ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းသေချာလာ

31/03/2025 13:42 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

🔸 ECMWF က မုန်တိုင်းဖြစ်နိုင်ချေ ၅၀% လို့ တွေ့ရပြီး 

🔸 NOAA GFS ကတော့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဘက် ဦးတည်နိုင်ကြောင်း တွေ့နေရပါတယ်။

လေဖိအားနည်းရပ်ဝန်းတကယ်ဖြစ်လာတဲ့အခါ ဘယ်လိုသွားမယ် ဘယ်လောက်အားကောင်းမယ်ဆိုတာ သိရမှာဆိုပေမယ့် ပြင်ဆင်ချိန်အရမ်းနည်းသွားနိုင်တာကြောင့် အခုတွေ့တာကိုတင်ပေးထားတာ ဖြစ်ပါတယ်။

ဆိုတော့ လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်ကို ရောက်လာရင် နောက်လာမဲ့ ၂၁၆ နာရီအတွင်း(၇ ရက်မှ ၉ ရက်အတွင်း)မုန်တိုင်းဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းကို ECMWF စုပေါင်း modal များကြိုတင်ခန့်မှန်းလမ်းကြောင်းနဲ့ GFS(GEFS)စုပေါင်းလမ်းကြောင်းကြိုတင်ခန့်မှန်းချက်များကို တင်ပြပေးထားပါ့မယ်။

⚠️  အခုကြိုတင်ခန့်မှန်းလမ်းကြောင်းများအရ မြန်မာနိုင်ငံဘက်ကို ရွေ့လျားလာနိုင်မဲ့ အခြေအနေတွေရှိနေတာလဲ တွေ့ရပါတယ်။

⚠️ နောက်လာမဲ့ ၃ ရက် အတွင်း ပိုသေချာအောင်အတည်ပြုပေးနိုင်ပါမယ်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်