Vitamin C ကြွယ်တယ် စွန်တန်ဟင်းချိုချက်သောက်မယ်
အခုလိုကိုဗစ်ကာလမှာ Vitamin C အလုံအလောက်ရရှိဖို့ လိုပါတယ်။ ဒါကြောင့် Vitamin C လည်းကြွယ်ဝ၊ သောက်ရလည်းအရမ်းကောင်းတဲ့ စွန်တန်ဟင်းချိုချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုန်ညင်းခြောက်၊ မျှစ်ချဉ်ခြောက်၊ ချဉ်စော်ခါးသီးခြောက် (အဆင်ပြေရာတစ်မျိုး)
- စပါးလင်
- ချင်း
- ငရုတ်သီး
- ကြက်သွန်နီ
- ခရမ်းချဉ်သီး
- နံနံပင်
- ကြက်သွန်မြိတ်
- ကြက်သား၊ ကြက်ရိုး
ပြုလုပ်နည်း
ပထမဆုံး ခရမ်းချဉ်သီးလေးတွေကို ပါးပါးလှီးရပါမယ်။ ပြီးရင်ကြက်သွန်နီတွေကိုလည်း ပါးပါးလှီးရပါမယ်။ တတ်နိုင်သမျှ ပါးပါးလှီးပေးရပါမယ်နော်။ ဘာလို့ဆို တခြားဟင်းရည်တွေလိုမျိုး ရောချက်မှာမဟုတ်ပဲ ဟင်းရည်ပူပူကို ကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေအပေါ် လောင်းချရမှာမို့လို့ပါ။
ပြီးရင် နံနံပင်ကို အပေါ်ပိုင်းအရွက်လေးတွေပဲယူပြီး လှီးထားရပါမယ်။ ကြက်သွန်မြိတ်လက်တစ်ဆစ်ခန့်စီ ဖြတ်ရပါမယ်။ ဂျင်းကိုလည်း ပါးပါးလှီးထားရပါမယ်။ ငရုတ်သီးစိမ်းကိုလည်း ကြိုက်နှစ်သက်ရာပုံစံအတိုင်း လှီးထားပေးရပါမယ်။
ဒါတွေအားလုံးပြီးရင်တော့ စွန်တန်ခြောက်ကို ရေဆေးပြီး ရေစိမ်ထားရပါမယ်။
ကြက်သားနှင့် ကြက်ရိုးကို အညှီများကင်းစေရန် ပထမတစ်ရေပြုတ်ထုတ်ပါမယ်။ ပြီးရင်တော့ ရေတစ်လီတာခန့်ထည့်ပြီး ကြက်သား၊ ကြက်ရိုး၊ ချင်း၊ ကြက်သွန်မြိတ်၊ စွန်တန်ခြောက်တို့ကို ထည့်ပြုတ်ရပါမယ်။ ဆားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်ကို မိမိလိုအပ်သလို ထည့်ပေးနိုင်ပါတယ်။
ဟင်းရည်အိုးကို၂၅ မိနစ်ခန့်အထိ ပြုတ်ပါမယ်နော်။ ဟင်းရည်အိုးပြုတ်နေစဉ်မှာ ဟင်းရည်ထည့်မယ့် ဇလုံ(သို့)ပန်းကန်ထဲမှာ စောနကလှီးထားတဲ့ ကြက်သွန်နီ၊ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ နံနံပင်တွေကို ထည့်ထားရပါမယ်။ ၂၅ မိနစ်နေလို့ ဟင်းရည်အိုးအနေတော်ဖြစ်ပါက ပန်းကန်ထဲကို ဟင်းရည်တွေလောင်းထည့်ပြီး အဖုံးဖုံး ငါးမိနစ်ခန့်ထားပေးရပါမယ်။ ငါးမိနစ်ပြည့်ပြီဆိုပူပူစပ်စပ်ဟင်းရည်ကလေးကို သောက်သုံးလို့ရပါပြီနော်။
Vitamin Cရော ကြက်သားရောပါဝင်လို့ အားအင်ကို အမြန်ဆုံးပြန်လည်ပြည့်စေမယ့် စွန်တန်ဟင်းရည်လေးကို ချက်သောက်ကြည့်စေချင်ပါတယ်ဗျ။
Source.....https://youtu.be/g-hStkQU5_M
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Nyan Thant Zin
အားလုံး
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....