တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

26/10/2018 15:16 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တိုကျိုရဲ့ စံရော်ဘာဈေးဟာ တနင်္လာနေ့မှာ မြင့်တက်သွားတယ်။ တရုတ်စတော့ဈေးတွေ ခိုင်မာလာတော့ ဈေးကွက်က အဲဒီအထောက်အပံ့ကို ရလိုက်တယ်လို့ ကုန်သည်တွေပြောပြကြပါတယ်။

တရုတ်မှာ blue-chip ရှယ်ယာ( အလွန်ခိုင်တဲ့ ရှယ်ယာတွေကို blue-chip တဲ့) တွေဟာ ၄ % ကျော်တက်ပြီး ၃ နှစ်နီးပါးအတွင်း အကောင်းဆုံးဈေးရရှိမှုဖြစ်သွားတယ်။ ဟောင်ကောင်မှ share တွေက ၂% ကျော်တက်တယ်လေ။ 

" ရော်ဘာနဲ့ပတ်သက်တဲ့ ဈေးကိုလှုပ်နိုင်တဲ့ အခြေခံအချက်တွေ အလှုပ်အခတ်မရှိဘူး။ ဒါပေမယ့် ရုတ်တရက်ရှန်ဟိုင်းစတော့ဈေးထောင်တက်တော့၊ ကုန်သည်တွေက စိတ်လှုပ်ရှားသွားတယ်” လို့ တိုရှိတက တဇဝကပြောပါတယ်။ သူကတော့ ဖူဂျီတိုမိကုမ္ပဏီမှ ကုန်စည်ပွဲစားတဦးပါ။ 

TOCOM မှာ မတ်လကုန်အရောက်ပို့ ကန်ထရိုက်ဈေးဟာ ၂.၅ ယန်း သို့မဟုတ် ၁.၅ % တက်ကာ ၁၆၉.၃ ယန်း($၁.၅)/ကီလိုဂရမ်နဲ့ ဈေးပိတ်သွားတယ်။

TOCOM ရဲ့ ကုန်စည် အသစ် TSR 20 ရဲ့ ဧပြီလကန်ထရိုက်ဈေးက ၂.၃ ယန်း(၁.၅%) တက်သွားပြီး ၁၅၂.၀ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ 

ရှန်ဟိုင်းရဲ့ ShFE မှာ ဇန်နာဝါရီကန်ထရိုက်ဟာ ၄၅ ယွမ်တက်ကာ ၁၂၀၆၀ ယွမ်($၁၇၃၈)/တန်ဈေးနဲ့ ဈေးပိတ်သွားတယ်။ ပြီးခဲ့တဲ့နေ့က ၅ ပတ်ခန့်အတွင်း အနိမ့်ဆုံးဈေးကိုရောက်ခဲ့ရာမှ ပြန်ထောင်လာတာလို့ ပြောရမယ်။

" ရော်ဘာဈေးကွက်က ဘယ်ဘက်ကိုဦးတည်နေတယ်ဆိုတာ မှန်းရခက်တယ်။ ဒါပေမယ့် တရုတ်ရဲ့ စီးပွားရေးညွှန်းကိန်းတွေနဲ့ စတော့ဈေးတွေလို ပြင်ပအခြေခံအချက်တွေက ရော်ဘာဈေးကို သက်ရောက်ပါလိမ့်မယ်" လို့ တဇဝ ကပြောသွားပါတယ်။

အင်္ဂါနေ့မှာတော့ တိုကျိုစံရော်ဘာဟာ ကျသွားပြန်တယ်။ ဆော်ဒီသံတမန်အရေးက အီတလီရဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်၍ စိုးရိမ်စရာဖြစ်လာကာ အာရှဘက်ကရှယ်ယာတွေ ကုန်စည်တွေအပေါ် ဖိအားလာဖြစ်ပါတယ်။ 

တိုကျိုရဲ့ TOCOM ရော်ဘာဈေး မတ်လကန်ထရိုက်ဈေးဟာ ၂.၂ ယန်းသို့မဟုတ် ၁.၃% ကျကာ ၁၆၇.၁ ယန်း($၁.၄၉)/ကီလိုဂရမ်ဈေးနဲ့ ပိတ်ပါတယ်။

TOCOM ရဲ့ ရော်ဘာကုနိစည်သစ် TSR 20 ဈေးဟာ ဧပြီလကန်ထရိုက်ဈေးမှာ ဝ.၉% ကျကာ ၁၅၀.၇ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားပါတယ်။

ရှန်ဟိုင်း ShFE မှာတော့ အနုတ်အသိမ်းအများဆုံးကန်ထရိုက်လ ဇန်နာဝါရီမှာ ယွမ် ၁၆၀ ကျပြီး ၁၁၉၃၅ ယွမ်($၁၇၂၁)/တန်ဈေးနဲ့ ပိတ်ပါတယ်။ 

" ဆော်ဒီပြဿနာအရ ရေနံပိုက်ဆံဟာ စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှုမှ လွတ်မြောက်ပါ့မလားဆိုတဲ့စိုးရိမ်မှုဟာ "ရောင်းကြဟေ့" ဆိုတဲ့ ဖိအားရှိနေတာ" လို့ ဆတိုးရု ယိုးရှိဒ ကပြောပါတယ်။ ရကုတန်း စတော့အရောင်းအဝယ်ကုမ္ပဏီမှ ကုန်စည်ဆန်းစစ်သူတစ်ဦးပါ။ 

" ဒီစိုးရိမ်မှုတွေက အာရှဘက်က ကုန်စည်တွေသာမက ရှယ်ယာတွေပေါ်ပါ ဖိအားသက်ရောက်ပါတယ်" လို့သူက ထပ်ပြောသွားတယ်။

ဒီလစောစောပိုင်းက အစ္စတန်ဘူရှိ ဆော်ဒီကောင်စစ်ဝန်ရုံးမှာဆော်ဒီအာရေဗျ သတင်းထောက် ဂျမဲလ် ခါရှိုးဂီကို  သတ်တဲ့အပေါ် ဆော်ဒီက ဖုံးကွယ်နေမှုအပေါ် တူရကီသမ္မတက ဖွင့်ချဘို့အချိန်ကို ဈေးကွက်တွေက စောင့်နေကြတယ်။ 

ဆော်ဒီကရေနံအကြီးအကျယ်ထွက်တဲ့နိုင်ငံဆိုတော့ သူတို့အကြပ်အတည်းဆိုက်ရင်ရေနံဈေးလှုပ်တယ်။ ရေနံဈေးကို ရော်ဘာတုဈေးကမှီနေပြန်တယ်။ ရော်ဘာတုဈေးကတဖန် သဘာဝရော်ဘာဈေးကို သက်ရောက်တယ်။ ဒီလိုအဆက်အစပ်တွေရှိနေကြတယ်။ 

ဒီအပတ်တော့ တနင်္လာနေ့မှာ အတက်ပြပြီး ၃ ရက်ဆက်တိုက်အကျပြကာ သောကြာနေ့မှာ အတက်ပြန်ပြပါတယ်။ ခြုံကြည့်ရင် ရော်ဘာဈေးက ယန်း ၁၇၀ ဈေးကို မကျော်နိုင်ဖြစ်နေတယ်။ ကျော်ဘို့ ဖြစ်တာနဲ့ ပြန်ဆွဲချသွားတာကို တွေ့ရတယ်။ အခုသောကြာမှာလည်း အပိတ်ဈေးက ၁၆၆.၃ ယန်း/ကီလိုဂရမ်ပါတဲ့။ 

ညီသွေး


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်