ထရိုင်ခိုဒါးမားမှိုကို သီးနှံ စိုက်ပျိုးရေးတွင် အသုံးပြုခြင်း

11/01/2018 11:24 AM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား

ထရိုင်ခိုဒါးမားမှိုသည်မြေဆောင် မှိုတစ်မျိုးဖြစ်ပြီး အခြား အဏုဇီဝသက်ရှှိများအပေါ် ဇီဝဆန့်ကျင် စွမ်းအားမြင့်မားသည်။ ဤမှိုသည် မှိုမျှင်များတွင် အရောင်မရှိသော်လည်းမှိုမျိုးမှုံ (Spore, စပိုး) အစုအဝေးမြောက်များစွာ ထုတ်လုပ်သောကြောင့်အစိမ်းရောင်အနေဖြင့်မြင်ရသည်။

၎င်းမှိုသည် အင်ဇိုင်းများ(Enzymes)ထုတ်၍ အခြားမှိုများကို ကပ်ပါးပြုပြီး တိုက်ခိုက် ဖျက်ဆီးနိုင်ခြင်း၊ ပဋိဇီဝ ပစ္စည်းများ ထရိုင်ခိုဒါးမားမှိုသည်မြေဆောင် မှိုတစ်မျိုးဖြစ်ပြီး အခြား အဏုဇီဝ သက်ရှှိများအပေါ် ဇီဝဆန့်ကျင် စွမ်းအား မြင့်မားသည်။

ဤမှိုသည် မှိုမျှင်များတွင် အရောင်မရှိသော်လည်း မှိုမျိုးမှုန့် (Spore, စပိုး) အစုအဝေးမြောက်များစွာ (Antibiotics) ထုတ်၍ ဇီဝ ဆန့်ကျင်မှု (Antagonism)များ ဖြစ်စေနိုင်ခြင်းတို့ကြောင့် မြေတွင်းရှိ အပင်ရောဂါ ဖြစ်စေသည့် မှိုများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်း (Biological control) ရာတွင် အသုံးပြုနိုင်သည်။

၎င်းမှိုသည် အပင်၏ ကြီးထွားမှုကိုလည်း အားပေးသည့်အပြင် အပင်၏ ခံနိုင်ရည်ရှိမှုကိုလည်း တိုးတက်စေသဖြင့်ရောဂါ မကျရောက်သော အပင်များကိုလည်း ကျန်းမာ သန်စွမ်းစေပါသည်။ သုတေသနတွေ့ရှိချက်များအရ ထရိုင်ကိုဒါးမားမှိုကို အသုံးပြုသဖြင့် သခွား၊ ခရမ်းချဉ်၊ ဆေးပင်၊ ငရုပ်ပင်၊ မုန်လာထုပ်၊ မုန်လာဥ၊ ဆလတ်၊ မတ်ပဲ၊ နှံစားပြောင်း၊ ပြောင်းချို စသည့် အပင်များတွင် အပင် ကြီးထွားမှု ပိုမိုကောင်းမွန်စေကြောင်း သိရှိရပါသည်။

မြေကြီးထဲရှိ အကျိုးပြု အဏုဇီဝများကို ထိခိုက်စေခြင်း မရှိသည့်အပြင် စိုက်ပျိုး သီးနှံများတွင်လည်း ပါဝင်လာခြင်း မရှိသဖြင့် ၎င်းကို လုံခြုံဘေးကင်းသော ဇီဝ ကာကွယ် နှိမ်နင်းပစ္စည်း (Biocontrol agent) အဖြစ် အသုံးပြုနိုင်ပါသည်။

ထရိုင်ခိုဒါးမားမှိုကို အသုံးပြုပုံ

ထရိုင်ကိုဒါးမားမှိုကို အသုံးပြုပုံနှင့် နှုန်းထားများသည် ဖော်စပ် ထုတ်လုပ်ထားသည့် နည်းစနစ်ပေါ်တွင် မူတည်ပါသည်။ ၎င်းကို-

  • မှိုပေါက်ပွားသည့် အာဟာရပြင် (အခဲ/အရည်) ပေါ်တွင်မွေးမြူထားပြီး မှိုစပိုးကို ထုတ်ယူ သုံးစွဲခြင်း
  • ပွားစာများ (နှံစားပြောင်း၊ ပြောင်းဖူး၊ ဂျုံစေ့၊ ဂျုံဖွဲ+သကာရည်၊ ဆန်ကွဲထမင်း) ကို အသုံးပြု၍မွေးမြူခြင်း
  •  မှိုစပိုးများကို သင့်တော်သည့် အမှုန့်တစ်မျိုးဖြင့်ရောစပ်၍ ဘူးများတွင် ထည့်၍ရောင်းချခြင်း
  • သစ်ဆွေးမြေ (Peat soil) တွင်မွေးမြူ၍ ခဲအိပ်များတွင် ထည့်၍ရောင်းချခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုး ထုတ်လုပ်ရောင်းချ သုံးစွဲကြပါသည်။

