တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

14/04/2018 21:15 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီအပတ်ရဲ့ ပထမဆုံးနေ့ တနင်္လာနေ့မှာ ဘနားမားသတင်းဌာနရဲ့ အဆိုအရ မလေးရှားရော်ဘာဈေးကွက်ဟာ အမေရိကန်ဒေါ်လာနဲ့ယှဉ်တဲ့ ရင်းဂစ်ရဲ့အလှုပ်နဲ့ ကမ္ဘာ့ရေနံစိမ်းဈေးတို့ကိုလိုက်ပြီးတော့ နောက်အပတ်မှာ သတိအနေအထားဖြင့် ရောင်းဝယ်ကြရဘို့ရှိပါတယ်တဲ့။ 

ရော်ဘာဈေးဟာ အခြားကုန်စည်တွေရဲ့ဈေးနှုန်းတွေနဲ့ အပြိုင်လှုပ်သလို၊ ဒေသတွင်းဈေးကွက်တွေဖြစ်တဲ့ တိုကျိုကုန်စည်ဈေးကွက် TOCOM နဲ့ ရှန်ဟိုင်းကုန်စည်ဈေးကွက် SHFE တို့နဲ့လည်း  အတိုင်အဖေါက်ညီစွာ လိုက်လံလှုပ်ရှားပါတယ်တဲ့။ 

တရုတ်ရဲ့ အမေရိကန်ထုတ်ကုန် ၁၂၈ မျိုးအပေါ် အခွန်အကောက် ၂၅ ရာနှုန်းမြှင့်တင်ဘို့ကြိုးပမ်းမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ဒေါ်နယ်ထရမ့်က သူ့ရဲ့ ကုန်သွယ်ရေးဆိုင်ရာအရာရှိတွေကို တရုတ်အပေါ် နောက်ထပ် ဒေါ်လာ ဘီလီယံ ၁၀၀ ဘိုးရှိ သွင်းကုန်များကို အခွန်ကောက်ဘို့ညွှန်ကြားလိုက်ခြင်းက ရော်ဘာအပါအဝင် အခြားကုန်စည်တွေရဲ့ဈေးနှုန်းအပေါ် သွယ်ဝိုက်အကျိုးသက်ရောက်မှုရှိမယ်တဲ့လို့ မလေးကုန်သည်တစ်ဦးကဆိုတယ်။

" ကမ္ဘာ့ ရေနံတင်သွင်းမှုအများဆုံးနဲ့ ကမ္ဘာ့စွမ်းအင်အများဆုံးသုံးစွဲသူ တရုတ်ရဲ့ ရေနံလိုအပ်ချက်က ကမ္ဘာ့ရေနံဈေးကို အဆုံးအဖြတ်ပေးတဲ့ အချက်တစ်ချက်ဖြစ်တယ်" တဲ့ သူကဆက်ပြောပါတယ်။

အင်္ဂါနေ့မှာ SCI99 ရဲ့ အစီရင်ခံစာထွက်လာတယ်။ Sublime China Information Co. Ltd - SCI ဟာ တရုတ်ကုန်စည်ဈေးကွက်အတွက် ယုံကြည်ရတဲ့ သတင်းအချက်အလက်ဆိုင်ရာ ဦးဆောင် ကုမ္ပဏီတစ်ခုပါ။ အဲဒီအစီရင်ခံစာမှာ "သဘာဝရော်ဘာဈေးကွက် ခန့်မှန်းချက် Natural rubber market forecast" ဆိုတာပါတယ်။ 

အဲဒီမှာ ရေးထားတာက...

