အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
လွန်ခဲ့သော ၇ နှစ် က

ဖေါ်ပြပါနွားမသည်ကလေး မွေးပြီ ၄ရက် ရသောအခါ ဘာရောဂါမှဖြစ်မနေဘဲ နို့ညှစ်ရင်း နို့လုံးပြတ်ထွက်သွားပါသည် ကျန်နို့လုံးများမှာလည်းအသားများရိနေပါသည် ထိုနေ့ညနေခင်မှာပင်လဲသေသွားပါသည်၎င်းနွားမနှင့်ပတ်သက်၍မည်သည့်ရောဂါဖြစ်နိုင်ကြောင်း ကူးစက်ရောဂါဖြစ်နိုင်ပါသလား မည်သို့ကာကွယ်ရမည်ကို အကြံပေးပါရန် ကိုမောင်မောင်တာ Moonlight Dairy Farm ရွှေဘိုမြို့

ကျန်းမာရေး နွား
Post image
Post image
19

ဖြေကြားချက် ၁၉ ခု

မင်းထွန်း
မင်းထွန်း 2,729 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါ

ဦးဇော်နိုင်မြင့်
ဦးဇော်နိုင်မြင့် 2,959 လွန်ခဲ့သော ၇ နှစ် က
အမည်မသိ
အမည်မသိ လွန်ခဲ့သော ၇ နှစ် က
အမည်မသိ
အမည်မသိ 232 လွန်ခဲ့သော ၇ နှစ် က

ဟုတကဲ့ ကျေးဇူးတင်ပါတယ်

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

အခု ထိုနွားသည် ပြင်းထန်သည့်ပိုးဝင်ရောက်ကာ နောက်ဆုံး သွေးဆိပ်သင့်သေးဆုံးခြင်းဖြစ်သည်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

နို့အုံရောင်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ နို့ထွက်သည့် နို့တိုင်ပြွန်ချောင်းလေးသည် နို့ညှစ်ပြီး နာရီဝက်ခန့် အကြာမှပြန်ပိတ်ပါသည်။ ထိုသို့ နို့တိုင်မပိတ်ခင် နို့တိုင်သည် အခင်းရှိအညစ်အကြေးများ ပတ်ဝန်းကျင်မသန့်ရှင်းမှုနှင့် ထိတွေ့သည့်အခါ ပိုးဝင်ရောက်နိုင်သည်။ ထို့ကြောင့် နို့ညှစ်ပြီးတိုင်း နို့တိုင်များကို အိုင်အိုဒင်းဆေးရည်ဖြင့် စွတ်ပေးရမည်။ အိုင်အိုဒင်းဆေးရည်သည် နို့တိုင်ကိုပိတ်ပေးထားပြီး ပိုးသတ်ပေးသည်။ နို့ညှစ်ပစ္စည်းအသုံးအဆောင် အားလုံးသန့်ရှင်းရမည်။ ဒါ့ပြင် နို့နားကာလမပေးခင် နောက်ဆုံးနို့ညှစ်ပြီးနောက် Dry Cow Therapy (DCT) နို့နားနွားမများအတွက်သုံးသည့် နို့တိုင်အတွင်းထိုးထည့်သည့် ဆေးပိုက်ချောင်းကို နို့တိုင်အားလုံးကိုထည့်ပေးရမည်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

ကိုမောင်မောင်တာ မွေးပြီး ၄ ရက်တွင် ဘာရောဂါမှမဖြစ်ဆိုသည့်အတွက် - ထိုနွားမကို တသားနှင့်တသားကြား (၁) နို့နားကာလ ၂ လအပြည့်ပေးပါသလား။ နို့နားကာလ ၂လ မပေးပဲ နို့ဆက်လက် ညှစ်ယူခံရသည့် နွားမများတွင် ရောဂါဖြစ်နိုင်ချေရှိသည်။ (၂) နို့နားကာလ ၂ လအပြည့်ပေးသည်ဆိုလျှင် နို့နားမပေးခင် နောက်ဆုံးညှစ်ယူရာတွင် နို့အုံအတွင်း နို့ကျန်ခြင်း ရှိလျှင် ဖြစ်နိုင်ပါသည်။ ထိုနွားမသည် နို့နားချိန်ကာလတွင် ရောဂါပိုးစတင် ဝင်ရောက်ကာ တဖြည်းဖြည်း နို့အုံပျက်ဆီးလာတာဖြစ်နိုင်ပါတယ်။ ပြီးတော့ ဝင်သည့်ပိုးသည် ပိုမိုပြင်းသည့် E.coli အမျိုးအစားဖြစ်နိုင်ပါသည်။ ရောဂါပိုးအမျိုးအစားအတိအကျသိချင်လျှင် ဓါတ်ခွဲခန်းတွင်စစ်ဆေးနိုင်ပါသည်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

ထိုသို့ နို့အုံနှင့် နို့အုံတဝိုက်တွင် ထိခိုက်မှုကြောင့် အနာဖြစ်ခြင်းမျိုးမရှိလျှင် (၂) နို့အုံရောင်ရောဂါ (Mastitis) ကြောင့်ဖြစ်နိုင်ပါသည်။ # နို့အုံရောင်ရောင်ရောဂါသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပါတယ်။ ရောဂါပိုးသည် နို့အုံးအတွင်း နို့လမ်းကြောင်းမှတဆင့် ဝင်ရောက်ကာ ပိုးများပွားများလာပြီး နို့အုံရောင်ခြင်းဖြစ်စေပါသည်။ # နို့အုံရောင်ရောဂါဖြစ်စေသည့်ပိုးများသည် (၁) နို့အုံရောင်ရောဂါပိုးရှိသော နွားနို့မှတဆင့် တကောင်နှင့်တကောင် ကူးဆက်ခြင်း (၂) နွားခြံရှိ အခင်း မြေကြီး နွားချေး အညစ်အကြေးများမှတဆင့်ကူးဆက်ခြင်း ဟူ၍ လမ်းကြောင်း ၂မျိုးရှိသည်။ ကူးဆက်ရောဂါပိုးများတွင် Staphylococcus aureus နှင့် Streptococcus agalactiae ပိုးများသည် နို့ညှစ်ချိန်တွင် ကူးစက်နိုင်သည်။ Streptococcus uberis နှင့် Coliform ,E.coli ပိုးများသည် နို့ခမ်းချိန်နှင့် မွေးဖွားချိန်တို့တွင် ကူးစက်နိုင်ပါသည်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

ဖြစ်နိုင်သည့် ရောဂါ ၂ မျိုး ပြောချင်ပါသည်။ (၁) နွား၏ နို့အုံများကြားရှိ အပေါ်ယံ အရေပြားများ (သို့) နို့တိုင်အနားရှိ အရေပြားများသည် ပွတ်တိုက်မှုကြောင့် ထိခိုက်မှုကြောင့် ပွန်းပဲ့အနာများ ဖြစ်လာသည်။ အနာကို သတိမထားမိပါက ပိုးဝင်ရောက်ကာ ပြင်းထန်လာပြီး နောက်ဆုံး သွေးဆိပ်သင့်ကာ သေဆုံးနိုင်သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။