အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,399
လွန်ခဲ့သော ၄ နှစ် က · ဇလွန်

IEMနဲ့Emနဲ့ကအတူတူပဲလားခင်ဗျ

အပင်အာဟာရ ကွမ်း

ဖြေကြားချက် ၄ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အိုင်အီးအမ် ပြုလုပ်နည်း - ငှက်ပျောသီး အပိုင်းအစများ (၁ ပိဿာ) - သင်္ဘောသီး အပိုင်းအစများ (၁ ပိဿာ) - ရွှေဖရုံသီး အပိုင်းအစများ (၁ ပိဿာ) - ထန်းလျက် (၂ ပိဿာ) ကို ရေနှင့်ကျိုချက်ပြီး ရလာသည့်ဖျော်ရည်ကို အေးသောအခန်းတွင် ထားရမည်။ - ကွကျဥအစိမျး ငါးလုံး ပြုုလုပ်နည်း အဆင့်ဆင့် - ခုတ်ပြီးသား သစ်သီးအပိုင်းစများနှင့် ကြက်ဥများကို ဇလုံထဲတွင်ထည့်ပြီး လက်ဖြင့်နှံ့အောင်နယ်ပါ။ - အဆိုပါ အရောအနှောများကို မြေကြီးနှင့် လုပ်ထားသည့် စဉ့်အိုး (ရေ ပိဿာ ၅၀ ခန့်ဆံ့သည့်) ထဲတွင် ထည့်ပါ။ - ထို့နောက် ထန်းလျက်ရည်ကို လောင်းထည့်ပြီး မွှေပါ။ - စဉ့်အိုးထုထည်၏ သုံးပုံနှစ်ပုံ ရေထပ်ထည့်ပါ။ (၃၀ လီတာ) - ထို့နောက် စဉ့်အိုးကို ပလတ်စတစ်အိတ်မဲဖြင့် အေး၍ခြောက်သွေ့ပြီး အရိပ်ရသည့်နေရာတွင် ၄၅ ရက် ထားပေးပါ။ - နှစ်ရက်၊ သုံးရက်ခြားတစ်ခါ စဉ့်အိုးကို နှစ်ပတ်အတွင်း လှုပ်ပေးပါ။ နှစ်ပတ်ပြည့်သွားလျှင် မျက်နှာပြင်တွင် အဖြူရောင် မှိုမျှင်များ တက်လာပါလိမ့်မည်။ အကယ်၍ မှိုမျှင်များ တက်မလာပါက အချိုရည် (သကြား ၂၅ ကျပ်သားဖျော်ရည်) ထပ်ရောပြီး သန့်ရှင်းသော တုတ်ချောင်းနှင့် ၁၀ ရက် တစ်ကြိမ် မွှေပေးပါ။) - တစ်လခွဲ (၄၅ ရက်) ကြာပြီးနောက် ချွဲပျစ်သော အိုင်အီးအမ်ဖျော်ရည်များကို ရရှိလာမှာဖြစ်ပြီး အသုံးပြုရန်အတွက် အဆင်သင့် ဖြစ်နေပါပြီ။ IEMက ပင်မအီးအမ်ပါခင်ဗျာ။ OEM.EM1လို့လည်းခေါ်ပါတယ်ခင်ဗျာ။ သူကနေ ပွားယူရတာပါခင်ဗျာ။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

EM နဲ့ IEM အတူတူပါပဲ IEM ကအသင့်သုံးပါ အထားမခံပါ - IMO ဆိုတာလဲရှိပါသေးတယ် သူကတော့အထားခံပါတယ်

1,399 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဗျ

260,000 လွန်ခဲ့သော ၄ နှစ် က

(EM) ဆိုတာ (Effective Microorganisms) အကျိုးပြုအဏုဇီဝပိုးမွှားလို့ အဓိပ္ပယ်ရပါတယ်။ အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ အထက်ပါလင့်လေးထဲဝင်ပြီး (EM) အဆင့်ဆင့်ပွားနည်းကို လေ့လာနိုင်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။