တိုင်းရင်းကြက်မများ ဥပိုဥနိုင်သည့် နည်းလမ်းများ

04/10/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တိုင်းရင်းကြက်မများ ဥနည်းရသည့် အကြောင်းအရင်းမှာ ဝပ်စိတ်ဖြစ်ပေါ်လာခြင်းနှင့် သားထိန်းချိန် ကာလကြာမြင့်သည့်အတွက်ကြောင့်ဖြစ်သည်။ ကြက်မတစ်ကောင်သည် ၂၁ ရက်ဝပ်ပြီးနောက် ၇၅ ရက်ခန့် သားထိန်းလေ့ရှိသည်။ မွေးမြူသူအနေဖြင့် ကြက်ဥရရှိရန် အဓိကထားလိုပါက ကြက်မ၏ ဝပ်စိတ်ကို စနစ်တကျဖျောက်ပေးသည့်အခါ တိုင်းရင်းကြက်မတစ်ကောင် တစ်နှစ်လျှင် ကြက်ဥပျှမ်းမျှအလုံး ၂၀၀ ရရှိနိုင်သည်။ ကြက်မတစ်ကောင်ဝပ်စိတ်ပေါ်လာစေနိုင်သည့် အကြောင်းအရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) သွေးထဲရှိ ဟိုမုန်းပြောင်းလဲခြင်း

သွေးထဲ၌ရှိသော အီတတြိုဂျင်နှင့် ပရိုဂျက်ဝတရုံးဟိုမုန်းမြင့်တက်လာချိန်တွင် ဝပ်စိတ်ဖြစ်ပေါ်လာသည်။ ( ဓာတုပိုင်းဆိုင်ရာပြောင်းလဲမှု)

(၂) အလင်းရောင်ရရှိမှုကြောင့် ပြောင်းလဲခြင်း

ဥကြက်မတစ်ကောင်သည် အမှောင်ဓာတ်ပိုရရှိသော ဥတင်းကိုနှစ်သက်သည်။ ယင်းအမှောင် ပတ်ဝန်းကျင်၌ ဥဥသည့်အတွက် တာရှည်လာသည့်အခါ ဝပ်စိတ်ပေါ်လာသည်။ 

(၃) နွေးဓာတ်ရရှိချိန်နှင့် ပမာဏပြောင်းလဲခြင်း

ကြက်မများ ဥတင်းကို ချောင်ကျပြီး မှောင်သောနေရာ ရွေးချယ်သဖြင့် ၎င်းရွေးချယ်သောနေရာသည် အနွေးဓာတ်ပိုနေသည်။ ၎င်းအနွေးဓာတ်သည် ဝပ်စိတ်ကိုဖြစ်စေသည်။ 

(၄) ရင်ဘတ်ထိတွေ့မှုကြောင့် ဝပ်စိတ်ဖြစ်ပေါ်လာခြင်း

ကြက်မသည် ဥချိန် ၁၅ မိနစ်မှ နာရီဝက်အထိ ကြာမြင့်တက်သည်။ ယင်းသို့ ဥဥရန်အတွက် တင်းထဲ၌ရှိနေစဉ် ယခင်နေ့များ ဥခဲ့သောကြက်ဥများသည် ရင်ဘတ်နှင့် ထိတွေ့နေသဖြင့် ဝပ်စိတ်ကို နှိုးဆွပေးသည်။

အထက်ဖော်ပြပါ အကြောင်းအရာ (၄) ချက်အနက်ဓာတုဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်စေသည့် ဟော်မုန်းဓာတ်ကို ပြုပြင်ရန် မဖြစ်နိုင်သော်လည်း ကျန်ရှိနေသည့် ရုပ်ပိုင်းဆိုင်ရာ အချက် (၃) ချက်ဖြစ်သည့် အနွေးဓာတ်၊ အမှောင်ဓာတ်နှင့် ရင်ဘတ်ထိတွေ့မှုကို ပြုပြင်ပေးပါက ဝပ်စိတ်ပျောက်ပြီး ပြန်လည်၍ ဥဥပေးနိုင်သည်။ ဝပ်စိတ်ကို ဖျောက်ရန်နည်းလမ်းမှာ ကြက်များကို ဥကျင်းထဲမှ ထုတ်ပြီး အလင်းရောင်ကောင်းမွန်သော အေးမြသည့် နေရာထဲတွင် တောင်းထဲ၌အုပ်ထားပြီး အစာနှင့် ရေလုံလောက်စွာထားပေးရမည်။ ဤကဲ့သို့ ထားပါက ၁၄ လကြာကာလတွင် ဥများပြန်လည်၍ ဥပေးသွားမည်ဖြစ်သည်။

တိုင်းရင်းကြက်မများကို သားမဖောက်ဘဲ ဝပ်စိတ်ဖျောက်လျက် ဥကောက်ပါက ပျှမ်းမျှတစ်နှစ်လျှင် ကြက်ဥလုံးရေ ပျှမ်းမျှ ၂၀၀ လုံးရရှိနိုင်ပါသည်။ သဘာဝအတိုင်းလွှတ်ထားလျှင် သားထိန်းကာလကြာပြီး ထုတ်လုပ်မှုကျဆင်းသည်။

FSWG မှထုတ်ဝေသော 'မြန်မာ့တိုင်းရင်းကြက် မွေးမြူနည်းလမ်းညွှန' စာအုပ်တွင်ပါဝင်သော ဆောင်းပါးကောင်းများထဲမှ တစ်ပုဒ်ကို ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်