နောက် ၂၄ - ၄၈ နာရီအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအနည်းငယ်မှအပ တစ်နိုင်ငံလုံး နေရာကွက်၍ မိုးကြီးနိုင်

30/09/2024 13:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

 

စက်တင်ဘာ ၃၀ ရက် နံနက် ၂ နာရီ ခွဲ အချိန်ရရှိသည့်ဒေတာများအရ

 

နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ  ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအနည်းငယ်မှအပ တစ်နိုင်ငံလုံး နေရာအနှံ့အပြားမိုးရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါမယ်။

အထူးသဖြင့် - 

ရှမ်း-အရှေ့၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ စက်တင်ဘာ ၃၀ ရက် နံနက် ၆ နာရီမှ အောက်တိုဘာ ၂ ရက် နံနက် ၆ နာရီအထိ - ၄၈ နာရီအတွင်း မိုးရေချိန် ၈၀ မီလီမီတာအထက်(၃ လက်မနှင့် အထက်)မိုးများနိုင်ပါသည်။

သတိပြုပါရန် - 

မိုးတိမ်များရွေ့လျားဝင်ရောက်သည့် လမ်းကြောင်းပေါ်ရှိအထက်ပါ ပြည်နယ်တိုင်းများအတွင်းမှ မြို့များဝန်းကျင်တွင် ၁၈၀ မီလီမီတာနှင့်အထက်(၇ လက်မခန့်)အထိ မိုးများနိုင်ပါမယ်။

ပြည်နယ်တိုင်းများတွင် နောက်လာမည့် ၄ ရက်အတွင်း ဖြစ်နိုင်ချေရှိသော မိုးလေဝသအခြေအနေများကြည့်ရန် Weather Widget ကြည့်သည့်အခါ နားလည်နိုင်ရန် နမူနာပုံကိုပူးတွဲတင်ပေးထားပါတယ်။

တနင်္သာရီတိုင်း - 

https://www.mmweather.org/divisional-cities-weather/tanintharyi-div

ကရင်ပြည်နယ် - 

https://www.mmweather.org/divisional-cities-weather/kayin-div

မွန်ပြည်နယ် - 

https://www.mmweather.org/divisional-cities-weather/mon-state

ဧရာဝတီတိုင်း - 

https://www.mmweather.org/divisional-cities-weather/ayarwaddy-div

ပဲခူးတိုင်း - 

https://www.mmweather.org/divisional-cities-weather/bago-div

ရန်ကုန်တိုင်း - 

https://www.mmweather.org/divisional-cities-weather/yangon-div

ချင်းပြည်နယ် - 

https://www.mmweather.org/divisional-cities-weather/chin-state

ရခိုင်ပြည်နယ် - 

https://www.mmweather.org/divisional-cities-weather/rakhine-state

နေပြည်တော် - 

https://www.mmweather.org/divisional-cities-weather/naypyitaw-div

မကွေးတိုင်း - 

https://www.mmweather.org/divisional-cities-weather/magway-div

မန္တလေးတိုင်း - 

https://www.mmweather.org/divisional-cities-weather/mandalay-div

စစ်ကိုင်းတိုင်း - 

https://www.mmweather.org/divisional-cities-weather/sagaing-div

ကယားပြည်နယ် - 

https://www.mmweather.org/divisional-cities-weather/kayah-state

ရှမ်းပြည်နယ် - 

https://www.mmweather.org/divisional-cities-weather/shan-state

ကချင်ပြည်နယ် - 

https://www.mmweather.org/divisional-cities-weather/kachin-state

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်