နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု

07/11/2021 11:30 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕘 နံနက် ၉း၀၀ နာရီအချိန် ခန့်မှန်းချက်

၂၀၂၁ နိုဝင်ဘာလ ၈ရက်နေ့တွင် ရန်ကုန်တိုင်း ဧရာဝတီတိုင်း  ပဲခူးတိုင်း တွေမှာ မိုးရွာသွန်းနိုင်ပါတယ် ၉ရက်နေ့မှ ၁၁ရက်နေ့အတွင်းမှာတော့ နေသာချိန်များစွာရရှိနိုင်ပါတယ်။

🕔 နံနက် ၅း၃၀ အချိန် ခန့်မှန်းချက်

မိုးသတိ🌧🌧🌧

၂၀၂၁ နိုဝင်ဘာလ ၉ရက်နေ့ တွင် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်၊ ပဲခူးတိုင်းမှ ပြည်ခရိုင် မကွေးတိုင်းမှ သရက်ခရိုင် နေပြည်တော် ရမည်းသင်း ဒေသများတွင် မိုးရွာနိုင်ပါတယ်

ရိပ်သိမ်းအခြောက်လှမ်းနေသူတွေ ယနေ့၇ရက်နေ့နှင့် ၈ရက်နေ့တွေမှာ အပြီးဆောင်ရွက်ကြပြီး အမိုးအကာအောက် လုံခြုံစွာရောက်ရှိအောင် အလေးထားဆောင်ရွက်လုပ်ကိုင်ကြပါ။

update- လေစီးပိုမိုမြန်ဆန်လာနေပါတယ် ဒါကြောင့် ဖော်ပြပါခန့်မှန်းချက်မှ ဒေသများတွင် မိုးရွာနိုင်မှုအခြေအနေမှာ ၉ရက်နေ့ထက်စော၍ ၈ရက်နေ့မှာတောင်မိုးရွာလာနိုင်ပါတယ်။

Su Su San 

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 

                       &

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်