သစ်ပင်ရဲ့ အကျိုးကျေးဇူး (၁၀) ချက်
သစ်ပင်ရဲ့တန်ဖိုး စျေးနှုန်းကတ်လေးတစ်ခုလောက် သွားချိတ်ပေးနိုင်မလား။ စက္ကူနဲ့ တစ်ခြားပစ္စည်းတွေထုတ်ဖို့ အတွက် လူတွေက သစ်ပင်တွေကို စျေးသတ်မှတ်ပြီး အရောင်းအဝယ်ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ အဲ့ဒီစျေးနှုန်းဟာ တစ်ကယ်ပဲ သက်ရှိအပင်တစ်ပင်ရဲ့တန်ရာတန်ကြေးဟုတ်ရဲ့လား ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ တစ်ကယ်တော့ သစ်ပင်တစ်ပင်ရဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားကြည့်ရင် သူ့ရဲ့တန်ဖိုးဟာ တွက်ချက်မရနိုင်ပါဘူး။ Oregon ပြည်နယ်မှာရှိတဲ့ Portland Parks & Recreation က သစ်ပင်ရဲ့တကယ့်တန်ဖိုးအစစ်စျေးနှုန်းကတ်တွေကို သစ်ပင်တွေမှာ လိုက်ချိတ်ထားပါတယ်။ ဒါဟာ လူထုကို အပင်ရဲ့အကျိုးကျေးဇူးတွေကို အထူးသတိပြုမိစေပါတယ်။ အဲ့ဒီလောက်ကောင်းတဲ့အကျိုးကျေးဇူးတွေက ဘာတွေပါလိမ့်။ အောက်မှာ အရေးကြီးဆုံး (၁၀)ချက်ကို ဖော်ပြပေးထားပါတယ်။
၁. လေထုသန့်စင်ခြင်း
Davey Institute က သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်များအရဆိုရင် မြို့ပြမှာရှိတဲ့ သစ်ပင်တွေနဲ့ တောအုပ်တွေဟာ ပျမ်းမျှအားဖြင့် နှစ်စဉ်နှစ်တိုင်း မြို့တစ်မြို့ကလူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အပင်တွေဟာ လေထုထဲက ဖုန်မှုန့်အညစ်အကြေးတွေကို ဖယ်ရှားနိုင်စွမ်းရှိလို့ပါပဲ။ Journal of Preventative Medicine ရဲ့တွေ့ရှိချက်ကတော့ အပင်မရှိတော့တဲ့ နေရာတွေမှာ နေထိုင်တဲ့လူတွေဟာ နှလုံးဆိုင်ရာရောဂါတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပိုမိုခံစားရပါတယ်တဲ့။ ဒါ့ကြောင့် သက်ရှိတွေလိုအပ်တဲ့ အောက်ဆီဂျင်ကို ထောက်ပံ့ပေးနေတဲ့ သစ်ပင်တွေကို “lungs of the planet” ကမ္ဘာမြေကြီးရဲ့အဆုတ် လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
၂. အလုပ်အကိုင်အခွင့်အလမ်း
အမေရိကန်ပြည်နယ်၊ သစ်တောဌာနရဲ့မှတ်တမ်းအရ ၂၀၁၂ခုနှစ်ကဆိုရင် အမျိုးသားသစ်တောဥယျာဉ်တွေကို လာလည်တဲ့ အပန်းဖြေသူတွေဆီကနေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ နီးပါး ရရှိနိုင်ခဲ့ပါတယ်။ ဒါတင်မကပဲ ဒီလိုစီးပွါးရေးလုပ်ငန်းတွေကြောင့် ရေရှည်တည်တံ့တဲ့ အချိန်ပြည့်နဲ့ အချိန်ပိုင်းအလုပ်အကိုင် တစ်သိန်းကိုးသောင်းကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သတိပြုရမှာက ဒါဟာ အမေရိကန်က အမျိုးသားသစ်တော ဥယျာဉ်တွေဆီကပဲ ရှိသေးတာနော်။
၃. ရေကောင်းရေသန့်