အသုံးပြုပုံနှင့်အသုံးပြုသည့် နှုန်းထားမှာဖော်စပ် ထုတ်လုပ်သည့် နည်းပေါ်တွင် မူတည်ပြီး ဘူးပတ်နှင့် အထုပ်များပေါ်တွင်ဖော်ပြထားသည့် အတိုင်း သုံးစွဲရပါမည်။

ထရိုင်ခိုဒါးမားမှိုကို အများဆုံး အသုံးပြုသည့်နည်းများမှာ

1. မျိုးစေ့နှင့် လူးနယ်ခြင်း
2. စပိုးဖျော်ရည် ထဲတွင် ပျိုးပင် အမြစ်ကို နှစ်စိမ်ခြင်း
3. စိုက်ချိန်တွင် မြေကြီးထဲသို့ထည့်ပေးခြင်း
4. မြေဆွေးလုပ်၍ အသုံးပြု ခြင်း တို့ဖြစ်သည်။

ထရိုင်ခိုဒါးမား မှိုဖြင့်မြေဆွေး ပြုလုပ်ပုံ အဆင့်ဆင့်နှင့် အသုံးပြုပုံ

ထရိုင်ကိုဒါးမားမှိုသည် ကောက်ရိုး၊ ပြောင်းရိုး၊ ကြံရွက်၊ ကြံကြိတ်ဖတ်၊ ပဲပင်နွယ်၊ မြက်နှင့်ပေါင်းပင်များကို လျှင်မြန်စွာဆွေးမြေ့စေသည်။ ၎င်းတို့ကို မူလ ရိုးရာနည်းဖြင့်မြေဆွေး ပြုလုပ်လျှင် ၃-လခန့် ကြာသော်လည်း ထရိုင်ကိုဒါးမားမှိုကို သုံးလျှင် ၃-၄ ပတ်ခန့်သာ ကြာသည်။

(က) ထရိုင်ခိုဒါးမားမှိုပျိုးပြင်ကို အသုံးပြုသည့်နည်း

၁။ အရိပ်ရပြီးရေမဝပ်သော ရေ အလွယ်တကူ ရနိုင်မည့်နေရာကို ရွေးရမည်။

၂။ မြေဆွေးပြုလုပ်မည့် ပစ္စ္စည်း (ကောက်ရိုး၊ ပြောင်းရိုး ၊ ကြံရွက်၊ ကြံကြိတ်ဖတ် ၊ ပဲပင်နွယ်၊ မြက်ပင်) များကို ဖြတ်တောက် ၍ရေ ၆-နာရီမှ၁၂-နာရီကြာ စိမ်ထားရမည်။

၃။ အာလူး-သကြား-ကျောက်ကျော (၃၅၀ စီစီ)ပါဝင်သည့် ပုလင်းပြားထဲတွင်မွေးမြူထားသော ထရိုင်ခိုဒါးမား မှိုပျိုးပြင်ပေါ်သို့ရေလောင်းထည့်ပြီး စပိုးနှင့် မှိုမျှင်ပျော်ရည်ရအောင် လှုပ်ပေးရမည်။ စည်ပိုင်းထဲရှိ ရေ-၂၀၀ လီတာထဲသို့ မှိုဖျော်ရည်လောင်းထည့်ပြီးမွှေပေးရသည်။ အနံ ၂-မီတာ( ၆.၆ ပေ)၊ အလျား-၆ မီတာ ( ၂၀ ပေ) ရှိသောမြေဆွေးပုံတစ်ပုံအတွက် ၎င်းဖျော်ရည် ပမာဏသည် လုံလောက်သည်။

၄။ သစ်ဆွေးမြေသြဇာ ပြုလုပ်မည့် ပစ္စည်းကို ၁ပေ အထူဖြင့် ၆-လွှာ ထပ်ပုံရမည်။ အပုံ၏ အမြင့် ၅ ပေ ရှိမည်။ ကောက်ရိုး/ပြောင်းရိုး / ကြံရွက်/ ကြံကြိတ်ဖတ်/ ပဲရိုးပဲမှော် တို့ကို နွားချေး/ ကြက်ချေးတို့နှင့် ရော၍ ပုံရမည်။

၅။ တစ်လွှာပုံပြီးတိုင်း ထရိုင်ခိုဒါးမား မှိုစပိုးဖျော်ရည် ၄-ဂါလံဝင်ပုံးကြီး ၂-ပုံး (၃၂-လီတာ)ကို ညီညာစွာ ဖြန်းရမည်။ အပုံ၏ အပေါ်ဆုံးတွင် ပလပ်စတစ်စ (သို့မဟုတ်) ငှက်ပျောရွက်ဖြင့်ဖုံးပေးရသည်။ အပူချိန်မြင့် တက်စေရန်နှင့်မိုးရွာလျှင် ရေသိပ်မစိုသွားစေရန် ဖြစ်သည်။

