တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

16/02/2018 16:21 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီအပတ်ကတော့ တရုတ်နှစ်သစ်ကူးနဲ့ ဆုံတဲ့ အပတ်မို့ ရော်ဘာဈေးကွက်တွေ အေးဆေးဆိပ်ငြိမ်နေတာပေါ့။ ဒီအပတ်စကတည်းက ကုန်သည်တွေအားလုံး Holiday Mood ဝင်နေကြပြီတဲ့။ နောက်အပတ်ဆိုရင် ကုန်သည်တွေ ဈေးကွက်ထဲမှာမရှိတော့ဘူးတဲ့ မလေးရှား ဘနားမားသတင်းမှာ ကုန်သည်တစ်ဦးက ဆိုတယ်။ မွေးရပ်မြေကိုပြန်ကြ၊ တချို့ အလည်အပတ်ထွက်ကြနဲ့ပေါ့။

ဈေးကွက်တွေရဲ့ ပိတ်ရက်တွေဆိုလျှင် အခုအပတ်တနင်္လာတုန်းက တိုကျိုရဲ့ TOCOM ပိတ်တယ်။ National Foundation Day တဲ့။ ရှန်ဟိုင်း SHFE က တော့ Spring Festival နွေဦးပွဲတော် သို့မဟုတ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ပိတ်ရက်အဖြစ် ၁၅ ရက်နေ့ ကြာသပတေးနေ့မှ တနင်္ဂနွေနေ့ ၁၈ ရက်နေ့အထိပိတ်ထားမှာပါ။ ဆိုတော့ ဒီအပတ်တစ်ပတ်လုံးလိုလို ပိတ်ရက်ချည့်သာဖြစ်နေတော့တာပါပဲ။ TOCOM တစ်ခုပဲ အင်္ဂါမှ သောကြာထိဖွင့်တာပါ။

မလေးရှားကုန်သည်ကပဲ နောက်အပတ်ဆိုရင် ရှန်ဟိုင်း SHFE နဲ့ တိုကျို TOCOM တို့ အတိုင်အဖေါက်ညီညီ ကစားနေကြမယ်။ ပြီးတော့ ကမ္ဘာ့ရေနံဈေး၊ အမေရိကန်ဒေါ်လာနဲ့ ယှဉ်တဲ့ ရင်းဂစ်ဈေးတို့အလှုပ်က ဒေသတွင်းရော်ဘာဈေးကို အဆုံးအဖြတ်ပေးမယ်တဲ့။

ဒီအပတ်အတွင်း အင်္ဂါနေ့မှ သောကြာနေ့အထိ ဈေး ၄ ရက်ဖွင့်တဲ့ တိုကျိုရဲ့ TOCOM ဈေးအခြေအနေကိုကြည့်ရလျှင် ပြီးခဲ့တဲ့အပတ်သောကြာနေ့ ၉-၂-၂၀၁၈ ကစလို့ ယန်း ၁၉၀ ပွိုင့်အောက်ကို ရောက်ခဲ့တဲ့ RSS3 အဆင့်ရော်ဘာဈေး( ၁၈၉.၂ ယန်းဈေးနဲ့ ဈေးပိတ်ခဲ့) ဟာ ဒီနေ့သောကြာနေ့မှာလည်း ၁၉၀ အောက်ကနေမတက်သေးပါ။ အခုစာရေးချိန်မှာဆို ၁၈၀.၂ ယန်းသာရှိပါတယ်။ ၁၈၀ အောက်ရောက်ဘို့ အနည်းငယ်သာလိုပါတော့တယ်။ ဒီနေ့သောကြာဈေးပိတ်ချိန်မှာတော့ ဘယ်လိုနေမယ်မသိရ။ အကြောင်းက SHFE ပိတ်ထားတော့ TOCOM ကုန်သည်တွေရဲ့ ဝယ်ချင်စိတ်သိပ်မရှိဖြစ်ပါလိမ့်မယ်။ အဝယ်များမှ ဈေးလိုက်မယ်မဟုတ်လား။ အဝယ်နည်းတော့ ဈေးကျပါမယ်။

