တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

30/10/2021 10:30 AM တွင် AMIA AMIA မှ ရေးသား

(၂၅.၁၀.၂၀၂၁) မှ (၂၉.၁၀.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

ဆန်၊ စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ချောဈေးတွေ ငြိမ်နေပြီးတော့ ဆန်ကြမ်းဈေးတွေ ကျဆင်းသွားပါတယ်။ ရန်ကုန်အပြင် နယ်ဈေးကွက်မှာပါ ဆန်ကြမ်းဈေးတွေ ကျဆင်းသွားတာဖြစ်ပါတယ်။ အသစ်တွေ ထွက်လာတော့မှာ ဖြစ်ပါတယ်။ တင်ပို့မှုကလည်း ငွေဈေးပြောင်းလဲခြင်းကြောင့် ဈေးတွေ မရတာလည်း ဖြစ်ပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထက တစ်အိတ်ကို ၂၄၅၀၀ ကနေ ၂၅၅၀၀ကျပ် ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ဧည့်မထ ၂၅ % ကလည်း တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

ပဲခူးတိုင်း ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ အင်းမဘော်ရိုးရိုးက တစ်အိတ်ကို ၂၆၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ အင်းမစူပါက တစ်အိတ်ကို ၂၈၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ကရင်မဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀ ကျပ်၊ သုခ(မိုး)ကတော့ ၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်၊ ရတနာ(မိုး)ကတော့ တစ်အိတ်ကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးတွေက ကျဆင်းပါတယ်။ အဓိက ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကျဆင်းတဲ့အတွက်ကြောင့် ဈေးတွေက ကျဆင်းနေတာဖြစ်ပါတယ်။ မတ်ပဲဈေးက အဓိက ဒေါ်လာဈေးနဲ့ ကျပ်ငွေပြောင်းလဲမှုမှာ မူတည်နေပြီးတော့ FOB ဈေးတွေကတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။

အိန္ဒိယမှာလည်း ဒေသထွက် မတ်ပဲတွေဝင်လာလို့ ပြည်ပက မတ်ပဲဈေးတွေက အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ကုန်သည်တွေ သုံးသပ်ထားသလို မြန်မာ့မတ်ပဲကတော့ တင်ပို့မှုက ပုံမှန်ရှိနေမှာဖြစ်ပြီးတော့ ငွေကြေးပြောင်းလဲမှုကြောင့်သာကျဆင်းတာဖြစ်လို့ ဈေးက မာနေဦးမှာပါ။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၃ သိန်း ၆ သောင်းကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁ သိန်းကျော်လောက်ဈေးကျဆင်းသွားပါတယ်။ ဒေါ်လာပေါက်ဈေးကလည်း ပြီးခဲ့တဲ့အပတ်က တစ်ဒေါ်လာကို ငွေကျပ် ၂၀၀၀ နီးပါးရှိပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာကို ၁၈၂၀ အထိ ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာ မတ်ပဲက တစ်အိတ်ကို ၁၂၅၀၀၀ ထိ ပေါက်ဈေးရှိပြီး  တစ်အိတ်ကို ၂၀၀၀၀ ထိ  ကျပ်ဈေးကျဆင်းသွားခဲ့ပါ တယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိနေပြီး ၅၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

မတ်ပဲက တစ်လအတွင်း တစ်တန်ကို ငွေကျပ် ၅ သိန်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီက မတ်ပဲလောက် အကျမကြမ်းပေမယ့် ငွေဈေးပြောင်းလဲမှုပေါ်မူတည်ပြီး တစ်ဖြေးဖြေးကျဆင်းနေပါတယ်။ ပြည်တွင်းမှာလည်းဈေးကျဆင်းနေသလို အိန္ဒိယမှာလည်း ဝယ်ယူမှုလျော့နည်းလို့ ဈေးတွေကျဆင်းနေတယ်လို့ အိန္ဒိယပဲသတင်းတွေအရ သိရပါတယ်။

ပဲစင်းငုံနီက လက်ရှိပြည်တွင်းမှာလည်း လက်ကျန်လျော့နည်းနေတာဖြစ်လို့ အိန္ဒိယမှာ ပဲဈေးတွေ ဆိုးဆိုးရွားရွားကျဆင်းမှုမရှိရင်တော့ ယခုထက်ဈေးကျဆင်းသွားနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်း ၁ သောင်း  ပေါက်ဈေးရှိပြီး တစ်တန်ကို ၆ သောင်းကျပ် ဈေးကျဆင်းသွာပါတယ်။

