ခဝဲသီးစိုက်ပျိုးနည်း

16/08/2019 11:00 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

    ခဝဲပင်သည် ဘူး ဖရုံ စသောအပင်မျိုး၌ပါဝင်၍ နှစ်စဉ် စိုက်ပျိုးရသော အပင်မျိုးဖြစ်သည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် အလျား ၇ လက်မ မှ ၁၅ လက်မခန့်အထိ ရှည်သည်။ ခဝဲပင်၏ အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဖက်သို့ သေးသွယ်သွား၏။ လတ်ဆတ်နေချိန်၌ ခဝဲသီးသည် အစိမ်းရင့်ရောင် ရှိသည်။ သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိသည်။ အရည်ရွှမ်း၍ ပွသည်။ အစေ့မှာ သခွားစေ့နှင့် တူသည်။ အပွင့်မှာ အဝါရောင်ရှိသည်။ ဗြိစ္ဆာရာသီ တန်ဆောင်မုန်းလတွင် ပွင့်သောပန်းအဖြစ် ထင်ရှားသည်။ ခဝဲပင်ကို အသီးအတွက် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေ ၄ဝဝဝ ထက်နိမ့်သော အရပ်ဒေသတို့တွင် စိုက်ပျိုးနိုင်၏သည်။ ခဝဲသီးတွင်ပါရှိသော စောင်းများကို ခြစ်ထုတ်ပြီးလျှင် အခွံပါးပါးသင်ပြီးသည့်နောက် ကြော်ချက်သော်လည်းကောင်း၊ ဟင်းချိုသော်လည်းကောင်း ချက်၍စားကြသည်။ ခဝဲသီးကို အချိုချက်၊ အသား၊ ငါး၊ ပုဇွန်များနှင့်ရော၍ ချက်စားတတ်သည်။ ဟင်းချိုအဖြစ်ချက်၍ အသီးနုများ ပြုတ်တို့စားကြသည်။ ချိုသော အရာသာရှိ၍ ကြိုက်နှစ်သက်မှုများသည်။

မူရင်းဒေသ 

    ခဝဲပင်၏မူရင်းဒေသမှာ အာရှနှင့် အာဖရိကဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။

• မျိုး

    မြန်မာနိုင်ငံ၌ ခဝဲ ၂ မျိုးရှိသည်။ တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး ၅ – ၆ လက်မခန့်ရှည်ပြီး အသီး၏ ပုံသဏ္ဍာန်မှာ အမြီးပိုင်းက တုတ်ပြီး အဖျားပိုင်းသို့ ရှူးသွားသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျားညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်သည်။ ဆောင်းရာသီတွင် အပင်ငယ်ငယ်ဖြင့် ပန်းပွင့်တတ်၍ သတိထား စိုက်ပျိုးရသည်။ ရောဂါဒဏ်၊ ပိုးမွှား ဒဏ်ခံ၍ ဒေသနှင့် ကိုက်ညီသောမျိုးကို ထိန်းသိမ်းစိုက်ပျိုးသင့်သည်။ 

• စိုက်ချိန်

    မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာ၊ အောက်တိုဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့် နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကို ၀အောင်ပေးရပါမည်။ ဆောင်းရာသီတွင် အောက်ခြေမှ ငါးပေအထိ အသီးအပွင့်များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကို ယူသင့်သည်။ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့်သာ အစိုက်များသည်။

