နေ့စဉ်မိုးလေဝသ သတင်း

30/01/2018 09:46 AM တွင် မိုးဇလ မိုးဇလ မှ ရေးသား

(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ကိုးကား-မိုးဇလ


Natural Cure Co.,Ltd ကြော်ငြာ

ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံးမင်္ဂလာပါရှင့် ခုမိတ်ဆက်ပေးချင်တာကတော့ အန်စီကွန်ပေါင်းဓာတ်မြေဩဇာလေးတွေဖြစ်ပါတယ် တောင်သူကြီးများအနေဖြင့် သီးပင်စားပင်စိုက်ပြီဆိုတာနဲ့ မြေဩဇာကျွေးလေ့ရှိကြတယ်မဟုတ်လား မြေဩဇာဆိုတာနဲ့ (NPK)အချိုးအစုံရှိတဲ့ အန်စီဓာတ်မြေဩဇာလေးတွေကို သတိရလိုက်ပါရှင့် အောက်မှာ အချိုးတစ်ခုချင်းစီအလိုက် ပုံလေးတွေနဲ့ အတူတူ ဖော်ပြပေးလိုက်ပါတယ်ရှင့် အသေးစိတ်သိလိုပါက 09958457742 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်