ဇွန် ၁၆ ရက်နေ့အတွက် မြစ်ရေအခြေအနေနှင့် မိုးလေဝသခန့်မှန်းချက်

16/06/2026 15:44 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဇွန်လ ၁၆ ရက် - ၃ နာရီ ၃၀ မိနစ်အချိန် Meteoblue ၏ ICON Auto မော်ဒယ်လ်ခန့်မှန်းချက် (၂၄ နာရီမှ ၁၆၈ နာရီအထိ) ရရှိသောမြေပုံများကို အခြေခံ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စုစုပေါင်းရရှိနိုင်သည့်မိုးရေချိန်ပမာဏ (Accumulated Precipitation) ၊ ဖြစ်ပေါ်လာနိုင်သည့်မိုးလေဝသအခြေအနေ၊ ပင်လယ်ပြင်အခြေအနေနှင့် DMH မှတင်ပြထားသည့်မြစ်ရေအခြေအနေများအပေါ် ခန့်မှန်းသုံးသပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိုးရေချိန် ခန့်မှန်းချက်ဇယား (mm) ဇယားပုံတွင်ကြည့်ပါ

၂။ မိုးရေချိန်အနည်း / အများ သုံးသပ်ချက်

•  မိုးအလွန်နည်းသော ဇုန် (၁၆၈ နာရီအတွင်း စုစုပေါင်း ၅၀ mm အောက်) - ကယားပြည်နယ်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့ ပါဝင်သည့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်များသည် ရက်သတ္တပတ်တစ်ပတ်လုံးတွင် မိုးရွာသွန်းမှု ကွက်ကျားသာရှိနိုင်ကာ နေ့အပူချိန် မြင့်မားနေနိုင်သေးသည်။

•  မိုးအသင့်အတင့် ဇုန် (၁၆၈ နာရီအတွင်း စုစုပေါင်း ၅၀ - ၁၂၀ mm) - နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်တစ်ခုလုံးနှင့် ပဲခူးတိုင်းတို့ ဖြစ်သည်။ မိုးပုံမှန်ရွာသွန်းမှု ရှိမည်ဖြစ်ပြီး အပူပြင်းရာမှ လေထုမငြိမ်မသက်မှုကြောင့် မိုးသက်လေပြင်းကျခြင်း၊ မိုးကြိုးပစ်ခြင်းများ သတိပြုရန် လိုအပ်ပါသည်။

•  မိုးများ/အလွန်ကြီးနိုင်သော ဇုန် (၁၆၈ နာရီအတွင်း စုစုပေါင်း ၁၅၀ - ၅၀၀+ mm) - ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ဖြစ်သည်။ မြေပုံများတွင် ၇၂ နာရီမှစတင်၍ ရခိုင်ကမ်းရိုးတန်းနှင့် ကချင်ပြည်နယ်မြောက်ပိုင်းတို့၌ အဝါရောင်၊ လိမ္မော်ရောင်မှသည် ၁၂၀/၁၆၈ နာရီတွင် ပန်းရောင်ရင့်ရင့် (Magenta/Pink - 350-500mm) အထိ ပြောင်းလဲသွားသည်ကို တွေ့ရသဖြင့် ၎င်းသည် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းနိုင်မှုကို ညွှန်ပြနေပါသည်။

၃။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသခန့်မှန်းချက် (Analysis) - ဘင်္ဂလားပင်လယ်အော်နှင့် ကုန်းတွင်းပိုင်း မော်ဒယ်လ်ရလဒ်များအရ အောက်ပါဖြစ်နိုင်ခြေ မြင့်မားသော သက်ရောက်မှု (၃) ခုကို သတိပြုရပါမည်။

(က) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း လေဖိအားနည်းရပ်ဝန်း သက်ရောက်မှု - မြေပုံ ၂၄ နာရီမှ ၁၆၈ နာရီသို့ ပြောင်းလဲလာပုံအရ ဘင်္ဂလားပင်လယ်အော်ထဲတွင် သိသာထင်ရှားသော မိုးတိမ်တိုက်လည်ပတ်မှု (Circulation) တစ်ခု အားကောင်းလာသည်ကို တွေ့ရသည်။ 

အထူးသဖြင့် ၁၂၀ နာရီနှင့် ၁၆၈ နာရီမြေပုံများတွင် ရခိုင်ကမ်းရိုးတန်းအနီး ပင်လယ်ပြင်၌ မိုးရေချိန်ပြင်းအား အလွန်မြင့်မားသော (ပန်းရောင်ဇုန်) တိမ်တိုက်ကြီး စုဝေးနေသည်။ ၎င်းသည် အနည်းဆုံး လေဖိအားနည်းရပ်ဝန်း (Low Pressure Area) မှ မုန်တိုင်းငယ် (Depression) အဆင့်အထိ တိုးတက်ပြောင်းလဲလာနိုင်ဘွယ်ရှိပြီး အနောက်ဘက်/အနောက်မြောက်ဘက်သို့ ရွေ့လျားမည့် လက္ခဏာရှိပါသည်။

