ယနေ့ ည ၁၁ နာရီမှစ၍ ၄၈ နာရီအတွင်း တစ်နိုင်ငံလုံးနေရာအနှံ့အပြားမိုးရွာနိုင်

21/10/2024 14:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဒီနေ့မနက် ၁၀ နာရီ ၅၀ မိနစ်မှာ JTWC ရဲ့ ထုတ်ပြန်ချက် အချက်အလက်တွေအရ - 

🔸 ပင်လယ်ပြင်အခြေအနေနဲ့ ပတ်ဝန်းကျင်အခြေအနေတွေက မုန်တိုင်း(ဆိုင်ကလုန်းမုန်တိုင်း)ဖြစ်လာနိုင်အောင် ပံ့ပိုးပေးမဲ့အခြေအနေတွေမှာ ရှိနေကြောင်းတွေ့ရပါတယ်။ ဒါကြောင့် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ အဆင့် MEDIUM သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။

🔸 လေဖိအားနည်းရပ်ဝန်းက ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် ၂၁၃ မိုင်ခန့်၊ ကျောက်ဖြူမြို့ တောင်-အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်နဲ့ စစ်တွေမြို့ တောင်ဘက် ၃၆၃ မိုင်ခန့်မှာ ဗဟိုပြုပြီး ရွေ့လျားမှုအနည်းငယ်သာရှိကြောင်းတွေ့ရပါတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ ဗဟိုဖိအား 1006MB နဲ့ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၂၆ မိုင်ခန့်ရှိနေကြောင်းလဲ ဖော်ပြထားပါတယ်။

🔸 WINDY ခန့်မှန်းချက်အရ 

အောက်တိုဘာ ၂၃ ရက် နံနက် အစောပိုင်းမှာ ဗဟိုချက်အနီးလေတိုက်နှုန်း တစ်နာရီ ၃၉ မိုင်ကျော်အထိရှိလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်နိုင်မှာဖြစ်ကြောင်း၊ အောက်တိုဘာ ၂၄ ရက် ည ပိုင်း၊ အိန္ဒိယနိုင်ငံ ကမ်းခြေအနီးချဉ်းကပ်ရောက်ရှိစဉ်မှာ လေတိုက်နှုန်း တစ်နာရီ ၅၅ မိုင်အထက် ရှိလာပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(SCS)ဖြစ်လာနိုင်ကြောင်း တွေ့ရပါတယ်။

WINDY APP ပေါ်က ECMWF model update နဲ့ အိန္ဒိယမိုးလေဝသဋ္ဌာန က အချက်အလက်များပေါင်းစပ်ထားတဲ့ မုန်တိုင်းလမ်းကြောင်းနဲ့ မုန်တိုင်းလေတိုက်နှုန်းခန့်မှန်းချက်မှာ 

🔸 အောက်တိုဘာ ၂၃ ရက် နေ့လည် ၁ နာရီ - လေတိုက်နှုန်း တစ်နာရီ ၅၂ မိုင်ဖြစ်လာပြီး အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm-CS) "DANA" ဖြစ်လာနိုင်ကြောင်းနဲ့ ...

🔸 အောက်တိုဘာ ၂၄ ရက် နံနက် ၁ နာရီမှာ လေတိုက်နှုန်း တနာရီ ၆၃ မိုင်အထိ ရှိလာပြီး အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm - SCS)ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွေ့ရပါတယ်။

🔸 မုန်တိုင်းလမ်းကြောင်းခန့်မှန်းချက်အရ မြန်မာပြည်ဘက်ကို ဦးတည်ရွေ့လျားနိုင်ရန် မရှိကြောင်းတွေ့ရပြီး

အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီ မှ အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီအထိ(၄၈ နာရီအတွင်း) - 

🔸 တစ်နိုင်ငံလုံး နေရာအနှံ့အပြားမိုးရွာနိုင်ကြောင်း၊

🔸 မကွေးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ တနင်္သာရီတိုင်း(ထားဝယ်မြို့ အောက်ဘက်) ဒေသတွေမှာတော့ ၄၈ နာရီအတွင်း မိုးရေချိန် ၂ လက်မ မှ ၃ လက်မအထိ ရွာသွန်းကာ နေရာကွက်ပြီး မိုးများနိုင်ကြောင်း၊ 

🔸 မြေပြင်လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ အထိ ရှိနိုင်ကြောင်း၊ 

