လွန်ခဲ့သော ၄ နှစ် ကမြေအချဥ် အငံ တစ်ခုခု ကို ရှာလကာ သို့မဟုတ် ဆိုဒါ အပြင် မည့်သည့်တိုင်းတာနည်း ထပ်ရှိသေးလဲဗျ ချဥ် ငံ ခြင်းဖြစ်လာရင် ဘယ်လိုပြုပြင်ရလည်းဗျ ဒါလေးလည်း သိပါရစေ ဗျ ချီးမြင့်ပေးပါအုံး ဆရာ
ဆက်စပ်မေးခွန်းများ
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 2 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026