မန္တလေးဈေးကွက်မှာ ဈေးမဖွင့်ပါ။

အောင်လံဈေးကွက်မှာ တစ်တင်းကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီကလည်း တစ်လအတွင်း တစ်တန်ကို  ၃ သိန်းခွဲ နီးပါးဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကလည်း ဆက်တိုက်ကို ဈေးကျဆင်းနေပါတယ်။ လက်ရှိမှာတော့ ဈေးတက်နိုင်ခြေက ငွေကြေးပြောင်းလဲမှုနဲ့ တရုတ်တင်ပို့မှုပုံမှန်ရှိရင်တော့ ပြန်တက်လာနိုင်ခြေရှိပါတယ်။ တရုတ်အပြင် အခြား နိုင်ငံတင်ပို့မှုကလည်း ရှိပေမယ့် အသစ်ပေါ်ချိန်ဖြစ်လို့ ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက လျော့နည်းနေတာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တော့ တစ်ပိဿာကို ၂၄၁၅ မှ ၂၅၈၅  ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၂၂၂၅ မှ ၂၃၃၅ ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၄၁၅ ကနေ ၂၆၇၀ေ ပေါက်ဈေးပြီး ၈၀ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း အဟောင်းက တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အသစ်ကတော့ တစ်အိတ်ကို ၁၂၄၀၀၀ ပေါက်ဈေးရှိနေပါတယ်။

အောင်လံမှာလည်း တစ်တင်းကို ၃၇၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀  ကျပ်ဈေးကျဆင်းသွားပါတယ်။

အာလူး

အာလူးကတော့ လက်ရှိမှာ အမြင့်ဆုံးဈေးရရှိနေပါတယ်။ တရုတ်တင်သွင်းမှုမရှိသလို ပြည်ပမှာလည်း အဝင်လျော့လို့ဈေးတွေက ဆက်တိုက်မြင့်တက်နေခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၅၀၀ကနေ ၂၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ တစ်လအတွင်းတစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း အာလူးက တစ်ပိဿာကို ၂၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို၄၀၀ လောက်ဈေးတက်လာပါတယ်။

စားအုန်းဆီ

စားအုန်းဆီကလည်း ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ အဓိက ငွေလဲလှယ်နှုန်းဈေးကြောင့် ကျဆင်းသွားတာဖြစ်သလို ဆီအသင်းကလည်း ပြည်နယ်အလိုက် ထုတ်ရောင်းပေးမှုကြောင့် ဈေးကွက်အတွင်း တည်ငြိမ်သွားတယ်လို့ဆိုလို့ရပါတယ်။

ဆီကုန်သည်အသင်းရဲ့ ဈေးနှုန်းအရ စားအုန်းဆီ (CIF) ဈေးနှုန်းက မြင့်တက်နေပေမယ့် ကျဆင်းသွားတဲ့ ငွေလဲလှယ်နှုန်းဈေးကြောင့် ဈေးကကျဆင်းနေတာဖြစ်ပါတယ်။ 

 ဒီတစ်ပတ်မှာ စားအုန်းဆီ (CIF) ဈေးက ၁၃၆၀ ကနေ ၁၃၈၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ၁၅ ဒေါ်လာ ဈေးတက်လာပေမယ့် ငွေလဲလှယ်နှုန်းဈေးက ဗဟိုဘဏ်ပေါက်ဈေးအရ ငွေကျပ် ၁၀၀ ကျော်ဈေးကျဆင်းသွားတဲ့အတွက် စားအုန်းဆီ လက်ကားဈေးက တစ်ပိဿာကို ၄၂၅၀ ပေါက်ဈေးရှိပြီး ၃၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က စားအုန်းဆီ (CIF) ဈေးနှုန်းက ၁၃၆၅ ပေါက်ဈေးရှိပေမယ့် စားအုန်းဆီ လက်ကားဈေးက တစ်ပိဿာကို ၄၅၂၀ ပေါက်ဈေးရှိခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ စားအုန်းဆီက တစ်ပိဿာကို ၄၄၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၆၀ ကျပ် ဈေးကျဆင်းသွားပါတယ်။]

ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၄၅၀ ကနေ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ တစ်လအတွင်း တစ်ပိဿာကို ၆၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်