နောက်တစ်ခုက ဥရောပ ရော်ဘာဂျာနယ် European Rubber Journal က သတင်းခေါင်းစဉ်ကလည်း စိတ်ဝင်စားစရာပါ။ " ရော်ဘာအိတ်စပို့ထိန်းချုပ်မှုက သဘာဝရော်ဘာဈေးကို မမြှင့်တင်နိုင်" တဲ့။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားဆိုတဲ့ ရော်ဘာအထွက်ဆုံး ၃ နိုင်ငံပူးပေါင်းကြိုးပမ်းမှုကို စာဖတ်သူတို့ သိပြီးသားပါ။

သတင်းထဲမှာတော့ " ရော်ဘာအဓိကထုတ်လုပ်သူနိုင်ငံတွေက ရော်ဘာတင်ပို့ခြင်း ထိန်းချုပ်မှုက အခုအချိန်ထိဆိုလျှင် ကုန်စည်၏ ဈေးနှုန်းအပေါ်ရိုက်ခတ်မှုဟာ အပေါင်းလက္ခဏာအနည်းငယ်သာ ပြရုံသာရှိဟန်တူပါတယ်။

ဥရောပ ရော်ဘာဂျာနယ်၏ အရှေ့တိုင်းရှိ သဘာဝရော်ဘာကုန်သွယ်မှုအပေါ် နောက်ဆုံးလေ့လာဆန်းစစ်ချက်အရ၊ တကယ်တော့ ဈေးနှုန်းတွေဟာ အားပျော့တဲ့လက္ခဏာသာပြပါတယ်။ ဇန်နာဝါရီလထဲမှာဆိုရင် အဆုတ်ဘက်တောင်ပြပါတယ်တဲ့။ ဒါတောင် ထိုင်း၊ အင်ဒိုနဲ့ မလေးတို့ ပူးပေါင်းကာ ၂၀၁၈ ရဲ့ ပထမ ၃ လမှာ ရော်ဘာတန်ချိန် ၃၅၀၀၀၀ ကို တင်ပို့မှုဖြတ်တောက်ဘို့ အသေအချာစီစဉ်ထားလို့သာပါပဲ။ " လို့ ရေးသားထားပါတယ်။

သူတို့ကတော့ အိတ်စပို့လျှော့ချဘို့ အစီအစဉ်စတင်ပြီး တစ်လခွဲအကြာမှာ သုံးသပ်လိုက်တာပါပဲ။ လက်တွေ့မှာလည်း တက်လာခြင်းမှ မရှိပဲကိုး။ သူတို့အစီအစဉ်အဆုံးသတ်မည့် မတ်လအကုန်ထိစောင့်ပြီး သုံးသပ်သင့်တယ်ထင်တာပါပဲ။ နောက်ပြီး ထိုင်းရဲ့ ရော်ဘာပင်ခုတ်လှဲမည့် အစီအစဉ်လည်းရှိသေးတယ်မဟုတ်လား။ ဒီအစီအစဉ် နှစ်ခုပေါင်းလိုက်ရင် တက်ကောင်းတက်နိုင်တယ်။ သူတို့ကတော့ ဈေးကွက်အတွင်း ရော်ဘာအရောက်နည်းရအောင်လုပ်ပြီး ရော်ဘာဈေးတက်အောင်စီစဉ်ကြတာပါပဲ။ ဒါပေမယ့် ဒေသတွင်း မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့မှာ ရော်ဘာဈေးကောင်းစဉ်က အားကြိုးမာန်တက်စိုက်ခဲ့ကြတဲ့ ရော်ဘာပင်တွေဟာ အခုအချိန်မှာတော့ အစေးထွက်လာကြပြီမို့ ဈေးကွက်အတွင်းရောက်မည့် ရော်ဘာပမာဏဟာ အရင်ကထက်တောင် များနေမည့်သဘောရှိပါတယ်။ အာဖရိကက နိုင်ငံငယ်လေး အိုင်ဗရီကို့စ်တောင် ၂၀၁၇ ခုမှာ ရော်ဘာတန်ချိန် ၇ သိန်းကျော်တင်ပို့လိုက်တာ ပြီးခဲ့တဲ့နှစ်ထက် ၃၁% ကျော် တင်ပို့လိုက်တာတဲ့လေ။ ဆိုတော့ သူတို့အစီအစဉ်တွေကို သံသယဖြစ်စရာဖြစ်နေတော့တာပါပဲ။

ညီသွေး


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်