ဖြေကြားချက် ၈ ခု
ok
ကျေးဇူးတင်ပါတယ်ခမျ
ဟုတ်ကဲ့
အစာရော ရေရောအမြဲရနေရင် နွားက သူ့အတိုင်းအတာနဲ့သူ စားလိုက် စားမြုံပြန်လိုက် စားလိုက် စားမြုံ့ပြန်လိုက်နဲ့ အစာအိမ်ကလည်း ကောင်းစွာအလုပ်လုပ်နေမှာပါ။
နွားတွေဟာ တစ်နေ့ကို အစာလုံးကိုပြန်ဝါးပြီးစားမြုံပြန်ချိန်ဟာ ၈ နာရီခန့်ရှိပါတယ်။ နွားတွေက အမျှင်ဓာတ်ပါတဲ့ မြက် ကောက်ရိုး ပြောင်း တို့ကို စားမြုံ့ထပ်ခါထပ်ခါပြန်ပြီးချေဖျက်ပြီး အစာမှာပါတဲ့အာဟာရကိုရယူတာပါ။ ဒါကြောင့် ကျွေးတဲ့အစာ အာဟာရနည်းတဲ့ အမျှင်များလွန်း ရင့်လွန်း အစာကြမ်းတွေဖြစ်နေမယ်ဆို ချေဖျက်ရချိန်ကြာပြီး အစာအိမ်ထဲအကြာကြီးနေရာယူထားမယ်။ ရလာတဲ့အာဟာရလည်းနည်းမယ်။ ဒါကြောင့် ချေဖျက်ရလွယ်ပြီး အာဟာရပြည့်ဝတဲ့ အစာကြမ်း (သင့်တင့်တဲ့အရွယ်မှာ ရိတ်ထားတဲ့အာဟာရလည်းကြွယ်ဝတဲ့ မြက်, ပြောင်း စသည်) တို့ကို ကျွေးမယ်ဆို အစာပမာဏလည်းပိုစားနိုင်လာပါမယ်။ နွားတွေဟာ တနေ့ကိြ ရေ ၇၀- ၁၀၀လီတာခန့် သောက်နိုင်တာမို့ ရေအမြဲရနိုင်အောင်ထားပေးရပါမယ်။ ရေပိုသောက်ရတဲ့နွားက ပိုစားနိုင်ပါတယ်။
နွားတွေဟာ သူတို့ရဲ့သဘာဝအရကို ပြန်လည်တိုက်ခိုက်တတ်တဲ့အကောင်မျိုးမဟုတ်ဘဲ အန္တရာယ်ကနေပြေးရှောင်တတ်တဲ့သဘောရှိပါတယ်။ ဒါကြောင့် လွတ်ကျောင်းတဲ့အခါ သူတို့စားနိုင်သလောက် စားနေကြပါတယ်။ စားကျက်ကနေ ပြေးစရာအကြောင်းမလာခင် စားနိုင်သလောက်စားနေတဲ့သဘောပေါ့။ စားပြီးလို့ ဗိုက်ထဲအစာတွေသယ်လာပြီး အေးဆေးဖြစ်ပြီဆို အနားယူပြီး စားမြုံပြန်နေပါတယ်။ ဒါက သူတို့သဘာဝကိုပြောပြတာပါ။
စားမြုံပြန်ဝါးပြီးသားအစာကို ပြန်မျိုးချပြီး အစာအိမ်ထဲမှာ အဆင့်ဆင့်ပြန်လည်ချေဖျက်ပါတယ်။ စားမြုံပြန်သတ္တဝါတွေ (နွား, ကျွဲ, သိုး, ဆိတ်) စားတဲ့ အစာတွေဟာ သဘာဝအရကို တခြားတိရစ္ဆာန်စားတဲ့ အစာတွေထက် ချေဖျက်ရခက်ပြီး သူတို့ရဲ့အစာမှာပါတဲ့ အာဟာရတွေကိုရနိုင်ဖို့ပိုအားထုတ်ရပါတယ်။ ဒါကြောင့် စားမြုံပြန်ကြရပါတယ်။
နွားတွေဟာ အစာကိုကိုက်ပြီး အစာစိုစွတ်မှုရအောင်လောက်သာဝါးပြီး မြိုချပါတယ်။ မြိုချပြီးနောက် အစာအိမ်ထဲတွင် အစာချေဖျက်သည့် အက်စစ်ဓာတ်အရည်များနဲ့ အစာကိုအနည်းငယ် နူးသွားအောင်လုပ်ပါတယ်။ နူးညံ့သွားတဲ့အစာလုံးကို ပြန်ထုတ်ပြီး စားမြုံပြန်ဝါးပါတယ်။ ပြန်ဝါးတဲ့အတွက် အစာက မူလကထက် သေးတဲ့အစိတ်အပိုင်းတွေဖြစ်စေပြီး ပိုမိုချေဖျက်ရလွယ်စေပါတယ်။ ဒါ့ပြင် တံတွေးမှာလည်း အစာချေဖျက်မှုကို အားပေးတဲ့အရာတွေပါပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အခုဒီ...9လသားမြန်မာရိုးရိုးနွားဟာ...ကြီးထွားမှုအမြင့်ကြီးမဟုတ်တောင်...အလယ်အလတ်ထဲမှာပါဝင်ပါသလား..သိ့ု...ကြီး...
ဖြေကြားချက် 1 ခု
ကျွန်တော်နွားတွေကိုမနက်၆နာရီကနေ...၈နာရီခွဲထိတစ်ကြိမ်မြက်စဉ်းကျွေးပါတယ်...နေ့လည်၃နာရီကနေ...၆နာရီထိကျွေးပါတယ်......
ဖြေကြားချက် 4 ခု
ဒီနွားလေးကအခု၁၂လသားပါ...မြန်မာမျိုးပါ...အဟာရအပြည့်မွေးကတည်းကကျွေးပါတယ်...သူ့ကိုလ၂၀မှာစပြီးသားစပ်နွားသိုးလုပ်ပါ...
ဖြေကြားချက် 6 ခု
MDEP and Daw Khaing Thida Aung ဒီမေးမြန်းချက်လေးတွေကိုအသေးစိတ်ဖြေကြားပေးပါခင်ဗျား...လိုအပ်တာများကိုလည်းထောက်ပြ...
ဖြေကြားချက် 12 ခု
To MDEP AND GREEN WAY နွားမတန်းမ...ကိုယ်အလေးချိန်280ခန့်ပါ...အခုပထမဆုံးကိုယ်ဝန်က...မွေးရန်12ပတ်လိုပါသေးတယ်......
ဖြေကြားချက် 16 ခု