ဖြေကြားချက် ၁ ခု
ပင်ခြေပုပ် ရောဂါဖြစ်မယ်ထင်ပါတယ်။ မြေတွင်း အစိုဓာတ်များခြင်း၊ မဆွေးမြေ့သေးသော ပင်ကြွင်းကျန်များ ရှိနေခြင်း၊ မြေချဉ်ငံဓာတ်နိမ့်ခြင်း၊ အပူချိန် (၂၈-၃၀) ဒီဂရီ စင်တီဂရိတ် ရှိခြင်းတို့သည် ရောဂါ ဖြစ်ပွားရန် အကောင်းဆုံး အခြေအနေ ဖြစ်ပါသည်။ အပူချိန် မြင့်သော ဒေသတွင် ရေသွင်း စိုက်ပျိုးရသော ကုလားပဲခင်း၌ အပင်အရွယ် မရွေး ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။ စပါးအပြီး ကုလားပဲ သီးထပ် စိုက်ပျိုးသောဒေသတွင် ရောဂါ ပိုမို တွေ့ရှိနိုင်ပါသည်။ ကာကွယ်နှိမ်နင်းနည်းများ ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များအား မီးရှို့ ဖျက်ဆီးပစ်ပါ။ မြေအစိုဓာတ်များမှု မဖြစ်စေရန် ထိန်းသိမ်းပါ။ (Azoxystrobin) အဇိုဇစ် စထရိုဘင်၊ (Tebuconazole) တက်ဗျူကိုနာဇိုး၊ (Benomyl) ဘီနိုမိုင်း၊ (Carbendazim) ကာဗင်ဒါဇင်၊ (Validamycin) ဗလစ်ဒါမိုက်စင် စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်ပါသည်။ အသေးစိတ်ဖတ်ချင်ရင် စိုက်ပျိုးနည်းထဲက ပိုးမွှားရောဂါကို နှိပ်ပြီး အပေါ်ညာထောင့်က သုံးခြစ်ကို နှိပ်ပြီး ကုလားပဲကို ရွေးထုတ်ပြီး ကြည့်နိုင်ပါတယ်။ ဒီလင့် https://greenwaymyanmar.com/posts/collar%20rot ကို နှိပ်ပြီးလည်း ဖတ်နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲအထွက်တိုးဘို့ဘာတွေလုပ်ဆောင်သင့်ပါသလဲ ရေသွင်းလို့မရပါဆရာဖြေကြားပေးပါဆရာ
ဖြေကြားချက် 5 ခု
ပဲကြီးစိုက်နည်းအပြည့်အစုံသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကုလားပဲ စိုက်မြေကို ဘယ်လိုပြုပြင်ရမလဲ။ သီးတုန်းပွင့်တုန်းသေကုန်တာဗျာ။နှစ်တိုင်းလည်းမစိုက်ဘူး။အခြားသီးနှံတလှည့်...
ဖြေကြားချက် 9 ခု
ပဲတီစိမ်း. ကုလားပဲ. သီးနှံများကို ယခင်ကပင် စိုက်ပျိုးလာပါသော်လည်း ဒီလိုပဲပြနေတယ်
ဖြေကြားချက် 4 ခု
စိုက်ပျိုးနည်းစနှစ်နှင့်မြေအမျိုးအစား
ဖြေကြားချက် 3 ခု