ဖိုးတန်တဲ့လူသားတစ်ယောက် ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့ (အပိုင်း ၂)

09/10/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

🌟 စီးပွားဖြစ်တဲ့အခါ အောက်ခြေမလွတ်ပဲ သတိတရားနဲ့နေထိုင်တာ အကောင်းဆုံးယတြာ။

🌟 ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားတာ နောင်ရေးအတွက် အကောင်းဆုံး ယတြာ။

🌟 အောင်မြင်ကြီးပွားဖို့ အခွင့်အလမ်းမှ ာလုံ့လဝီရီယကို ရှေ့တန်းတင်တာ အကောင်းဆုံးယတြာ။

🌟 ဘာမှမလုပ်မပြောမစဉ်းစားပဲ နောင်မှနောင်တမရဖို့လုပ်ဆောင်တာ အကောင်းဆုံးယတြာ။

🌟 အရမ်းမဲ့မသုံးစွဲတာ နောင်စိတ်ဆင်းရဲစရာ မကြုံဖို့ အကောင်းဆုံးယတြာ။

🌟 ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုတာ အကောင်းဆုံးယတြာ။

🌟 မျှမျှတတ ကြည့်တာ စဉ်းစားတာ လုပ်ကိုင်တာ ရေရှည်လက်တွဲဖို့ အကောင်းဆုံးယတြာ။

🌟 မနိင်တဲ့ဝန်ကို မထမ်းတာဟာ အသက် ရှည်ဖို့အတွက် အကောင်းဆုံးယတြာ။

🌟 မိမိကိုယ်ကို အမှန်ရှု့ထောင့်မှ အမြဲပြန်လည် ဝေဖန်သုံးသပ်တာ အကောင်းဆုံးယတြာ။

🌟 စိတ်ဒေါသကို ဆင်ခြင်သုံးသပ်ပြီး အပြင်မထွက်အောင် ထိန်းနိင်တာ အကောင်းဆုံးယတြာ။

🌟 ကျော်ဖြတ်ရတဲ့ဘဝခရီးမှ အမှားများကို ချက်ချင်းပြုပြင် သွားနိင်တာ အကောင်းဆုံးယတြာ။

🌟 အကောင်းမြင် ဝါဒနဲ့ ဘဝခရီးကိုဆက်ခြင်းဟာ အကောင်းဆုံးယတြာ။

🌟 ကျန်းမာရေးယိုယွင်းစေတဲ့ အပျော်အပါး လိုက်စားမှု မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင်ရှားတာဟာ အသက်ရှည် ကျန်းမာစေ ဖို့အတွက် အကောင်းဆုံးယတြာပါ။

🌟 အတိတ်ကို ပြန်တွေးပြီးလဲ မပူဆွေး အနာဂတ်အရေးကို လှမ်းမျှော်ပြီးလည်းမပူပန် ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင် သွားတာဟာ တိုးတက်ဖို့အတွက် အကောင်းဆုံးယတြာ။

Mother Finance
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်