(ခ) အနောက်တောင်မုတ်သုံလေ (Southwest Monsoon) အရှိန်အဟုန်ပြင်းလာခြင်း - မော်ဒယ်ခန့်မှန်းချက် ရက်ကြာလာသည်နှင့်အမျှ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှ ရေငွေ့စိုထိုင်းဆ မြင့်မားသော မုတ်သုံလေတိမ်တိုက်များသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အနောက်ဘက်ကမ်းရိုးတန်းများသို့ တိုးဝင်လာနေသည်။ ထို့ကြောင့် တနင်္သာရီ၊ မွန်၊ ကရင်၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်တို့တွင် အဆက်မပြတ် မိုးရွာသွန်းမှု အရှိန်မြင့်တက်လာမည်ဖြစ်သည်။

(ဂ) ကချင်ပြည်နယ်နှင့် စစ်ကိုင်းအထက်ပိုင်းတွင် လေဆုံရပ်ဖြစ်ပေါ်ခြင်း - မြန်မာနိုင်ငံမြောက်ပိုင်း (ကချင်ပြည်နယ်) တွင် ရက်သတ္တပတ်တစ်လျှောက်လုံး အဝါရောင်နှင့် ပန်းရောင်ဇုန်များ သီးခြားဖြစ်ပေါ်နေသည်။ ၎င်းသည် “အိန္ဒိယဘက်မှ ရွေ့လျားလာသော လေလှိုင်းများနှင့် မုတ်သုံလေ”ဆုံရာ ဒေသဖြစ်လာနိုင်သဖြင့် တောင်တန်းဒေသများတွင် မိုးများနိုင်သည့်အခြေအနေ ဖြစ်လာနိုင်ပါသည်။

၄။ ကြိုတင်သတိပေးချက်နှင့် အကြံပြုချက်များ (Early Warning)

မြေပြိုခြင်းနှင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ် (Flash Floods & Landslides) - ရခိုင်ပြည်နယ် (အထူးသဖြင့် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူတကြော)၊ ကချင်ပြည်နယ် (မြစ်ကြီးနား၊ ပူတာအို)၊ ချင်းတောင်တန်းနှင့် တနင်္သာရီတိုင်းတို့တွင် ကာလတိုအတွင်း စုစုပေါင်းမိုးရေချိန် လွန်ကဲစွာ ရရှိနိုင်သဖြင့် မြေပြိုမှုအန္တရာယ်နှင့် တောင်ကျစမ်းရေလျှံမှုများကို အထူးသတိပြုရန် လိုအပ်ပါသည်။

စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှု - မြန်မာနိုင်ငံအလယ်ပိုင်း (မန္တလေး၊ မကွေး၊ ကယား) တွင် မိုးရရှိမှုနည်းနေဦးမည်ဖြစ်၍ မိုးဦးသီးနှံစိုက်ပျိုးရန် ရေသွင်းယူမှု စနစ်တကျစီမံရမည်ဖြစ်သော်လည်း၊ မြစ်ဝကျွန်းပေါ်နှင့် မြောက်ပိုင်းဒေသများတွင် မိုးလွန်ကဲ၍ စိုက်ခင်းများ ရေနစ်မြုပ်မှု မဖြစ်စေရန် ရေနုတ်မြောင်းများ ကြိုတင်ပြင်ဆင်သင့်သည်။

ပင်လယ်ပြင်ခရီးသွားလာမှု - ခန့်မှန်းချက် ရက်သတ္တပတ်၏ ဒုတိယထက်ဝက်ကာလ (၇၂ နာရီမှ ၁၆၈ နာရီအတွင်း) ဘင်္ဂလားပင်လယ်အော် လှိုင်းလေ ထန်လာနိုင်သဖြင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိပြုရန် လိုအပ်ပါသည်။

ဇွန်လ ၁၆ ရက် မြစ်ရေအခြေအနေများအနေဖြင့် -

ဧရာဝတီမြစ် - သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး စသည့် မြို့များတွင် ပခုက္ကူမြို့၌ မြစ်ရေ အမြင့်ဆုံး ၁၁၉ cm = ၃.၉ ပေခန့် တက်လာသည်ကို တွေ့ရသော်လည်း မြို့များ၏ စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန်မှာ (အမြင့်ဆုံးရေတက်လာသည့် ပခုက္ကူမြို့တွင် ပေ ၂၀ ကျော်လိုသေးသည်ကို တွေရသဖြင့် စိုးရိမ်ရန်မရှိသေးပါ။

ချင်းတွင်းမြစ် - ခန္တီး၊ ဟုမ္မလင်း၊ ဖေါင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း မြို့များတွင် ဟုမ္မလင်းမြို့၌ မြစ်ရေ အမြင့်ဆုံး ၁၆၂ cm = ၅.၃၁ ပေခန့် တက်လာသည်ကို တွေ့ရသော်လည်း မြို့များ၏ စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန်မှာ (အမြင့်ဆုံးရေတက်လာသည့် ဟုမ္မလင်းမြို့တွင် ၉.၃၂ ပေ လိုသေးသည်ကို တွေရသဖြင့် စိုးရိမ်ရသည့်အခြေအနေသို့ မရောက်သေးပါ။

DMH မြစ်ရေတိုင်းတာရေးစခန်းများမှ ရရှိသည့် မြစ်ရေအခြေအနေများအရ ကျန်မြစ်များ သည်လည်းစိုးရိမ်ရေမှတ်များသို့ရောက်ရန် လိုသေးသဖြင့် မြစ်ကြီးများ ရေကြီးရေလျှံဖြစ်နိုင်သည့်အခြေအနေကို စိုးရိမ်ရသည့်အခြေအနေသို့ မရောက်သေးပါ။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်