ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်

28/10/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“Women Entrepreneurship Program”

စိုက်ပျိုးရေးနှင့် စိုက်ပျိုးစီးပွားကဏ္ဍများတွင် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီးများအတွက် “Women Entrepreneurship Program” တွင် လျှောက်ထားရန် ဖိတ်ခေါ်ခြင်း

မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအတွက် “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်” ကို 𝐀𝐂𝐃𝐈/𝐕𝐎𝐂𝐀 နှင့် FHI 360 တို့မှ ပူးပေါင်းလုပ်ဆောင်နေသည့် Feed the Future Burma Agriculture and Food Systems Development Activity စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း (𝐀𝐅𝐃𝐀), USAID Burma တို့၏ပံ့ပိုးမှုဖြင့်  Myanmar Innovative Life Sciences နှင့်  Myanmar Women Entrepreneurs Network (MYANWEN) တို့ မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

အဆိုပါ “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်” ဟာ အချိန် (၈)လတာ ကြာမြင့်မည်ဖြစ်ပြီး 𝐂𝐎𝐕𝐈𝐃-𝟏𝟗 ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသည့်ကာလနှင့် လက်ရှိဖြစ်ပွားနေလျက်ရှိသော အခြေအနေ များကြောင့် အမျိုးသမီးလုပ်ငန်းရှင်များ ရင်ဆိုင်နေရသော အခက်အခဲများနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဖြေရှင်းပြီး အကူအညီပေးနိုင်ရန်နှင့် အခက်အခဲများကြားတွင် ကြံ့ကြံ့ခံရပ်တည်နိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

ဤအစီအစဉ်မှာ ပါဝင်ခြင်းအားဖြင့် အမျိုးသမီး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏စီးပွားရေးကို ပိုမို အဆင့်မြှင့်တင်နိုင်ခြင်း၊ နည်းပညာနှင့်ပတ်သက်သည့် စိုက်ပျိုးစီးပွားကဏ္ဍနှင့် စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်း ဆိုင်ရာကဏ္ဍများအတွက် အသိပညာများ ရရှိနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်စွမ်းကို မြှင့်တင် နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ တိုးတက်အောင် ချဲ့ထွင်စီမံခန့်ခွဲနိုင်ခြင်း စသည်တို့ကို  မိမိ၏ စီးပွားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးများလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရဲ့ စွမ်းရည်များကို မြှင့်တင်နိုင်ပြီးပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ရန်  https://tinyurl.com/WEPApplication မှ တစ်ဆင့် (၁၀.၁၁.၂၀၂၂) ရက်နေ့မတိုင်ခင်လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ထို့အပြင် အစီအစဉ် အသေးစိတ်ကို သိရှိလိုပါက အောက်ဖော်ပြပါ 𝐋𝐢𝐧𝐤 မှ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://tinyurl.com/WEP-Info-Burmese

https://tinyurl.com/WEP-Info-English

ဤအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://www.milsciences.com/wep တွင်ဖြစ်စေ၊ ဖုန်း - 09 750054341 (သို့မဟုတ်) အီးမေးလ် [email protected]  သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး ဤအစီအစဉ်နှင့် စပ်လျဥ်းသော စားသောက်ကုန်များကိုဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်သော အသိပညာ၊ နည်းပညာ အကူအညီများ၊ ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် 𝐠𝐫𝐚𝐧𝐭 အစရှိသည့် ငွေကြေးအထောက်အပံ့များ ရယူနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးမည့် အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက ဖုန်း -  09 965 405 501/ 09 447 043 463 (သို့မဟုတ်) အီးမေးလ် [email protected]  သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Credit to - Myanmar Innovative Life Science

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်