ရေသန့်လို့ပြောရင် ပုလင်းထဲထည့် ပိုးသတ်ထားတဲ့ ရေတွေ ထင်မှာစိုးလို့ ရေကောင်း ရေသန့်လို့ ရေးထားပါတယ်။ သစ်တောတွေဟာ သဘာဝကပေးထားတဲ့ ရေစစ်နဲ့ရေလှောင်ကန်တွေပါပဲ။ အမေရိကန်ပြည်နယ်က သုံးပုံနှစ်ပုံနီးပါးသော ရေတွေဟာ သစ်တောတွေဆီကပဲလာတာ ဖြစ်ပါတယ်။ သင် နယူးယောက်မြို့က စားသောက်ဆိုင်ထဲက ဘုံဘိုင်ရေတစ်ဖန်ခွက် သောက်နေတဲ့ တစ်ချိန်တည်းမှာပဲ သင်ဟာ နယူးယောက်မြို့ အထက်ပိုင်းက သစ်တောတွေက စစ်ထုတ်ပေးလိုက်တဲ့ ရေတွေကို သောက်နေတာပါပဲ။ ဒီလိုကောင်းမွန်တဲ့ သဘာဝရေသန့်စင်စက်ကြီးရှိလို့သာ နယူးယောက်မြို့က အနည်းငယ်သောရေသန့်စင်မှုကိုသာ ပြုလုပ်ဖို့လိုအပ်တာ ဖြစ်ပါတယ်။
၄. ကာဗွန်သန့်စင်ပေးခြင်း
လောင်စာတွေလောင်ကျွမ်းခြင်းဟာ ကျွန်တော်တို့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ရောက်သွားစေပြီး အန္တရာယ်များတဲ့ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ် ဆိုတာ အားလုံးသိပြီးသားပါပဲ။ သစ်ပင်တွေစိုက်ပျိုးခြင်းဟာ ဒီဖြစ်စဉ်ကို လျော့ကျစေနိုင်ပါတယ်။ အပင်တစ်ပင်ဟာ တစ်နှစ်ကို ၄၈ ပေါင်ပမာဏရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် သက်တမ်းနှစ်၄၀ရှိတဲ့ အပင်တစ်ပင်ဟာဆိုရင် တစ်နှစ်ကို ကာဗွန်တစ်တန်နှုန်း သန့်စင်ပေးနိုင်ပါတယ်။
၅. ရာဇဝတ်မှုလျော့ချပေးခြင်း
သစ်ပင်တွေအများကြီးရှိတဲ့ အိမ်နီးချင်းတွေဟာ သစ်ပင်တွေမရှိတဲ့ အိမ်နီးချင်းထက် ရာဇဝတ်မှုတွေ သိသိသာသာ လျော့နည်းတာကို တွေ့ရှိရပါတယ်။ သုတေသီတွေကတော့ ဒါဟာ အစိမ်းရောင်နေရာလေးတွေက လူတွေကို စိတ်ဖိစီးမှုလျော့နည်းစေပြီး ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှု ပိုများစေတာကြောင့်လို့ ယူဆကြပါတယ်။ ဒါကြောင့်ပဲ ပတ်ဝန်းကျင်က လူတွေအချင်းချင်း ယုံကြည်မှုတွေ တိုးပွါးလာစေပါတယ်။
၆. ပိုင်ဆိုင်မှုတန်ဖိုးမြင့်တက်စေခြင်း
အခုချိန်မှာလူတွေက သူတို့ရဲ့အလုပ်နဲ့အိမ်တွေကို သစ်ပင်တွေရှိတဲ့ နေရာကို ရွေးချယ်လာကြပါတယ်။ ဒါကို သက်သေပြရရင်တော့ စျေးနှုန်းပဲပေါ့။ သစ်ပင်ရှိတဲ့အိမ်ဟာ သစ်ပင်မရှိတဲ့အိမ်ထက် ၇-၂၅ ရာခိုင်နှုန်း တန်ဖိုးပိုမြင့်ပါတယ်။ စျေးဝယ်သူတွေဟာဆိုလည်း အစိမ်းရောင် ဥယျာဉ်နဲ့ရှုခင်းရှိတဲ့ စျေးဆိုင်တွေမှာ ပိုပြီးစျေးဝယ်လာတာ ကိုတွေ့ရပါတယ်။
၇. စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ခြင်း
သင်စိတ်ဓါတ် ကျနေပါသလား။ သစ်တောလေးထဲမှာ လမ်းတစ်ချက်လောက် လျှောက်ကြည့်လိုက်ပါ။ တော်တော်များများ သောလေ့လာချက်တွေက သဘာဝနဲ့များများ ထိတွေ့နိုင်သူဟာ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေခြင်းနှင့် မိမိကိုယ်တိုင်စည်းကမ်းရှိပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်ကြောင်းကို တွေ့ရှိထားပါတယ်။ လေ့လာချက်တစ်ခုမှာဆိုရင် ဆေးရုံပေါ်ကလူနာတွေဟာ သူတို့ရဲ့ဆေးရုံပြတင်းပေါက်ကနေ အမြဲတမ်း သစ်ပင်တွေကိုမြင်နေရရင် သူတို့ရဲ့ အဖော်တွေထက် ၈ရာခိုင်နှုန်း ဆေးရုံပိုစောဆင်းရတာကို သိလာရပါတယ်။
