ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ဘယ်လိုနေထိုင်စားသောက်ကြမလဲ?????
အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများ ထုတ်လုပ်နိုင်ဖို့ကလည်း စိုက်ပျိုးထုတ်လုပ် မွေးမြူသူများနှင့် တိုက်ရိုက်ဆက်နွယ်လျက်ရှိပါတယ်။
အဓိက လိုက်နာရမည့် အချက်များကတော့ အလွန်ပြင်းထန်တဲ့ ဓာတု ဓာတ်မြေသြဇာများ၊ ဓာတု ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်းနှင့် သီးနှံတို့ ရဲ့ မူလမျိုးစိတ်များကို ဓာတုပစ္စည်းများဖြင့် ပြောင်းလဲပေါင်းစပ်ကာ သဘာဝလွန်သီးနှံများအဖြစ် ထုတ်လုပ်ခြင်းကို ရှောင်ရှားပြီး သဘာဝနည်းအတိုင်း စိုက်ပျိုးရရှိတဲ့ အော်ဂဲနစ် သီးနှံများ ပိုမို ထုတ်လုပ်ကြရမှာ ဖြစ်ပါတယ်။
ဒါအပြင် အစာရေစာပြတ်လတ်မှု အန္တရာယ် မကျရောက်စေဖို့ကိုလည်း အမြဲမပြတ် ကြိုတင်ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ အကူအညီလိုအပ်ပါက မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန သက်ဆိုင်ရာ စိုက်ပျိုးရေး ပညာရှင်များနှင့် NGO အဖွဲ့များထံမှ နည်းပညာ အကူအညီ ရယူပြီး ဖြေရှင်းနိုင်ပါတယ်။
ဒါမှလည်း အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့အစားအစာများ စားသုံးသူများ လက်ထဲသို့ တိုက်ရိုက်ရောက်ရှိပြီး လူသားအားလုံး အာဟာရ ပြည့်ဝကာ ကျန်းမာ သက်ရှည်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
‘အသက်ရှည် ကျန်းမာစေဖို့ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စိုက်ပျိုးထုတ်လုပ် မှီဝဲ ကြပါစို့။’
ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။
ဗီဒီယို ဖိုင်ကို ဒေါင်းလုပ်ရယူနိုင်ရန် - https://goo.gl/zqBdjY
ဖိုင်ဆိုဒ်မှာ ၉ မက်ဂါဘိုက်သာ ရှိပါသည်။
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
UNESCO-LIFT
ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?
စောတိုးသူဝင်း • ဖြေကြားချက် 4 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
ဘာဆေးသုံးရမလဲဆရာတို့လမ်းညွန်ကြပါအုံး
Aung Nay Linn • ဖြေကြားချက် 2 ခု
ပူတာအိုဒေသမှာ ဘယ်လိုငှက်ပျောသီးစိုက်ပျိုးရင်ဖြစ်ထွန်းမလည်း။ စိုက်ပျိုးနည်း လည်းအသေးစိတ်လမ်းညွန်ပေးပါ။ ငှက်ပြောစျေးကွတ်ရော ထည့်ပြောပေးပါ
Mp ခင်ဆားရ် • ဖြေကြားချက် 2 ခု
ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
than way • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....