ဒူးရင်းပင်ပြုစုနည်း

06/08/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(က) အရွက်များ မရင့်မီအဆင့် (စက်တင်ဘာ - အောက်တိုဘာ)

(၁) အညွန့်သစ်များထွက်ရှိရန် တစ်ပတ်လျှင် ယူရီးယားဖျော်ရည် ၁၀ လီတာနှုန်းပက်ဖျန်းပေးပါ။ (ယူရီးယား ၂၀၀ ဂရမ်ကိုရေလီတာ ၂၀ တွင်ဖျော်ရန်။)

(၂) ရောဂါကျ အညွန့်များကို ဖြတ်ပါ။

(၃) Psyllids အင်းဆက်ပိုးကို အထက်ဖော်ပြပါအတိုင်း နှိမ်နင်းပါ။

(၄) African Red Mite ( အာဖရိကမွှားပင့်ကူနီ) များကို ရေဖြင့်ပက်ဖျန်း၍ဖြစ်စေ၊ Propagith ( Omite) ၃၀ % WP ၃၀ ဂရမ်ကိုရေလီတာ ၂၀ တွင်ဖျော်၍ ဖြစ်စေ ပက်ဖျန်းနှိမ်နင်းပါ။ ( Redmite များသည် စိုထိုင်းစနည်းလျှင် ကျရောက်လေ့ရှိသဖြင့် ရေဖြင့်ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။)

(၅) Rhizoctonia ရွက်ခြောက်ရောဂါကို Carbendazin ၆၀% WP ၁၂ ဂရမ်ကို ရေလီတာ၂၀တွင်ဖျော်ကာ ပက်ဖျန်း၍ နှိမ်နင်းပါ။

(၆) ပင်စည်တွင်ရေညှိတက်သည်ကို တွေ့လျှင် Copper oxychloride  ၈၅% WP ၅၀  ဂရမ်ကိုရေလီတာ၂၀ တွင်ဖျော်၍ ပက်ဖျန်းပါ။

(၇) အမြစ်နှင့် ပင်စည်ပုပ်ရောဂါ Phytophthora ကိုကာကွယ်နှိမ်နင်းရန်မှာ

- ရောဂါကျသည့် အစိတ်အပိုင်းဧရိယာကို ဖယ်ရှားပြီး အနာနေရာကို Metalaxy ၂၅ % WP ၅၀ - ၆၀ ဂရမ်ကို ရေတစ်လီတာတွင်ဖျော်၍ သုတ်လိမ်းပေးပါ။

- အရွက်များအဝါရောင်သို့ပြောင်းခဲ့လျှင် Phosethyol  aluminium (Aleate) ၈၀% WP ၅၀ ဂရမ်ကို ရေလီတာ ၂၀ တွင်ဖျော်၍ အရွက်ပေါ် ပက်ဖျန်းပေးပါ။

- ရောဂါကျရောက်မှုပြင်းထန်ပါက ရောဂါကျသည့် အကိုင်းနှင့် အမြုပ်အတွင်းသို့ phosphorus acid ရေ ၁း၁ အရောကို ထိုးသွင်းပေးပါ။

(၈) တစ်ပင်အတွက် တစ်ရက်လျှင်ရေ ၄.၅ မီလီမီတာနှုန်းသွင်းပေးပါ။

(ခ) ပန်းမပွင့်မီ အရွက်ရင့်အဆင့် (နိုဝင်ဘာ - ဒီဇင်ဘာ)

- အညွန့်သစ်ထွက်ရန် ယူရီးယား ၂% ဖျော်ရည်ပက်ဖျန်းပါ။

- Psylid ကို ဖော်ပြခဲ့သည့်အတိုင်း နှိမ်နင်းပါ။

-  မွှား၊ ပင့်ကူနီ၊ အမြစ်နှင့် ပင်စည်ပုပ်ရောဂါ၊ ရွက်ခြောက်ရောဂါ နှင့် ပေါင်းမြက်နှိမ်နင်းခြင်းကို ဖော်ပြခဲ့သည့်အတိုင်း နှိမ်နင်းပါ။

- အပင်အား အာဟာရဖြည့်တင်းရန်နှင့် ပွင့်ဖူးဖြစ်ပေါ်မှုအတွက် တွန်အားပေးရန် ၈း၂၄း၂၄ သို့မဟုတ် ၉း၂၄း၂၄ ဓာတ်မြေဩဇာအား တစ်ပင် နှစ်ကီလိုနှုန်းထည့်ပေးပါ။

- ပန်းပွင့်ရန်နှင့် ပွင့်ဖူးများ များလာရန်၊ တွန်အားပေးရန် အကိုင်းများသို့ KNO3 (ယမ်းစိမ်း) ၁% ပက်ဖျန်းပေးပါ။

(ဂ) အသီးကင်းဝင်ချိန် (ဒီဇင်ဘာ-ဇန်နဝါရီ)

- အကိုင်းအဖျားပိုင်းနားတွင်ရှိသော ပန်းပွင့်များကိုဖြတ်ပါ။ အကိုင်း၏ ကျန်အပိုင်းရှိ ပန်းပွင့်များသိပ်သည်းနေလျှင် ခြွေပေးပါ။

