ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်စီကို ဘယ်အသီးအရွက်တွေစားရင် ရရှိနိုင်မလဲ

24/12/2020 19:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

အခုလို ကိုဗစ်ကာလမှာ ကျွန်တော်တို့ အားလုံးကိုယ်ခံအားကောင်းနေဖို့ အထူးလိုအပ်ပါတယ်။ ဒါ့ကြောင့်တချို့က ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်စီပါဝင်တဲ့ဆေးပြားတွေကို သောက်လေ့ရှိပါတယ်။ သာမန်လူကောင်းတစ်ယောက်အနေနဲ့  ဗီတာမင်စီပါဝင်တဲ့ဆေးတွေကို နေ့စဉ်ရက်ဆက် လပေါင်းများစွာ သောက်သုံးခြင်းက ငွေကုန်သလို မလိုလားအပ်သောဆိုးကျိုးအဖြစ် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်းနဲ့ဆီးကျောက်တည်တဲ့အထိ ဖြစ်စေနိုင်တယ်လို့ ဆရာဝန်တစ်ယောက်က ရှင်းပြထားပါတယ်။ အမှန်တကယ်ချို့တဲ့နေတဲ့သူတွေကတော့ ဆေးပြားတွေကို သောက်သင့်ပါတယ်။ သာမန်လူကောင်းတွေဖို့ ဆေးပြားတွေသောက်မယ့်အစား ဗီတာမင်စီကြွယ်ဝတဲ့အသီးအရွက်တွေစားပေးခြင်းက ပိုပြီးသင့်တော်စေပါတယ်။ 

ဒါဆို ဘယ်အသီးအရွက်တွေက ဗီတာမင်စီကြွယ်ဝတာလဲ လေ့လာကြည့်ရအောင်....

အသီးအရွက်အမျိုးအစား                                  ရရှိနိုင်မည့် ဗီတာမင်စီပမာဏ

(၁) မာလကာသီး                                              ၂၂၈ မီလီဂရမ်

(၂)ငရုတ်ချို                                                     ၁၄၂ မီလီဂရမ်

(၃) ကီဝီသီး                                                     ၉၃ မီလီဂရမ်

(၄) သံပုရာသီး                                                 ၇၇ မီလီဂရမ်

(၅) ပန်းဂေါ်ဖီစိမ်း                                            ၉၀ မီလီဂရမ်

(၆)နံနံပင်                                                        ၁၅၀ မီလီဂရမ်

(၇) တည်သီး                                                   ၆၆ မီလီဂရမ်

(၈) စတော်ဘယ်ရီသီး                                       ၆၀ မီလီဂရမ်

(၉) လိမ္မော်သီး                                                 ၅၃ မီလီဂရမ်

(၁၀) ပန်း‌‌ဂေါ်ဖီ                                               ၄၆ မီလီဂရမ်

(၁၁) ဂေါ်ဖီထုပ်                                              ၄၄ မီလီဂရမ်

(၁၂) ပင်မှည့်သီး                                               ၃၀ မီလီဂရမ်

(၁၃) အာလူး                                                   ၂၀ မီလီဂရမ်

(၁၄) နာနတ်သီး                                               ၄၇ မီလီဂရမ်

(၁၅) သင်္ဘောသီး                                             ၆၁ မီလီဂရမ်

(၁၆) ကျွဲကောသီး                                            ၆၁ မီလီဂရမ်

(၁၇) ကိုက်လန်ရွက်                                         ၁၂၀ မီလီဂရမ်

(၁၈) ငရုတ်သီးစိမ်း                                          ၂၄၂ မီလီဂရမ်                                                    

ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ နေ့စဉ်လိုအပ်တဲ့ဗီတာမင်စီ ပမာဏက (၃၀-၉၀) မီလီဂရမ်ပဲလိုအပ်ပါတယ်။ အခုဈေးကွက်မှာ အများစုဝယ်သောက်နေတဲ့ ဆေးပြားတွေမှာ ဗီတာမင်စီ (၅၀၀-၁၀၀၀) မီလီဂရမ်အထိပါဝင်ပါတယ်။ မလိုအပ်ပဲဗီတာမင်စီ ပမာဏအများကြီးပါဝင်တဲ့ဆေးပြားတွေကို နေ့စဉ်ရက်ဆက်သောက်မယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်က ပိုလျှံလာတဲ့ ဗီတာမင်စီတွေကို စွန့်ထုတ်နိုင်ခြင်းမရှိပဲ အပေါ်မှာပြောခဲ့တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အသီးအရွက်တွေအများကြီးစားခြင်းကနေ ပိုလျှံလာတဲ့ ဗီတာမင်စီတွေကိုတော့ ကျွန်တော်တို့ ခန္ဓာကိုယ်က ဆီးအဖြင့် စွန့်ထုတ်ပေးပါတယ်။ ဆိုလိုချင်တာက အသီးအရွက်တွေက ရတဲ့ဗီတာမင်စီတွေကတော့ ဆိုးကျိုးကင်းတာပေါ့။ ကျွန်တော်တို့ ခန္ဓာကိုယ်က နေ့စဉ်အမှန်တကယ်လိုအပ်တဲ့ ဗီတာမင်စီ ပမာဏ (၃၀-၉၀)မီလီဂရမ် လောက်ကိုတော့ အပေါ်က အသီးအရွက်တွေစားရုံနဲ့ များစွာလုံလောက်မှုရှိပါတယ်။ ဒါ့ကြောင့် အခုလိုကာလမှာ ကိုယ်ခံအားကောင်းနေဖို့အတွက် ဗီတာမင်စီကြွယ်ဝတဲ့ အသီးအရွက်တွေကို များများစားပေးပါလို့  လေးစားစွာဖြင့် အကြံပြုလိုက်ရပါတယ်ဗျ။

စာကြွင်း။       ။ ဗီတာမင်စီဆေးပြားတွေကို လုံးဝမသောက်သင့်ကြောင်းပြောခြင်းမဟုတ်ပါ။ အမှန်တကယ်လိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဆေးလိပ်သောက်သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အခုရောဂါခံစားနေသူတွေကတော့ ဗီတာမင်စီပိုပြီး လိုအပ်တာမို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်သုံးသင့်ပါတယ်ဗျ။

Reference-https://www.quora.com/What-are-some-sources-of-vitamin-C

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်