• စိုက်ပျိုးခြင်း

    ခဝဲစေ့ကို တိုက်ရိုက်အစေ့ချစနစ် စိုက်ပျိုး၍ရသလို ပေါင်င်တင်ပြီး စိုက်ပျိုး၍လည်း စိုက်ပျိုး၍ရ သည်။ မျိုးစေ့ ၂ ပေါင် ၃ ပေါင်လောက်သည် တစ်ဧကကျယ်ဝန်းသော မြေကွက်ပေါ်၌ ကြဲဖြန့်စိုက် ပျိုးရန်အတွက် လုံလောက်ပါသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ေပါင်င်ပေါ်တွင် တစ်ပေကြား လက်မဝက်ခန့်မြုပ်၍ စိုက်ပါ။ စိုက်ပေါင်ကို နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဆွဲ၍ တစ်ပေါင်နှင့် တစ်ပေါင် ငါးပေခြားဆွဲပါ။ တစ်ဧကလျှင် အပင် ၈,၀၀၀ ခန့်ရအောင်စိုက်ပျိုးပါ။ စင်ပေါ်သို့မရောက်မီ ကြားဝါးတန်းများကို တစ်ပေခြား ကန့်လန့်ဖြတ် ချည်ပေးရပါမည်။ မိုးအနည်းငယ်ရွာသွန်းသော ဒေသများတွင် ခဝဲပင်ကို စင်မထိုးဘဲ စိုက်ပျိုးကြသည်။ သို့သော် မိုးများစွာရွာသွန်းသောဒေသများတွင် စင်ထိုး၍ စိုက်ပျိုးကြသည်။ အကြောင်းမှာ စွတ်စိုသောမြေပေါ်တွင် ကြာမြင့်စွာ ခဝဲသီးကျနေပါမူ ပုပ်လွယ်တတ်သောကြောင့် ဖြစ်သည်။ 

• မြေသြဇာထည့်သွင်းခြင်း

   ခဝဲပင်ကို မြေဩဇာကောင်းသောနေရာများတွင် စိုက်ပျိုးကြသည်။ သဘာဝမြေဆွေးကို မစိုက်ပျိုးမီ ထည့်ပေးရသည်။ ဓာတ်မြေသြဇာကို လိုအပ်မှသာ စိုက်တန်းမှ ထည့်ပေးရသည်။ မြေဆီလွှာအစိုဓာတ်အမြဲရရှိရန် လိုအပ်သည်။ လိုအပ်၍ ရေသွင်းရလျှင် တစ်ပေါင်ခြားရေသွင်းရသည်။ မြောင်းအနက်၏ ၂/၃ ပုံသာ ရေပြည့်အောင်သွင်းရသည်။ ပေါင်ပေါ် ရေလျှံမတက်ရပါ။ ခဝဲ တစ်ဧကလျှင် နွားချေးဆွေး လှည်း ၁၀ စီးမှ အစီး ၂၀၊ ပုလဲ(၁-၂) အိတ်၊ တီစူပါ (၂-၄) အိတ်၊ ပိုတက်ရှ်မြေသြဇာ ၁၂ အိတ်ထည့်ပေးသင့်ပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါဓာတ်မြေသြဇာကိုရော၍ စိုက်ပေါင်တွင်း သမအောင်မွှေ၍ ထည့်ပေးရမည်။ အသီးစတင်သီးချိန်တွင်ပုလဲ၊ ပိုတက်ရှ်နှင့် နွားချေးဆွေးတို့ကိုရော၍ ပေါင်အောက်ခြေမှ ပေါင်ထပ်ပြီး အစာထပ်မံကျွေးရပါမည်။ မြေဩဇာညံ့ဖျင်းသော ဒေသများတွင် ပြာနှင့် နွားချေးအဆွေးများကို မြေဩဇာအဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာ ရွာသွန်းလာသည့်အချိန်ထိ ရေမှန်မှန် လောင်းပေးရသည်။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များ သန်စွမ်းသည်။ 

• ခူးယူခြင်း

   အပင်သက်တမ်း ၇၅ – ၈၀ ရက် ရှိသောအခါ အသီးကို ဆွတ်ခူးနိုင်သည်။ ရင့်သည်ထိထားပြီး ဆွတ်ခူးလျှင် အမျှင်များပါရှိပြီး စား၍ မကောင်းတော့ချေ။ တစ်ဧကလျှင်  အသီးလုံးရေ ၂၀,၀၀၀ – ၃၀,၀၀၀ အထိ ရရှိနိုင်သည်။ ခဝဲသီးသည် တာရှည်အထားခံသော အသီးမျိုးမဟုတ်ပါ။ 

Source – စိုက်ပျိုးရေးဦးစီးဌာ။  

              ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလမ်းညွှန်။

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်