- လက်ဖြင့် ဝတ်မှုန်ကူးပေးပါ။

- တစ်ပင်လျှင် တစ်ရက်အတွက် ရေ ၄-၅ မီလီမီတာ သွင်းပေးပါ။

- အနည်းလိုဒြပ်စင် ၅ဂရမ်+ ယူရီးယား ၃၀ ဂ၇မ်ကို ရေလီတာ ၂၀တွင် ရောဖျောပြီး အရွက်ပေါ်ဖျန်းပါ။

- မွှားပင့်ကူနီကို ဖော်ပြခဲ့သည့်အတိုင်းနှိမ်နင်းပါ။

(ဃ) အသီးကြီးထွားခြင်းအဆင့် (ဖေဖော်ရီ - ဧပြီ)

- အသီး သုံးကြိမ်ခြွေပေးပါ။

ပထမအကြိမ် အသီးခြွေခြင်းကို အသီးသက်တမ်း ၂၁- ၃၀ ရက်တွင်ဆောင်ရွက်ပြီး လိုအပ်သောအသီးအရေအတွက် ၂ဆ ချန်ထားပါ။

ဒုတိယအကြိမ် အသီးခြွေခြင်းကို အသီးသက်တမ်း ၃၅- ၄၂

တတိယအကြိမ် အသီးခြွေခြင်းကို ပန်းပွင့်ပြီး ရက်သတ္တပတ် ၆-၇ မတိုင်မီ ဆောင်ရွက်ပြီး အသီးအရေအတွက် လုံလောက်ရုံချန်၍ ခြွေပါ။

- အသီး ၃၅ ရက်သားတွင် ၁၂း၁၂း၁၇ ဓာတ်မြေဩဇာကို တစ်ပတ်လျှင် နှစ်ကီလိုဂရမ်နှုန်း ကျွေးပါ။ အသီး  ၅၆ - ၆၃ ရက်သားတွင် ဓာတ်စုံမြေဩဇာ Complex တစ်ပင် ၂၅၀ ဂရမ်နှုန်းဖြင့် မြေကြီးထဲထည့်သွင်းပြီး အနည်းလို အာဟာရ ၁၀ ဂရမ်ကိုရေလီတာ ၂၀ တွင်ဖျော်၍ အရွက်ပေါ်ဖျန်းပေးပါ။

(င) အသီးဆွတ်ခူးပြီး အဆင့် ( ဇွန် -ဩဂုတ်)

- ရောဂါကျတိုင်း၊ ကိုင်းသေ ကိုင်းညှပ်များကို ဖြတ်တောက်ပါ။

- ၁၅း၁၅း၁၅ သို့မဟုတ် ၁၆း၁၆း၁၆ ဓာတ်မြေဩဇာ တစ်ပင် နှစ်ပင်ကီလိုဂရမ်နှုန်းထည့်ပေးပါ။

- အညွန့်သစ်များ ကောင်းစွာထွက်ရှိရန် ယူရီးယားဖျော်ရည် ၁၀ လီတာပက်ဖျန်း ပေးပါ။ (ယူရီးယားး ၂၀၀ ဂ၇မ်ကို ရေလီတာ ၂၀တွင်ဖျော်ရန်)

- Psyllids အင်းဆက်ပိုးကို ရေပန်းဖြင့် တိုက်ရိုက်မှုန်ပန်း၍ နှိမ်နင်းပါ။

အကယ်၍ အညွန့်များသို့ ကျရောက်နေပါက အင်ဒိုဆာလဖန် ၃၅% အီးစီဆေးရည် ၅၀ စီစီကို ရေလီတာ ၂၀တွင်ဖျော်၍ ပက်ဖျန်းပါ။

-   တစ်ပင်အတွက် တစ်ရက်လျှင်သွင်းရေ ၄- ၅ မီလီမီတာသွင်းပါ။

-   ပေါင်းမြက်များ ဖြတ်ပေးပါ။

ဆွတ်ခူးခြင်းနှင့် အထွက်နှုန်း

ပန်းပွင့်ပြီး ငါးလခွဲအကြာ ဒူးရင်းသီးအညှာရှိ အရစ်ကျဲလာချိန်၊ ဆူးကြီးလာချိန်၊ အသီးရောင်ပြောင်းလာချိန်တွင် အသီးအညှာ၏ အရစ်အထက်မှ နှစ်လက်မ သုံးလက်မခွာ၍ ကိုင်းဖြတ်ကတ်ကြေးဖြင့် ဖြတ်၍ အသီးခူးဆွတ်ရပါသည်။ ခုနှစ်နှစ်သားကျော်လျှင် စသီး၍ အနှစ် ၃၀-၅၀ အထိ ဖြိုင်ဖြိုင်သီးကြောင်းသိရသည်။ မျိုးကောင်းလျှင် တစ်နှစ်လျှင် အပင်တစ်ပင်မှ အလုံး၁၀၀- ၃၀၀ အထိသီးတက်သည်။ ဆွတ်ခူးပြီး အသီးများကို အရွယ်အစားအလိုက်ခွဲ၍ စနစ်တကျ ထုတ်ပိုးသယ်ပို့ရပါမည်။

 

(စိုက်ပျိုးပညာပေးရေးဌာနခွဲမှ ထုတ်ဝေသော သစ်သီးဝလံစိုက်ပျိုးနည်းစာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

အခုလိုမျိုး သီးနှံတွေရဲ့ စိုက်ပျိုးနည်းများအကြောင်းစာအုပ်ကို စိတ်ဝင်စားလို့ဝယ်ယူချင်ရင်တော့  အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်