မိသားစုများကျန်းမာပျော်ရွှင်ဖို့ လက်ကိုသေသေချာချာ ဆေးကြောစို့..

08/02/2024 13:30 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

လက်ကိုဆပ်ပြာနဲ့ သန့်ရှင်းအောင် ပုံမှန်ဆေးပေးရုံနဲ့ အောက်ပါအကျိုးကျေးဇူးတွေဖြစ်တဲ့...

  • ဝမ်းပျက်ဝမ်းလျှောရောဂါများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခြင်း
  • ကာလဝမ်းရောဂါ၊ အီဘိုလာ (Ebola), ရှီဂါလိုစစ်(Shigellosis), ဆားစ် (SARS), အသည်းရောင်အသားဝါ-အီးနှင့် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက်ရောဂါများ ပြန့်ပွားမှုကို လျှော့ချပေးရာတွင် အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ကူညီပေးနိုင်ခြင်း
  • ဆေးရုံဆေးခန်းတွေမှာ ဖြစ်ပွားစေတတ်တဲ့ ရောဂါကူးစက်မှုများကို ကာကွယ်ပေးနိုင်ပြီး ပိုးသတ် ဆေးယဉ်ပါးမှုကြောင့် ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားများ ပျံ့နှံ့ခြင်းကိုလည်း လျှော့ချပေးနိုင်ခြင်း
  • လျစ်လျူရှုခံထားရတဲ့ အပူပိုင်းဒေသတွင် အဖြစ်များသောရောဂါများအား လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေနိုင်ခြင်း

စတာတွေ ရနိုင်တယ်ဆိုတာ 'သင်သိပါသလား...လက်ပုံမှန်ဆေးရုံနဲ့ ရောဂါပိုးအမျိုးမျိုး ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာ' ဆိုတဲ့ ဆောင်းပါးလေးထဲမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မိသားစုများကျန်းမာပျော်ရွှင်ဖို့ လက်ကို သေသေချာချောဆေးကြောဖို့ လိုအပ်တယ်ဆိုတာ သတိပြုနိုင်ပါတယ်။

ဆက်လက်ပြီးတော့ ပိုမိုသတိပြုနိုင်ဖို့အတွက် အောက်ပါပိုစတာလေးနဲ့ ထပ်မံလှုံ့ဆော်ပေးလိုက်ချင် ပါတယ်။

 

အားလုံး သန့်ရှင်းသောလက်တွေနဲ့အတူ ကျန်းမာရွှင်လန်းသောဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

(World Fish မှ ထုတ်ဝေထားသည့် လက်ကိုစနစ်တကျ သေချာဆေးသင့်ကြောင်း လှုံ့ဆော်သည့် ကမ်ပိန်းပိုစတာကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်