တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်
(၉.၁၁.၂၀၂၀ မှ ၁၃.၁၁.၂၀၂၀) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
ဆန်၊ စပါး
ဒီတစ်ပတ်မှာတော့ ဆန်ချောဈေးတွေ ငြိမ်နေပြီး ဆန်ကြမ်းအချို့ ဈေးကျဆင်းပါတယ်။ နယ်ဈေးကွက် မှာတော့ အဟောင်းလက်ကျန်တွေမရှိတော့ပဲ အသစ်တွေ ဝင်လာပြီဖြစ်ပါတယ်။
ဝါးတန်းဈေးကွက်မှာ ဧည့်မထဆန်က တစ်အိတ်ကို ၂၄၀၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြီးဒုံဆန်ကတော့ တစ်အိတ်ကို ၃၁၅၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အခြားဆန်ချောဈေးတွေကတော့ ငြိမ်ပါတယ်။
ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပထမတန်းစားဆန်တွေက အသစ်မထွက်သေးတဲ့အတွက် ဈေးကလည်း ငြိမ်ပါတယ်။ ဒုတိယတန်းစားစပါးတွေကတော့ ဈေးကွက်ထဲကို ဝင်လာပြီဖြစ်ပါတယ်။
ပုသိမ်ဧည့်မထစပါး (မိုး၊၂၀၂၀) က တင်း ၁၀၀ ကို ၅၃၃၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၁၅၀၀ ပေါက်ဈေးရှိပါတယ်။
မြောင်းမြဧည့်မထစပါး(မိုး၊၂၀၂၀) က တင်း ၁၀၀ ကို ၅၈၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၁၅၀၀ ပေါက်ဈေးရှိပါတယ်။
ဖျာပုံဧည့်မထစပါး(မိုး၊၂၀၂၀) ကလည်း တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ မထွက်သေးပါဘူး။
မအူပင်ဧည့်မထစပါး(မိုး၊၂၀၂၀) ကလည်းတင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးက တစ်ဖြေးဖြေး ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုလည်း မရှိတဲ့အပြင် အိန္ဒိယနိုင်ငံမှာလည်း ပဲဈေးတွေ ကျဆင်းနေတာ ဖြစ်တဲ့အတွက် ပြည်တွင်းမှာလည်း ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။
မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁၀ သိန်းကျော်ပေါက်ဈေးရှိပေမယ့် ဈေးကတော့ ထပ်ပြီး တက်နိုင်ခြေရှိ တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
မတ်ပဲက ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၀၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၅ သောင်းကျော် ဈေးကျဆင်း သွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၇၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ကျပ် ရှိပြီး ၅၀၀ ကျပ်၊ပြည်ဈေးကွက်မှာတော့ ၃၆၃၀၀ ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။ အိန္ဒိယက တင်ပို့မှူကို ရက်ထပ်တိုးပေမယ့် မြန်မာပြည်တွင်းမှာ ပဲမရှိတော့ခြင်း၊ အိန္ဒိယနိုင်ငံအတွင်း ပဲဈေးကျဆင်းခြင်းတို့ကြောင့် ဈေးက ကျဆင်းနေခဲ့တာဖြစ်ပါတယ်။
သင်္ဘောတင်ပို့မှုကလည်း မရှိတော့တဲ့အတွက် ကုန်သည်တွေက ဈေးအများကြီးပေးဝယ်ယူမှုမရှိတော့ပဲ လက်ကျန်အနည်းငယ်ကိုသာ ဈေးချဝယ်ယူနေခြင်းကြောင့်ဈေးက ဆက်ပြီးကျဆင်းနေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၉၀၇၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၂ သောင်းနီးပါးဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၅၅၀၀ ကနေ ၈၆၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၉၀၀၀ကျပ်ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ ဈေးကျဆင်းသွားပြီး နယ်ဈေးကွက်တွေမှာတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုမရှိတဲ့အပြင် ဝယ်ယူမှုလည်း အေးသွားတဲ့အတွက် ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။ လက်ရှိမှာ မျိုးပဲတွေက ဈေးကောင်းရနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၅၀၀ ကနေ ၁၅၅၀ကျပ်၊ပေါက်ဈေးရှိပြီး ၃၅ ကျပ် ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁၆၃၀ ကနေ ၁၇၀၀ကျပ် ရှိပြီး ၃၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂၁၂၅ ကနေ ၂၂၀၀ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ ပါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၉၃၀၀၀ ကျပ်ရှိပြီး ၂၀၀၀၊ ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၈၃၀၀၀ ကနေ ၈၄၀၀၀ ကျပ်ရှိပြီးတစ်အိတ်ကို ၆၀၀၀ ကျပ်အသီးသီး ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ v2 ကလည်း တစ်အိတ်ကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ နီးပါးဈေးကျဆင်းသွား ပါတယ်။
မုံရွာဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀ကျပ်၊ ကုလားပဲ 929 က တစ်တင်းကို ၂၇၃၀၀ ပေါက်ဈေးရှိပြီး ၂၇၀၀ ကျပ် ၊ကုလားပဲ v2 ကတော့ တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
ငရုပ်သီးမှာပိုးတွေ့လို့ပါ ဘာလုပ်သင့်ပါလဲ
နှင်းစုလှိုင် • ဖြေကြားချက် 2 ခု
စိုက်ပျိုးရေးမှာ အထွက်တိုးစေမယ့် အခြေံနည်းလမ်းတွေကို ဆွေးနွေးပေးပါ
mt • ဖြေကြားချက် 2 ခု
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဝါပိုးရှိနေလို့
zin Phyo naung • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....