အီးအမ် ဆိုတာဘာလဲ..? အပင်နဲ့ မြေဆီလွှာကို ဘယ်လိုအကျိုးပြုတာလဲ..?

23/08/2022 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

အကျိုးပြုအဏုဇီဝဖျော်ရည် (အီးအမ်) ဆိုတာ မြေဆီလွှာအတွင်းမှ သီးနှံပင်တို့၏ ကြီးထွားဖြစ်ထွန်းမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝ မျိုးစိတ်ပေါင်း (၈၀) ကျော်ကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျ စုပေါင်းမွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။

အဓိကပါဝင်သော အဏုဇီဝများမှာ-

  • လက်တစ်အက်စစ်ဘက်တီးရီးယား (Lactic acid bacteria)
  • တဆေးမှိုများ (Yeast)
  • ဖိုတိုဆင်းသက်တစ်ဘက်တီးရီးယား (Photosynthetic bacteria)
  • အက်တီနိုမိုက်စိဘက်တီးရီးယားနှင့် (Actinomyces bacteria)
  • အပင်အကြွင်းအကျန်အစိတ်အပိုင်းများကို လျင်မြန်စွာဆွေးမြေ့စေသောမှို (Fermenting Fungi) များဖြစ်ကြပါတယ်။

အီးအမ်မှာဆိုရင်လည်း

  1. ပင်မအီးအမ် ( Original EM, OEM)
  2. အီးအမ်ပြင်း ( EM Concentrate, CEM )
  3. အသင့်သုံးအီးအမ် ( Instant EM)
  4. အီးအမ် -၅ ( EM-5)
  5. အီးအမ် အက်ဖ်ပီအီး ( Fermented Plant Extract) ( EM-FPE) ဆိုပြီး ၅ မျိုးရှိပါတယ်။

အပင်နဲ့ မြေဆီလွှာကိုအပင်ပေါ်ပက်ဖျန်းခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

(၁) မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများ တိုးတက်လာပြီး မြေ၏ ဖွဲ့စည်းမှုကောင်းမွန်လာစေခြင်း

(၂) ရေထိန်းအား ပိုမိုကောင်းမွန်စေခြင်း

(၃) မြေဆီလွှာ အတွင်းရှိ ရောဂါဖြစ်စေသော အဏုဇီဝများကို နှိမ်နင်းနိုင်ခြင်း

(၄) မြေဆီလွှာ အတွင်းရှိ အကျိုးပြုအဏုဇီဝများ၏ လှုပ်ရှားမှု၊ ပေါက်ပွားမှုများတိုးတက်လာခြင်း

(၅) မြေအတွင်းရှိ အပင်အာဟာရဓာတ်များကို သီးနှံပင်မှပိုမိုစုပ်ယူနိုင်ခြင်း

(၆) သီးနှံစွန့်ပစ်ပစ္စည်းများနှင့် အကြွင်းအကျန်များ၊ နွားချေးကဲ့သို့ တိရစ္ဆာန်အညစ်အကြေးများကို လျှင်မြန်စွာဆွေးမြေ့စေပြီး အပင်အာဟာရအဖြစ် အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ခြင်း၊ အပင်အတွက် အာဟာရပိုမိုရရှိစေနိုင်ခြင်း

(၇) မျိုးစေ့ အပင်ပေါက်နှုန်းကောင်းမွန်စေခြင်း၊ ပန်းပွင့်စော၍ သီးနှံရင့်မှည့်မှုစောခြင်း၊ အထွက်တိုးခြင်း

(၈) ရိတ်သိမ်းပြီးသီးနှံများ တာရှည်ခံခြင်း

(၉) သီးနှံပင်များ၏ အစာချက်နှုန်းမြင့်မားလာစေခြင်း

(၁၀) လေထဲမှ နိုက်ထရိုဂျင်ဓာတ်ကို အပင်အတွက်အာဟာရအဖြစ် ရရှိစေခြင်း

(၁၁) သီးနှံတစ်မျိုးတည်းကို တစ်နေရာတည်းဆက်တိုက် ကာလရှည်စွာ စိုက်ပျိုးသော်လည်း ရောဂါကျရောက်မှုနည်းပါးပြီး အထွက်နှုန်းမကျဆင်းစေခြင်း

(၁၂) သီးနှံအရည်အသွေးကောင်းမွန်လာစေခြင်း

(၁၃) ဓာတုပစ္စည်းများအား မှီခိုသုံးစွဲမှု လျော့နည်းလာစေခြင်း

(၁၄) စိုက်ပျိုးစရိတ်သက်သာစေခြင်း

(၁၅) ဘေးဥပါဒ်ကင်းသည့် စားနပ်ရိက္ခာများထုတ်လုပ်နိုင်သောကြောင့် လူသားတို့၏ ကျန်းမာရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေခြင်း

(၁၆) အချိန်ကြာမြင့်လေ အကျိုးရှိလေဖြစ်ခြင်း

(၁၇) အပုပ်နံ့များ ကင်းပျောက်စေခြင်း

(၁၈) ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ ပါမောက္ခ ဒေါက်တာမြင့်လွင် စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။ 

အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် )

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်