ဗီတာမင် အေ နှင့် ကျန်းမာရေး
ဗီတာမင် အေ ဘာကြောင့်လိုအပ်သလဲ
လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်ဓာတ်များထဲတွင် ဗီတာမင် အေ အပါအဝင်ဖြစ်ပါသည်။
-ဗိုက်တာမင်အေသည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရိုးတွင်းချင်စီ မှ သွေးဖြူဥများ ထုတ်လုပ်ပေးသည်။ ၎င်းသွေးဖြူဥများသည် လူကို နေမကောင်းဖြစ်စေသော ဘတ်တီးရီးယား ၊ဗိုင်းရပ်စ် စသည်တို့ကို တိုက်ထုတ်ပေးသည်။
- ဗီတာမင် အေဟာ သင့်ရဲ့ မျက်စိကျန်းမာရေးအတွက်လည်း မရှိမဖြစ်အရေးပါ ပါတယ်။ ဗီတာမင် အေသည် အလင်းအားနည်းနေချိန်မှာတောင် အမြင်အာရုံ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကြက်မျက်သင့်ရောဂါဖြစ်ပွားမှုကိုပါ လျော့ကျစေပါတယ်။
- ဗီတာမင်အေဟာ အရေပြားကျန်းမာရေးအတွက်လည်း အရေးပါ ပါတယ်။ အိုမင်းရင့်ရော်မှုကိုနှေးကွေးစေခြင်း၊ ဝက်ခြံထွက်မှုကို လျှော့ချပေးခြင်း စသည့် ကောင်းကျိုးများ ရရှိစေပါတယ်။
- ဒါ့အပြင် ဗီတာမင်အေသည် အရိုးကျန်းမားရေးကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း၊ မျိုးပွားအဖွဲ့အစည်းများကို အားကောင်းစေခြင်း၊ စတဲ့ ကောင်းကျိုးများလည်း ပေးစွမ်းပါတယ်။
ဗီတာမင် အေ ချို့တဲ့လျှင်
ဗီတာမင် အေ ချို့တဲ့လျှင်တော့ အမြင်အာရုံအားနည်းခြင်း၊ ဝက်ခြံထွက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ကိုယ်ခံအား ကျဆင်းခြင်း စတဲ့ ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။
ဗီတာမင်အေဓာတ် ကြွယ်ဝစေဖို့
ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ ဗီတာမင် အေ ဓာတ်ကို မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် ဗီတာမင်အေ ကြွယ်ဝ တဲ့ အစားအစာ တွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်အေဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ - မုန်လာဥနီ၊ရွှေဖရုံသီး၊ဘရိုကိုလီ၊ ဟင်းနုနွယ်ရွက်၊ဂေါ်ဖီထုတ်၊ ငရုတ်ပွ စသော ဟင်းသီးဟင်းရွက်များ၊ သင်္ဘောသီး၊ သခွားမွှေး၊သရက်သီး၊ထောပတ်သီး၊စသည့် သစ်သီးများ၊ ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများပဲဖြစ်ပါတယ်ခင်ဗျာ။
Source:
https://www.healthline.com/nutrition/vitamin-a-benefits
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
ဆက်စပ်မေးခွန်းများ
မတ်ပဲပင်အရင်ဆုံးထွက်တဲ့အရွက်နှစ်ရွက်ကတစ်ချို့ကျဝါပြီးကြွေသွားတယ်တစ်ချို့ကျအကောင်းတိုင်းရှိနေတယ်ဘာကြောင့်လဲဗျ
Sawsamson • ဖြေကြားချက် 0 ခု
စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ
Sawsamson • ဖြေကြားချက် 0 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 0 ခု
ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေးေကာင်တွေတွေ့လို့
Zaw Than Oo • ဖြေကြားချက် 0 ခု
ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Si Thu Hein
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....