၆။ ၂-ပတ်ကြာလျှင် အပုံကိုဆွေးမြေ့မှု ညီညာစေရန် အထက်အောက် လှန်ပေးရမည်။ ၄-ပတ်ကြာလျှင်မြေဆွေးပုံသည် အသုံးပြုနိုင်သည့် အနေအထားရောက်ပြီ ဖြစ်သည်။

၇။ ကောက်ရိုး/ ပြောင်းရိုး (၂၀- ၂၅ အိတ်ခန့်) အသုံးပြုလျှင် သစ်ဆွေးမြေသြဇာ ၄၀၀ ကီလိုဂရမ် (၈-အိတ်) ရနိုင်ပါသည်။

၈။ အသုံးပြုမည့် ထရိုင်ခိုဒါးမားမှိုသည် အညိုရောင်/အမဲရောင်သို့ပြောင်းသွားလျှင် အသုံးမပြုသင့်တော့ပါ။

ဓာတ်ပုံ- ပုလင်းထဲရှိ (အာလူး၊ သကြား၊ ကျောက်ကျော) အာဟာရပြင်ပေါ်တွင် စပိုးထုတ်သောကြောင့်အစိမ်းရောင်အပြင်လိုက်ဖြစ်နေသောထရိုင်ခိုဒါးမားမှို ကိုလိုနီ

(ခ) ထရိုင်ခိုဒါးမားမှိုပွားစာကို အသုံးပြုသည့်နည်း
 

၁။ အရိပ်ပြီးရေမဝပ်သော ရေအလွယ်တကူ ရနိုင်မည့်နေရာကို ရွေးရမည်။

၂။ မြေဆွေးပြုလုပ်မည့်ပစ္စ္စည်း (ကောက်ရိုး၊ ပြောင်းရိုး ၊ ကြံရွက်၊ ကြံကြိတ်ဖတ် ၊ ပဲပင်နွယ်၊ မြက်ပင်) များကို ဖြတ်တောက်၍ရေ ၆-နာရီမှ၁၂-နာရီကြာ စိမ်ထားရမည်။ ရေစိမ်ထားသော ပစ္စ္စည်းကို ၄ ပေx ၆ ပေ (သို့) ၅-ပေ x ၁၂-ပေ မြေနေရာတွင် ၆ လက်မ အမြင့်ပုံပါ။
 

၃။ ၎င်းအပုံပေါ်တွင် ပွားစာဖြင့်မွေးထားသော ထရိုင်ခိုဒါးမားမှိုကို လက်၂-ဆုပ်ခန့် ဖြန့်ကြဲပေးပါ။

၄။ မြေဆွေးလုပ်သည့်ပစ္စ္စည်းနှင့်ထရိုင်ခိုဒါးမားမှိုကို ၄-၅ ပေခန့်မြင့်သည် အထိတစ်လှည့် စီပုံသွားပါ။

၅။ နွားချေး/ ကြက်ချေး (သို့မဟုတ်) နိုက်ထရိုဂျင်ကြွယ်ဝသော ပဲမျိုးရင်းဝင် အပင်များကို အပုံ၏ အပေါ်ဆုံးတွင် တင်ပါ။ (မြေဆွေးပုံကို ငှက်ပျောရွက်၊ အုန်းလက်တို့ဖြင့်ဖုံးထားပေးလျှင် အပူချိန်မြင့်လာပါမည်။)

၆။ ခြောက်သွေ့ခြင်းကို ကာကွယ်ရန် မြေဆွေးပုံကို တစ်နေ့လျှင် ရေတစ်ကြိမ်/နှစ်ကြိမ် လောင်းပေးရပါမည်။

၇။ မြေဆွေးပုံအမြင့်၃၀ % ခန့်သာကျန်ပြီးမြေဆွေးအေးလာသောအခါ အသုံးပြုနိုင်ပါသည်။

ဤနည်းဖြင့် ပြုလုပ်ရရှိလာသည့် မြေဆွေးကို အပင်စိုက်ချိန် တွင်မြေကြီးထဲသို့ရောမွှေခြင်း၊ စိုက်ကြောင်းဘေးတွင် လိုက်ထည့်ခြင်း စသည်ဖြင့် အသုံးပြုကြ သည်။

ထရိုင်ခိုဒါးမားမှို အသုံးပြုပြီးကာကွယ်နှိမ်နင်းနိုင်သောအပင်ရောဂါအချို့

မှတ်ချက်။    ဤဆောင်းပါးသည် တောင်သူများ လွယ်ကူစွာ နားလည်စေရန် ရည်ရွယ်ရေးသားထားခြင်း ဖြစ်ပါသည်။ ပိုမို ပြည့်စုံစွာ သိရှိလိုပါက ထွက်ရှိလာမည့် စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

 

ဒေါက်တာ ခင်နှင်းယု


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်