၈. အပူချိန်ထိန်းညှိပေးခြင်း
သစ်ပင်တွေကပေးတဲ့ အရိပ်နဲ့လေကာနိုင်စွမ်းတွေဟာ နွေရာသီပူပြင်းတဲ့ ရက်တွေမှာ တစ်ဦးချင်းကနေ တစ်မြို့လုံးကို အထောက်အကူပြုပါတယ်။ လူဦးရေ တစ်မီလီယံ (သို့မဟုတ်) ဒါ့ထက်ပိုတဲ့လူဦးရေရှိတဲ့ မြို့မှာဆိုရင် ပျမ်းမျှတစ်နှစ်ပတ်လည်လေထုအပူချိန်ဟာ တစ်ခြားနေရာထက် ၁.၈-၅.၄ ဒီဂရီဖာရင်ဟိုက်(၁-၃ဒီဂရီဆဲလ်စီးယပ်) ပိုမိုနွေးလေ့ရှိပါတယ်။ ဒါကို တစ်နေရာတည်းအပူချိန်သက်ရောက်မှုလို့ခေါ်ပြီး ဒီသက်ရောက်မှုကို သစ်ပင်စိုက်ပြီး လျော့ချနိုင်ပါတယ်။ အရိပ်ရအပင်တွေရှိတဲ့ မိသားစုတွေဟာ နွေရာသီမှာဆိုရင် အအေးဓါတ်ရဖို့ကုန်ကျရတဲ့ ကုန်ကျစရိတ်ကို ၁၂ရာခိုင်နှုန်းကို လျော့ချနိုင်ပါတယ်။
၉. ရေလွှမ်းမိုးမှုကိုထိန်းညှိပေးခြင်း
သစ်ပင်သစ်တောတွေဟာ ရေပမာဏအများကြီးကို သိုလှောင်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင် ရေတွေဟာ တောင်ကုန်းတွေပေါ်က စမ်းချောင်းတွေကတစ်ဆင့် မြစ်ထဲကို စီးဆင်းသွားပြီး မြို့တွေကို လွှမ်းမိုးသွားပါလိမ့်မယ်။ ဒါ့ကြောင့် မြို့ပြတွေအတွက် သစ်ပင်တွေဟာ မုန်တိုင်းလှိုင်းများကာကွယ်ရန်စီမံခန့်ခွဲခြင်း တွေမှာ အရေးပါတဲ့ သူတွေဖြစ်နေရတာပေါ့။
၁၀. တောရိုင်းတိရစ္ဆာန်များနေထိုင်နိုင်ခြင်း
တောနေသတ္တဝါတွေက အပင်တွေကို အစားအစာ၊ အကာအကွယ်၊ အသိုက်အမြုံနဲ့ မျိုးဆက်ပွါးဖို့အတွက် အသုံးပြုကြပါတယ်။ ဒီသတ္တဝါတွေဟာ ဇီဝမျိုးကွဲ လို့ခေါ်တဲ့ ဒီကမ္ဘာမြေကြီးပေါ်က သက်ရှိမျိုးစုံ ရှင်သန်နေထိုင်ဖို့ကိုလည်း အံ့သြဖွယ် ကောင်းလောက်အောင် ထောက်ပံ့ပေးထား ပါသေးတယ်။ အပင်တွေပြုန်းတီးမှုမှ ကာကွယ်ပေးခြင်းဟာ တစ်ခြားအပင်တွေနဲ့ သူတို့ကို မှီခိုနေထိုင်နေရတဲ့ သတ္တဝါတွေအားလုံးကို ကာကွယ်ရာလည်းရောက်ပါတယ်။
မူရင်းဆောင်းပါး- http://www.earthshare.org/2013/07/treebenefits.html
ဆက်စပ်မေးခွန်းများ
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 1 ခု
သခွါးပင် အရွက်တွေတွန့်ကုန်တယ် အညွန့် အဖျားလေးတွေ မီးလောင်သလိုခြောက်ပီကြွေကုန်တယ်ခင်ဗျ ဘာကြောင့်လဲခင်ဗျကူညီပါဦး
kosoe • ဖြေကြားချက် 0 ခု
ကွမ်းရွက်ကဘာလို့အဲ့လိုဖြင့်တာလဲဘယ်လိုပြန်လုပ်ကောင်းလာနိုင်မလဲအကြံပေးပါအုံး
Ko Soe • ဖြေကြားချက် 0 ခု
စပါးမျိုးကဗျော့ထွန်းဖုံးနေပါပြီ အရွက်မှာအစင်းတွေ့နေလို့ ပီပိုလန်နဲ့ပိုးသတ်ဆေးဖျန်းချင်လို့ရမလားခင်ဗျဖြေပေးပါ
သက်ခိုင်လွင် • ဖြေကြားချက် 1 ခု
အပင်အားဆေးနဲ့ပိုးသက်ဆေးရောဖျန်းလို့ရလာဗျ
naymyoaung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026