အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,744
လွန်ခဲ့သော ၈ နှစ် က · မကွေး

MJMEဆိုတာဘယ်လိုယူနစ်ပါလဲ... အသေးစိတ်ရှင်းပြပေးပါ

ခြံစီမံခန့်ခွဲမှု နွား

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

နို့ ၁ပိဿာအတွက် 9.3 MJME ပါ။ 8.3 လို့ရေးမိသွားလို့ပါ။ ဒါကြောင့်စုစုပေါင်း 40+ 46.5+ 13 = 99.5 MJME လိုအပ်ပါတယ်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

နွားက တကယ်လိုအပ်တဲ့ပမာဏကို ဘယ်လိုအစာတွေကျွေးမလဲ ဆုံးဖြတ်ရာမှာလည်း အဲ့အစာတွေမှာပါတဲ့ နွားစားလိုက်ရင် အမှန်တကယ်အသုံးချနိုင်မယ့် စွမ်းအင်ဓာတ်ဘယ်လောက်ပါလဲ သိထားဖို့လိုပါတယ်။ ဥပမာ နွားလိုအပ်တာက ၂ ။ ကိုယ်ကျွေးတာက ၁ ဆိုရင် ပုံပါသူ့ရဲ့လုပ်ငန်းဆောင်တာတွေကို အပြည့်အဝလုပ်နိုင်မှာမဟုတ်ပါဘူး။ သူလိုအပ်တဲ့ ၂ မပြည့်ရင် ၂ ပြည့်အောင် ခန္ဓာကိုယ်ဆီကနေ ရသလောက်ယူပြီးသုံးပါလိမ့်မယ်။ ဒါကြောင့် နွားက ပိန်လာမယ်။ နို့ထွက်လည်းမကောင်း။ သားလည်းမအောင်လွယ်တာတွေကြုံရတတ်ပါတယ်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ို့ နွားမှာဆိုရင် အစာစားလို့ရလာတဲ့ စွမ်းအင်ကို ပုံပါအချက်တွေအတွက်အသုံးချရပါတယ်။ ဘယ်အချက်အတွက်ဆို စွမ်းအင်ဘယ်လောက်လိုအပ်တယ်ဆိုတာရှိပါတယ်။ ဒါကိုပဲ MJME နဲ့ဖော်ပြတာပါ။ #ဥပမာ- ခန္ဓာကိုယ် အလေးချိန် 300 kg (၁၈၃ ပိဿာ) ရှိတဲ့နွားဟာ တစ်နေ့တာအတွက်# # ခန္တာကိုယ်အသက်ရှင်လုပ်ရှားရန် -အမှန်တကယ်ရရှိမည့် စွမ်းအင် 40 MJME # နွားနို့ ၅ ပိဿာ ထုတ်ပေးနေရင် - ၁ပိဿာထုတ်တိုင်း- 8.3 MJME, ၅ ပိဿာဆိုတော့ 8.3×5= 41.5 MJME # အဲ့နွားမက ကလေးမွေးဖို့ ၁၂ ပတ် (၃လ) လိုသေးချိန်ဆို - 13 MJME လိုအပ်ပါတယ်။ ဒီလိုအခြေအနေရှိတဲ့နွားမအတွက် စုစုပေါင်းစွမ်းအင်လိုအပ်ချက်က- 40+ 41.5+ 13 = 94.5 MJME လိုအပ်ပါတယ်။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

MJME ဆိုတာ ယူနစ်အသုံးအနှုန်းတစ်ခုပါ။ # အစာတစ်ခုတွင် ပါဝင်သောစွမ်းအင်ကို Megajoules (MJ) ဖြင့်ဖော်ပြပါတယ်။ # တိရစ္ဆာန်သည် အစာမှာပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် ခန္တာကိုယ်မှ အမှန်တကယ်ရရှိသွားတဲ့ စွမ်းအင်ပမာဏ Metabolisable Energy (ME) ကိုတိုင်းတာဖို့လိုအပ်ပါတယ်။ # ဒါကြောင့် ခန္တာကိုယ်အတွက်အမှန်တကယ်ရရှိအသုံးချနိုင်မယ့်စွမ်းအင်ပမာဏကိုတိုင်းတာပြီး ယူနစ်အဖြစ် MJME လို့သတ်မှတ်ပါတယ်။ #ဥပမာ - အစာတစ်ခုစားလိုက်တယ်။ အဲ့အစာကို ခန္တာကိုယ်ဇီဝကမ္မဖြစ်စဉ်အရ အစာချေဖျက်လိုက်တဲ့အခါ သုံးနိုင်တာကိုသုံး ပြောင်းလဲယူနိုင်တာတွေယူပြီးရင် မရနိုင်တဲ့ အသုံးမချနိုင်တဲ့အပိုင်းတွေကို စွန့်ထုတ်လိုက်ပါတယ်။ ဒါကြောင့် ဘယ်အစာကတော့ဖြင့် ကျွေးလိုက်ရင် ခန္တာကိုယ်က အမှန်တကယ်အသုံးပြုနိုင်တဲ့ စွမ်းအင် ဘယ်လောက်ပါလဲသိဖို့လိုအပ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။