လတ်တလောမှာ သဘာဝရော်ဘာဈေးကွက် အားနည်းနေပါတယ်။ ဈေးကွက်အပေါ်မောင်းနှင်တဲ့ အခြေခံအချက်တွေ မရှိသလောက်ပါ။ ယူနန်နဲ့ ဟိုင်နန်ပြည်နယ်မှာ ရော်ဘာစတင်ခြစ်ကြတော့မယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာ တိုင်ယာဝယ်လိုအားက နည်းနေတယ်။ အိတ်စ်ပို့အော်ဒါကလည်း နိုင်ငံတကာယှဉ်ပြိုင်မှုနဲ့ ထိပ်တိုက်တွေ့နေတယ်။ ဝယ်အား-ရောင်းအား မမျှမတဖြစ်နေခြင်းက ဈေးကွက်ဟာ ကျရိပ်ရှိမယ်လို့ မျှော်မှန်းရတယ်။ ထို့ကြောင့် သဘာဝရော်ဘာရဲ့ ရှန်ဟိုင်းကြိုရောင်း ကြိုဝယ်ဈေးကွက် SHFE မှာ အကျဘက်မှာ ရှိနေနိုင်ပါသေးတယ်။ သဘာဝရော်ဘာဈေးက bottoming process (ကုန်သည်တွေက သူတို့ပစ္စည်းတွေကို အရောင်းရပ်ထားတဲ့ အခြေအနေ) မှာရှိနေတယ်။ ပြီးတော့ စက်မှုလုပ်ငန်းကွင်းဆက်ကြီးရဲ့ စတော့လျှော့ချတဲ့စက်ဝန်းရဲ့ အလှည့်အပြောင်းအမှတ်ကိုရောက်နေတာလည်းဖြစ်တယ်။ သဘာဝရော်ဘာဈေးကွက်ဟာအဓိကအားဖြင့် အခြေခံအချက်တွေရဲ့ အကျိုးဆက်နဲ့ပဲ ဆက်လက်တည်ရှိနေမယ်။ SHFE မှာ အရောင်းအဝယ်အဓိကလုပ်ကြတဲ့ ကန်ထရိုက်လဟာ RU1809 စက်တင်ဘာလ ကိုပြောင်းသွားပြီဆိုတော့ ဈေးကွက်ရဲ့ဖိအားဟာ ဩဂုတ်လနဲ့ စက်တင်ဘာလတို့အပေါ် မြင့်မားလာတော့မယ်။ သဘာဝရော်ဘာဈေးဟာ အတော်နိမ့်နိမ့်ကိုရောက်သွားတဲ့အခါ ရော်ဘာခြစ်ခဟာ ရော်ဘာဈေးကွက်အပေါ် ကြီးစွာသောလွှမ်းမိုးမှုရှိလာမယ်။ ဒါကြောင့် သဘာဝရော်ဘာဈေးဟာ မကြာတော့သောအနာဂတ်မှာ အကန့်အသတ်နဲ့သာ ကျမယ်။ [ဆိုလိုတာက ရော်ဘာဈေးဟာ ခြစ်ခအပါအဝင်ဖြစ်တဲ့ ထုတ်လုပ်စရိတ်အောက်ကို ရောက်သွားလို့မဖြစ်ဘူး] စက်တင်ဘာကန်ထရိုက် RU1809 (2018-09)ဟာ မက်ထစ်တစ်တန်ကို ရင်မင်ဘီ ၁၁၅၀၀ ဝန်းကျင်မှာ ဝဲနေမယ်။ ဒီတော့ ဈေးကစားသူတွေက ဈေးတက်တဲ့အခါမှာ short selling လုပ်ကာ ဈေးကစားကြမယ်။ [ ကျရိပ်ရှိတဲ့ ကုန်စည်တစ်ခုရဲ့ ကန်ထရိုက်တွေကိုချေးယူပြီး လက်ရှိတက်ဈေးနဲ့ ရောင်းပြီး ဈေးကျသွားတဲ့အခါ ပြန်ဝယ်ဆပ်လိုက်တဲ့နည်းနဲ့ အမြတ်ရှာကြတာကို Short Selling လို့ပြောပါတယ်။ သူကရေတိုပဲ။ ကုန်လှောင်ပြီး အမြတ်ပေါ်မှ ပြန်ရောင်းတာက ရေရှည်ဖြစ်တော့ long position လို့ပြောတယ်။]

တိုကျိုရဲ့ TOCOM မှာ ရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့အထိ ၃ ရက်ဆက် အပေါင်းလက္ခဏာပြနေရာမှ ညနေဈေးပိတ်တဲ့အခါ အကျနဲ့ပိတ်ပြီး အနုတ်လက္ခဏာပြသွားတယ်။ ထုံးစံအတိုင်း ရှန်ဟိုင်းရဲ့ SHFE ဈေးကျတတာ့ သူလဲလိုက်ကျရတာပါပဲ။ နောက်ပြီး တရုတ်နဲ့ ဂျပန် ၂ ခုလုံးမှာ အရံရော်ဘာတွေစုပုံနေတာအပြင် ဝယ်လိုအားလည်းနည်းနေတာကြောင့်လည်းဖြစ်တယ်။ ကုန်သည်တစ်ဦးကတော့ " ရော်ဘာဈေးကျဘို့စိုးရိမ်ရတဲ့ အဓိကအကြောင်းက ရောင်းလိုအားများနေတာပဲ" တဲ့။

ကြာသပတေးနေ့မှာ TOCOM စံရော်ဘာဈေးဟာ ဈေးအတက်နဲ့ အပေါင်းလက္ခဏာပြပြီး ပိတ်သွားပါတယ်။ ရေနံဈေးတက်သွားတယ်လေ။ ရေနံဈေးတက်ရင် ရော်ဘာဈေးက မနေဘူး လိုက်တက်တယ်။ ဆီးရီးယားမှ စစ်ရးစစ်ရာအကြောင်းတွေကြောင့်ပါပဲ။ သို့ပေမယ့် ဈေးအတက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ပါ။ ဘာကြောင့်ဆို ရှန်ဟိုင်းဈေးက ကျပြီး၊ အရန်ရော်ဘာတွေက ပိုလျှံနေတာသိတယ်ဟုတ်။ ရော်ဘာအသုံးများတဲ့ တရုတ်နဲ့ဂျပန်မှာ အရန်ရော်ဘာတွေစုပုံနေခြင်းကလည်း ဈေးကွက်ကို ဖိအားသက်ရောက်ပါတယ်။ သတင်းတစ်ခုအဆိုအရတော့ တရုတ်စီးပွားရေးနှေးနေတာက ရော်ဘာဝယ်လိုအားကို နည်းစေတဲ့ အဓိကအချက်တဲ့။ 

ဒီနေ့သောကြာနေ့မှာတော့ ဈေးပိတ်ချိန်မှာ TOCOM နှင့် SHFE ဈေးကွက်နှစ်ခုလုံး အတက်နဲ့ ပိတ်ကြပါတယ်။ အပေါင်းလက္ခဏာပြပါတယ်။ 

ညီသွေး


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်