တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

30/03/2018 16:20 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီသီတင်းပတ်ရဲ့အစ တနင်္လာနေ့စောစောပိုင်းမှာ တိုကျိုရဲ့ စံရော်ဘာဟာ ၁၇ လ အတွင်း အနိမ့်ဆုံး ရောက်နေရာမှ  ၁% ကျော်ကျော်လေး ပြန်ခုန်တက်ပါတယ်။ ဒါပေမယ့် ယန်းငွေအမာနဲ့ ရှန်ဟိုင်းဈေးအပျော့တို့ရဲ့ ဖိအားဒဏ်ကိုခံနေရဆဲပါ။

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးအတက်အကျကို ပြဌာန်းတဲ့ တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ ဂျပန်နဲ့ တရုတ်တို့ဆီမှာ အရန်ရော်ဘာတွေ စုပုံနေခြင်းကြောင့် အဆွဲချခံနေရတယ်။ ပြီးတော့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂ ခုကြား ကုန်သွယ်ရေးတင်းမာနေချိန်မှာ ရော်ဘာဝယ်လိုအား ထိုင်းနေမှာကိုလည်း စိုးရိမ်ကြောင့်ကြကြတာလည်းပါတယ်။ 

တရုတ်နဲ့ အမေရိကန်ကြား စီးပွားရေးအရ ကတောက်ကဆဖြစ်မှုတွေ မြင့်တက်လာတော့ တိုင်ယာတင်ပို့မှုအပေါ် စိုးရိမ်နေကြတယ်။ ရောင်းလိုအားများနေစဉ်မှာ ဝယ်လိုအားတွေ လျော့ကျသွားမှာကို စိုးရိမ်နေကြတာပါလို့ စက်မှုလုပ်ငန်းအတွင်းပိုင်းမှ တစ်ယောက်ကပြောပါတယ်။

သောကြာနေ့တုန်းက ဂျပန် TOCOM နဲ့ တရုတ် SHFE ဈေးကွက် ၂ ခုလုံးပြိုကျခဲ့တယ်။ ယူအက်စ်-တရုတ် တင်းမာမှုအရှိန်မြင့်တက်လာလို့ တရုတ်ရဲ့ စတော့ရှယ်ယာတွေ၊ စာချုပ်တွေ၊ ကုန်စည်ဈေးကွက်တွေ ခြောက်ခြားထိတ်လန့်ကုန်တဲ့အတွက်ကြောင့်ပါပဲ။

ပြီးခဲ့တဲ့နေ့မှာ ၁၇ လအတွင်း အနိမ့်ဆုံးကို ရောက်ခဲ့ပြီးတော့၊ တိုကျိုရဲ့စံရော်ဘာဟာ အင်္ဂါနေ့မှာ ၁.၅% မြင့်တက်ပြီး ဈေးပိတ်သွားတယ်။ 

TOCOM ရဲ့ ရော်ဘာဈေးဟာ၊ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂ ခုတို့ စတင်ညှိနှိုင်းနေကြပြီဆိုတော့ အကောင်းမြင်လာကာ ပြန်နလန်ထူလာပါတယ်။ ယူအက်စ်နဲ့ တရုတ်ကြား ဖြစ်လာနိုင်တဲ့ ကုန်သွယ်ရေး ကတောက်ကဆက်ဖြစ်မှာကို စိုးရိမ်မှုတွေ ပြေလျော့သွားပြီဖြစ်လို့ပါပဲ။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Mnuchin  ညှိနှိုင်းရေးစတင်ဘို့ ပေကျင်းကို ခရီးထွက်မည့် သတင်း Wall Street ဂျာနယ်မှာပါလာတယ်လေ။

" ကုန်သွယ်ရေးစစ်ပွဲ ပြေလျော့သွားပြီ ဆိုတဲ့သတင်းကြောင့် ပြန်နာလန်ထူလာတယ်။ ဒီတော့ ကုန်စည်ဈေးကွက်တစ်ခုလုံး တွန်းအားပေးလိုက်သလိုဖြစ်တယ်" လို့ Quan Shuwen ကပြောပါတယ်။ သူက ရှန်ဟိုင်းအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Horizon Insights မှ အကြီးတန်း ဆန်းစစ်သူတစ်ယောက်ပါ။ 

ဗုဒ္ဓဟူးနေ့မှာလည်း တိုကျိုရဲ့ စံရော်ဘာဈေးဟာ  ဆက်လက် နာလန်ထူလာတယ်။ ဒါကလည်း တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာမှုတွေ ပြေလျော့လာလို့ပါပဲ။ 

တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ၊ ကမ္ဘာ့စီးပွားရေးထိပ်သီး ၂ နိုင်ငံရဲ့ အခွန်အကောက်တွေနဲ့ ကုန်သွယ်ရေးချိန်ခွင်လျှာမညီမျှမှုအပေါ် ဆွေးနွေးညှိနိုင်းလိုစိတ်ပြင်းပြနေမှုရှိနေတယ်ဆိုတဲ့ သတင်းကြောင့်၊ ဖြေးဖြေးချင်းတက်လာပါတယ်။ ဒါပေမယ့် ရော်ဘာစတော့တွေစုပုံနေမှုကြောင့် ရေလတ်ကနေ ရေရှည်အထိ ဖိအားဆက်ရှိနေပါ့မယ်။ 

တိုကျိုရဲ့ စံရော်ဘာဈေးဟာ ကြာသပတေးနေ့မှာ ၁% တက်တယ်။ တစ်ပါတ်နီးပါးအတွင်း အမြင့်ဆုံးလို့ဆိုရမယ်။ ရှန်ဟိုင်းဈေးမာလာလို့နဲ့ ယန်းငွေအားပျော့နေလို့ပါ။ TOCOM တက်လာတာဟာ သူ့ကိုရှေ့ဆောင်နေတဲ့ ရှန်ဟိုင်းရဲ့ SHFE ဈေးတက်လာတာကြောင့်ပါ။ ရှန်ဟိုင်းတက်ရတာကလည်း တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုတွေ ပြန်ပြေလျော့လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပါ။ 

တရုတ်ဆီက လက်ငင်းဈေးတွေလည်း နာလန်ပြန်ထူလာပြီး တည်ငြိမ်စပြုလာပြီဖြစ်တယ်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်မည့်အရေးကလည်း ပူပန်စရာသိပ်မရှိတော့ဘူး။ ဂျပန်ယန်းငွေကလည်းပြန်ကျလာပြီဆိုတော့ ရော်ဘာဈေးလည်း ပြန်အခြေအနေကောင်းလာမည့်သဘောရှိတယ်။ ခုရက်ပိုင်းတွေမှာ ဈေးပြန်လိုက်လာတာကလည်း အဓိကက ဂျပန်ယန်းငွေအားပျော့နေတာရဲ့ ဖိအားကြောင့်ပဲ။ ဒါက ရော်ဘာဈေးကိုတွန်းတင်လိုက်တာပါ။ 

Bloomberg သတင်းရဲ့ အကိုးအကားတစ်ခုအရဆိုလျှင် ရော်ဘာကုန်စည်ရဲ့ဈေးကို မောင်းနှင်ပေးတဲ့အချက်တွေထဲမှာ ထိုင်းအစိုးရရဲ့ ရော်ဘာဈေးမြင့်တက်လာအောင်ကြိုးပမ်းဘို့ ဆင်ခြင်တုံတရားလည်းတစ်ခုပါတယ်တဲ့။ ရော်ဘာဈေးကိုမြှင့်တင်ဘို့ အဓိကကျတဲ့ အိတ်စပို့သမားတွေနဲ့ပူးပေါင်းအလုပ်လုပ်ကြပါလို့  ထိုင်းဒုဝန်ကြီးချုပ် ဆွမ်ခစ်က စိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ထိုင်းရော်ဘာအာဏာပိုင်တို့ကို ညွှန်ကြားထားတယ်။ အခမ်းအနားတစ်ခုမှာဆိုရင် ဒုဝန်ကြီးချုပ်က ရော်ဘာဈေးတက်ဘို့ ရနိုင်သမျှသော နည်းလမ်းအမျိုမျိုးကို ဖွင့်ထားတယ် လို့ပြောပါတယ်။  ရော်ဘာတွေဝယ်ပေးဘို့ သို့မဟုတ် ရော်ဘာစေးခြစ်တာကို ရပ်တန့်လိုက်ဘို့ နည်းလမ်းတွေအပါအဝင်ပေါ့တဲ့။ အဲသည်လောက်အထိ သူတို့စဉ်းစားထားပါတယ်။ 

ဒီနေ့သောကြာနေ့မှာလည်း TOCOM ဈေးဟာ ကြာသပတေးနေ့အပိတ်ဈေးဖြစ်တဲ့ ၁၈၂.၀ ယန်း/ကီလိုဂရမ်အထက် ၂.၀ ယန်း တက်ကာ ၁၈၄.၀  ယန်း/ ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားပါတယ်။ အတက်နဲ့ ပိတ်သွားတယ်ပေါ့။ ဒီတော့ လာမည့်အပတ်မှာလည်း အခြားထူးခြားတဲ့ သတင်းတွေမရှိလျှင်တော့ ရော်ဘာဈေးပြန်လည် ထူထူထောင်ထောင်ဖြစ်လာမယ်လို့ မျှော်လင့်ပါရဲ့။ ရော်ဘာထုတ်လုပ်ရာနိုင်ငံတော်တော်များများမှာ ရွက်ကြွေရာသီလည်းစပြီဆိုတော့ ရော်ဘာအထွက်လည်း နည်းလာတော့မယ်ဆိုတော့လေ...။

ညီသွေး


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်