🔸 ပင်လယ်ပြင်မှာတော့ တနာရီ မိုင် ၄၀ ခန့်အထိ တိုက်နိုင်ကြောင်း၊

🔸 ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေ မှ ၁၀ ပေအထိရှိနိုင်ကြောင်း တွေ့ရပါတယ်။

အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်မှာလည်း

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို ဆက်လက်ရွေ့လျားပြီး -

  • အောက်တိုဘာ ၂၂ ရက် ညနေပိုင်းတွင် မုန်တိုင်းငယ်(DEEP DEPRESSION-DD)အဖြစ်သို့လည်းကောင်း၊
  • အောက်တိုဘာ ၂၃  ရက် နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(CYCLONIC STORM-CS)"DANA" အဖြစ်သို့လည်းကောင်း၊
  • အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM - SCS)အဖြစ်သို့လည်းကောင်းရောက်ရှိလာနိုင်ကြောင်း တွေ့ရပါသည်။

အိန္ဒိယမိုးလေဝသဋ္ဌာနနှင့် WINDY - ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်များအရ -

မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်မဟုတ်ကြောင်း၊

အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီသို့သာ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၄ ရက် ညပိုင်းမှ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအချိန်အတွင်း ဖေါ်ပြပါပြည်နယ်တခုခု၏ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။

⛈ 🌧 မုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မြို့အောက်ဘက်) ဒေသများတွင် မိုးများနိုင်ပြီး - 

🌦 ကျန်ပြည်နယ်တိုင်းများတွင် မိုးအသင့်အတင့် ရှိပါမည်။

ဗဟုသုတအနေဖြင့် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၁ လုံးဖြစ်တဲ့အခါ -

- မုန်တိုင်းအရွယ်အစားအချင်းမိုင် (အခုမုန်တိုင်းရဲ့ အချင်းမိုင် ကြိုတင်ခန့်မှန်းချက်က မိုင် ၃၇၀ ကျော်လောက်ရှိနိုင်မယ် မှန်းထားပါတယ်)

- မုန်တိုင်းရဲ့အား (လေတိုက်နှုန်း)

- မုန်တိုင်းရွေ့လျားတဲ့လမ်းကြောင်း ဆိုတဲ့ ၃ ချက်အပေါ်မှာ မြန်မာနိုင်ငံဘက်ကို ဘယ်လို/ဘယ်လောက် သက်ရောက်မှု ရှိနိုင်မလဲ - ချင့်ချိန်မှန်းဆရပါတယ်။

ပိုပြောလို့လဲ မကောင်း၊ လိုပြောလို့လဲ မကောင်းပါ။

အခု မုန်တိုင်းအခြေအနေကြိုတင်ခန့်မှန်းချက်အရ မုန်တိုင်းလမ်းကြောင်းရဲ့ ညာဘက်မှာရှိတဲ့ မြန်မာနိုင်ငံအပေါ် အရှိန်သက်ရောက်မှုကတော့ ရှိပါတယ်။ မြန်မာပြည်တောင်ပိုင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးမြို့တောင်ဘက် -မန္တလေးတိုင်း ဒေသတွေမှာ မိုးများလာနိုင်၊ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

လောလောဆယ်တော့ ဒီနေ့မနက်ပိုင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းက မြို့တွေမှာ မိုးများ/လေပြင်းတာတွေရှိခဲ့ပါတယ်။ ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းတွေမှာ ဒီမုန်တိုင်းကုန်းတွင်းမဝင်မချင်း(အောက်တိုဘာ ၂၅ ရက်အထိ) ဒီလိုမိုးလေဝသဖြစ်စဉ်တွေ ဆက်ပြီး ဖြစ်နေပါဦးမယ်။

ဒီမုန်တိုင်း ပြီးသွားတဲ့အခါ ၂၅ ရက်ကျော်ရင်တော့ ရပ်ပါမယ်။ ဒီနှစ်က အယ်လ်နီညို ဆိုတဲ့ အစွန်းရောက်ရာသီဥတုဖြစ်ထားတာကြောင့်ရယ် နှစ်ကုန်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ခပ်ပျော့ပျော့ လာနီညာ ကြောင့်ရယ်၊ အခါလွန်မိုးတွေကတော့ နိုဝင်ဘာလ ကုန်အထိ ရှိနေနိုင်ပါသေးတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ မုန်တိုင်းတွေ ထပ်မဖြစ်ရင်တော့ စိတ်အေးရပါပြီ။

၂၀၂၄ ခုနှစ် အယ်လ်နီညိုနှစ်တွေမှာ ဖြစ်တတ်တဲ့ ရာသီဥတုအခြေအနေကို မှတ်သားထားကြစေချင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်